ကမ္ဘာပေါ်က လစာအကောင်းဆုံး အလုပ်အကိုင်များ စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့
LinkedIn လူမှုကွန်ယက်ကနေ ထုတ်ပြန်ခဲ့ရာ ဆော့ဖ်ဝဲအင်ဂျင်နီယာ အပါအ၀င်
နည်းပညာအလုပ်အကိုင်များ မှာ အောက်ဆုံးနေရာများမှာ သာ ပါဝင်လာခဲ့တယ် လို့
သိရပါတယ်။
ထိပ်တန်း အလုပ်အကိုင် စာရင်း ရဲ့ ပထမနေရာမှာ Cardiologist နုလုံးအထူးကု
ဆရာဝန် တွေရဲ့ လစာ က အမြင့်မားဆုံး ဖြစ်ပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၃
သိန်း ၅ သောင်း ၆ ထောင် နှုန်းထား ရရှိကြပြီး တစ်လလျှင် ဒေါ်လာ ၃ သိန်း၊
၅သောင်း ၅ထောင် နှုန်း ရရှိကြတဲ့ Radiologist တွေကတော့ ဒုတိယ နေရာမှာ
တည်ရှိနေပါတယ်။
အဲဒီစာရင်း အရ ကွန်ပျူတာ၊ အိုင်တီ ပိုင်းဆိုင်ရာ နည်းပညာ ရှင်တွေ က
ထိပ်ဆုံးတန်း အလွှာမှာ ရှိမနေဘဲ အဆင့် ၁၁ မှာ မှ စတင် တည်ရှိပြီး
နည်းပညာပိုင်းပညာရှင်တွေ ရဲ့ အမြင့်ဆုံး ဟာ ဆော့ဖ်ဝဲအင်ဂျင်နီယာ ဖြစ်ပြီး
သူရဲ့ တစ်လစာ နှုန်းထား ဟာ ဒေါ်လာ ၁ သိန်း ၆ သောင်း ၈ ထောင် နှုန်းထားက နေ
စတင်ပါတယ်။ အဲဒီနောက်မှာ အင်ဂျင်နီယာ ဒါရိုက်တာ ဟာ ၁ သိန်း ၆ သောင်း ၎
ထောင် နှုန်း တည်ရှိနေတယ် လို့ သိရပါတယ်။ linkedin ဟာ ဒီစာရင်း ကို အမေရိကန်
စီးပွားရေး လောက ထဲမှာ ရှိတဲ့ ကုမ္ပဏီတွေနဲ့ စက်ရုံတွေ ရဲ့ ထုတ်ပြန်ချက်ကို
စိစစ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်တယ် လို့ သတင်းရရှိပါတယ်။
အလုပ်အကိုင်နေရာတွေ အတွက် လစာနှုန်းထားတွေကို LinkedIn ရဲ့ စာရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
1. Cardiologist – $356,000
2. Radiologist – $355,000
3. Anesthesiologist – $350,000
4. Surgeon – $338,000
5. Medical Director – $230,000
6. Pathologist – $225,000
7. Physician (general) – $220,000
8. Hospitalist – $220,000
9. Psychiatrist – $218,000
10. Senior Corporate Counsel – $175,000
11. Staff Software Engineer – $168,000
12. Dentist – $165,000
13. Director of Engineering – $164,000
14. Tax Director – $161,000
15. Director Product Management – $160,000
16. Patent Attorney – $160,000
17. Anesthetist – $156,000
18. Senior Software Engineering Manager – $155,000
19. Global Marketing Director – $155,000
20. Podiatrist – $150,000
Ref : LinkedIn
Credit - DigitalTimes
slider text
bannner animate
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Thursday, January 12, 2017
Monday, December 5, 2016
Wednesday, November 16, 2016
Patek Philippe လက်ပတ်နာရီတစ်လုံး ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၁၁ သန်းကျော်ဖြင့် လေလံအောင်
အလွန်ရှားပါးပြီး တန်ဖိုးရှိသည့် လက်ပတ်နာရီ တစ်လုံးကို ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၁၁ သန်းကျော်ဖြင့် လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
Patek Philippeက ထုတ်လုပ်သည့် Reference 1518 နာရီကို ပြီးခဲ့သည့် သီတင်းပတ်ကုန် လေလံပွဲ တစ်ခုတွင် ကမ္ဘာ့စံချိန်တင် ဈေးဖြင့် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသည့် Phillips in Association with Bacs & Russo တန်ဖိုးကြီး နာရီများ လေလံပွဲတွင် လက်ပတ်နာရီ တစ်လုံးအတွက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးဈေးအဖြစ် Reference 1518က ဒေါ်လာ ၁၁ သန်းကျော် ရရှိသွားခြင်း ဖြစ်သည်။
