slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, October 27, 2016

သင်ဟာတစ်နေ့အောင်မြင်မယ့်သူဆိုတာရှေ့ပြေးပြသနေတဲ့ လက္ခဏာများ

ဘ၀မှာကိုယ်ဟာကြိုးစားနေသူတစ်ယောက်ဖြစ်ပေမယ့်ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေအရာမထင်ဘူးလို့ခံစားရတဲ့အချိန်တွေရှိမှာပါ။တခါတလေ အောင်မြင်မှုဆိုတာချက်ချင်းရောက်လာတာမဟုတ်ဘဲ ရှေ့ပြေးနိမိတ်တွေကနေတဆင့်ချင်းရောက်လာတာမျိုးပါ။ဒါကြောင့်သင့်အနေနဲ့လက်ရှိမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့်တစ်နေ့မှာသေချာပေါက်အောင်မြင်မယ်ဆိုတာ ပြသနေတဲ့ ရှေ့ပြေးလက္ခဏာတွေကိုသိမယ်ဆိုရင်ကြိုးစားအားထုတ်မှုတွေကိုအရှိန်မြှင့်တင်နိုင်မှာပါ။အဲဒီလိုလို ရှေ့ပြေးလက္ခဏာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
သင့်စိတ်ကိုဖွင့်ထားတယ်
အောင်မြင်တိုးတက်ချင်တဲ့သူတွေဟာအမြဲတမ်းမျက်စိဖွင့်နားဖွင့်ပြုလုပ်ပြီးတိုးတက်ရေးနည်းလမ်းတွေကိုစူးစမ်းရှာဖွေနေလေ့ရှိပါတယ်။ကိုယ့်ဘ၀အတွက်အသုံးတည့်မယ့်အတတ်ပညာတွေကိုသင်ယူလိုစိတ်၊သိလိုစိတ်နဲ့အမြဲတမ်းတက်ကြွနေတတ်ပါတယ်။ဒီလိုလူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ တစ်နေ့ပိုင်ဆိုင်ရမယ်ဆိုတာ သေချာနေတဲ့အရာပါ။
ရည်မှန်းချက်ထားပြီးလုပ်လေ့ရှိတယ်
အောင်မြင်လိုတဲ့သူတွေမှာရည်မှန်းချက်ဆိုတာရှိကြပါတယ်။နောက်ငါးနှစ်မှာဘယ်လိုအနေအထားနဲ့ရပ်တည်နေနိုင်ရမယ်။ပညာရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် လူမှုပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လောက်ထိအရေးပါတဲ့သူ စသဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည်အတွက်သေချာတဲ့လမ်းကြောင်းတစ်ခုချပြီးရည်မှန်းချက်ထားအလုပ်လုပ်တတ်ကြပါတယ်။သင့်အနေနဲ့ နေ့စဉ်တာဝန်လေးတွေကနေတစ်ဆင့် ရေရှည်ရည်မှန်းချက်အစီအစဉ်တွေပါထားပြီးကြိုးစားနေသူတစ်ယောက်ဆိုရင် အောင်မြင်သူတွေထဲကတစ်ယောက်ဖြစ်လာမှာပါ။

ကြိုးစားလိုစိတ်ပြင်းထန်တယ်
အောင်မြင်တဲ့သူတွေဟာသူတို့လိုချင်တဲ့ပန်းတိုင်အနာဂတ်ကိုရောက်ဖို့သူတို့ဘ၀ကိုသူတို့လက်နဲ့တည်ဆောက်ကြပါတယ်။ဒါကြောင့် အောင်မြင်လိုစိတ်က ပြင်းထန်နေပြီး တော်ရုံအခက်အခဲလောက်ကိုမမှုတတ်ကြပါဘူး။ဘယ်တော့မှ ကျေနပ်တယ်ဆိုတာမရှိဘဲကောင်းသည်ထက်ကောင်းအောင်ကြိုးစားတတ်ကြပါတယ်။အဲဒီလိုလူတွေထဲမှာသင်ပါဝင်နေပြီဆိုရင်တော့ အောင်မြင်မှုပန်းတိုင်ကိုရောက်ဖို့မဝေးတော့ပါဘူး။
ရှေ့ကိုပဲဦးတည်နေတယ်
သင့်ရဲ့မျက်လုံးထဲမှာရလာမယ့်အကျိုးရလဒ်တွေကို မြင်နေတဲ့အတွက် တော်တန်ရုံအမှားလုပ်မိတာလောက်ကို ကြောက်မနေတတ်ဘူး။အပြောင်းအလဲတွေကိုသဘောကျသလိုသင့်ကိုယ်သင်လည်း ခေါင်းဆောင်တစ်ယောက်လိုခံယူထားတဲ့အတွက် ဘယ်ကိစ္စမဆို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြုလုပ်လေ့ရှိတယ်။အမှားတွေကို ပြန်စဉ်းစားပြီး စိတ်ဓာတ်ကျမနေဘဲ အမြဲတမ်းရှေ့ကိုပဲဦးတည်နေတဲ့အတွက်  အောင်မြင်မှုဆိုတာလည်း သင်ပိုင်ဆိုင်ရမယ့်အရာတွေထဲကတစ်ခုပါပဲ။
Credit - ChoChoThan(Shwemom)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...