“ဒီနာရီကို ဆွစ်ဖရန့်ငွေ ၇ သန်း ရောက်လာတဲ့ထိ လူ ၈ ယောက်က အပြိုင်အဆိုင် လေလံဆွဲကြတယ်။ နောက်ပိုင်းမှာတော့ နှစ်ယောက်တည်း အပြိုင်ကြဲပြီး ဈေးကလည်း ဆွစ်ဖရန့် ၁၁ သန်းကျော်ထိ မြောက်သွားတာပါ”ဟု Phillips လေလံဌာန၏ လက်ပတ်နာရီများဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဆမ်ဟိုင်နက်စ်က ပြောကြားခဲ့သည်။ ဆွစ်ဖရန့်ငွေသည် ယေဘုယျအားဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်။
ယခုနာရီ ဈေးကောင်းရခြင်းနှင့် ပတ်သက်၍ “လူတိုင်းမက်မှာပဲ။ ဈေးကွက်ထဲမှာ လုံးဝ အာရုံစိုက်စရာ အသစ်ဖြစ်နေတယ်။ သိထားသမျှ ဒီနာရီမျိုး ကမ္ဘာပေါ်မှာ လေးလုံးပဲ ရှိတယ်။ ပြီးတော့ လက်ရှိ အနေအထားကလည်း အကောင်းဆုံး အဆင့်မှာ ရှိနေတယ်လေ”ဟု ဟိုင်နက်စ်က ရှင်းပြခဲ့သည်။
Patek Philippe Reference 1518 နာရီများကို ၁၉၄၃ ခုနှစ်ဝန်းကျင်က ထုတ်လုပ်ခဲ့ပြီး စဉ်ဆက်မပြတ် လှုပ်ရှား အလုပ်လုပ်နေသည့် ပြက္ဒဒိန်စနစ်ပါ နာရီများအဖြစ် လူသိများခဲ့သည်။ ထို့အပြင် Moonphase Indicatorကဲ့သို့ Featureများ ပါဝင်ခဲ့ရာ ထိုအချိန်က အလွန်ခေတ်မီဆန်းပြားသည့် တီထွင်ဖန်တီးမှုများ ဖြစ်ခဲ့သည်။
ယခင်က ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး နာရီမှာ သံမဏိဖြင့် တည်ဆောက်ထားသည့် Patek Philippe Reference 5016 အမျိုးအစားဖြစ်ပြီး ဝယ်ယူသူ တစ်ဦးက ဒေါ်လာ ၇.၃ သန်းထိ ဈေးပေး လေလံဆွဲသွားခဲ့သည်။ “တကယ်တော့ Patek Philippeဟာ တစ်ကမ္ဘာလုံးက နာရီထုတ်လုပ်သူတွေ လေးစားအားကျရတဲ့ အမှတ်တံဆိပ် တစ်ခုပါပဲ။ ၁၈၃၉ ခုနှစ်လောက် ကတည်းက ထုတ်လုပ်မှု စတင်ခဲ့ပြီး အစဉ်အလာနဲ့ အမှတ်တံဆိပ် တန်ဖိုးက မြင့်မားလွန်းတယ်လေ။ ပြောရရင် သူတို့ဟာ နာရီလောကရဲ့ Rolls-Royceပါပဲ”ဟု ဟိုင်နက်စ်က ညွှန်းဆိုခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန် လေလံပွဲတွင် လက်ပတ်နာရီ ၁၇၇ လုံး ရောင်းထွက်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၂၇.၈ သန်းနီးပါး ရရှိခဲ့ကြောင်းလည်း သိရသည်။
Ref: CNN
Credit - 7dailynews
Tuesday, October 25, 2016
၅ မိနစ်အားသွင်းရုံဖြင့် ၂ နာရီ ဖုန်းပြောနိုင်မယ့် Oppo R9s နှင့် R9s Plus တို့ တရားဝင် ထွက်လာပြီ
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းမှာ အကြိမ်ကြိမ် သတင်းထွက်ပေါ်၊ ပေါက်ကြားမှုတွေ ဖြစ်လာခဲ့တဲ့ Oppo R9s နှင့် R9s Plus တို့ဟာ အခုတော့ ပရိသတ်တွေရဲ့ ရှေ့မှောက်သို့ တကယ်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အခု Oppo က မိတ်ဆက် လာတဲ့ R9s နှင့် R9s Plus တို့ဟာ မတ်လတုန်းကမှ မိတ်ဆက်ရောင်းချခဲ့တဲ့ R9 နှင့် R9 Plus တို့ရဲ့ခြေရာကို ဆက်ခံတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။
ယခင် R9 မှာ ကျောဘက်ကင်မရာ 13MP နှင့် Selfie ကင်မရာ 16MP ပါဝင်ပါတယ်။ R9 Plus မှာတော့ ရှေ့ရော နောက် ကင်မရာပါ 16MP ဆင်ဆာတွေ ဖြစ်ကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ Oppo ဟာ R9s မှာရော R9s Plus မှာပါ ရှေ့/နောက် 16MP ကင်မရာဆင်ဆာတွေ သုံးလာပါတယ်။
Oppo R9s
ဖုန်းနှစ်မျိုးလုံးရဲ့ ကျောဘက်မှာ f/1.7 အလင်းဝင်ပေါက်ပါဝင်ပါတယ်။ R9s မှာ Electronic Image Stabilization ပါဝင်ပြီး R9s Plus မှာ Optical Image Stabilization ပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 4K နှင့် ပြုလုပ်နိုင်ပြီး LED Flash ပါဝင်ပါ တယ်။ Selfie ကင်မရာမှာ f/2.0 အလင်းဝင်ပေါက်ပါဝင်ပါတယ်။
Oppo R9s က မျက်နှာပြင် ၅.၅ လက်မဖြစ်ပြီး 1080 p ရုပ်ထွက် သုံးထားပါတယ်။ Corning Gorilla Glss 5 မှန်ကို သုံး ထားပြီး 2.5D ပါဝင်ပါတယ်။ Snapdragon 625 Chipset နှင့် အထိုင်ချထားပြီး RAM4GB, တိုးမြှင့်နိုင်တဲ့ ROM64GB ပါဝင်ပါတယ်။ Home Botton မှာ လက်ဗွေရာစနစ် ထည့်သွင်းထားပါတယ်။ ဘက်ထရီ 3010 mAh သုံးထားပြီး VOOC အလျှင်အမြန် အားသွင်းစနစ် ပါဝင်ပါတယ်။ Color OS 3.0 အခြေခံတဲ့ Android 6.0.1 Marshmallow ပါဝင်ပါတယ်။
ဖုန်းရဲ့အတိုင်းအတာက 153×74.3×6.58 mm ဖြစ်ပြီး 145g လေးပါတယ်။ Oppo ရဲ့ ပြောကြားမှုအရ ဘောင်နှင့် မျက် နှာပြင် 1.66 mm သာ ကွာခြားပြီး မျက်နှာပြင်က ဘော်ဒီရဲ့၇၇.၅ % အချိုးရှိကြောင်း ပြောကြားထားပါတယ်။
Friday, October 7, 2016
Monday, October 3, 2016
မကြာတော့မယ့် အနာဂတ်အတွင်း ပျောက်ကွယ်သွားတော့မယ့် မြို့ကြီး(၆)မြို့
လူသားတွေအနေနဲ့ ကမ္ဘာကြီးမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာ မှန်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင် ထိပ်ကိုလည်း တက်နိုင်ခဲ့ကြသလို သမုဒ္ဒရာအောက် အနက်ရှိုင်းဆုံးနေရာကိုလည်း ရောက်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ လူသားတွေ မလွန်ဆန်နိုင်တဲ့ သဘာဝရဲ့ ကပ်ဘေးဆိုးကြီးတွေက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေကို ပုံစံအမျိုးမျိုးနဲ့ သုတ်သင်နေကြပါတယ်။ ရေကြီးတာတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ လေဆင်နှာမောင်းတွေနဲ့ ငလျင်ဆိုတဲ့ ဘေးဆိုးတွေကို ရှောင်လွှဲနိုင်ခွင့် လူသားတွေမှာ မရှိသေးပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ သဘာဝပတ်ဝန်းကျင်ကြောင့်ရော လူသားတွေ ပြုလုပ်တဲ့ ဖျက်ဆီးမှုတွေကြောင့်ပါ မကြာတော့မယ့် အနာဂတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့မယ့် အဓိက မြို့ကြီး (၆) မြို့ရှိပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့
သမုဒ္ဒရာ မျက်နှာပြင် အဆက်မပြတ် မြင့်တက်လာနေတဲ့အတွက် မကြာခင်မှာ နစ်မြုပ်တော့မယ့် မြို့ဖြစ်ပါတယ်။ နောက်တစ်ချက်က မြို့ရဲ့ အောက်ခြေမှာ သောက်ရေအတွက် လှိုဏ်ခေါင်းတူးဖော်ထားတဲ့အတွက် မြို့ရဲ့ အောက်ခံဖောင်ဒေးရှင်းက တဖြည်းဖြည်း အင်အားလျော့ နည်းလာတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့
အမေရိကန် ပြည်ထောင်စုရဲ့ ပျော်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့ဟာ အဓိက ငလျင်ကြောကြီး တစ်ခုရဲ့ တည့်တည့်ပေါ်မှာရှိနေပြီး အရမ်းကို ပမာဏကြီးမားတဲ့ ငလျင်ကြီးတစ်ခုက ဒီရာစုနှစ် မကုန်ခင်မှာ လှုပ်ဖို့ ၇၅ ရာခိုင်နှုန်းရှိတာကို ပညာရှင်များက တွေ့ရှိထားပါတယ်။

Tuesday, September 27, 2016
ဆိုဒ် ကြီးအောင်လုပ်လို့ရလား ?(Only read 18+ man)
အမျိုးသားကျန်းမာရေး
အင်္ဂါကြီးအောင်လုပ်လို့ ရတဲ့နည်းလမ်းတွေ ရှိပါသလား ? ဘေးအန္တရာယ်ရော ကင်းရဲ့လား ? ခွဲစိတ်ပြုပြင်လို့ ရော ရနိုင်လား ? ယောင်္ကျားလေးတွေ အမေးများတဲ့ မေးခွန်းတွေပါ။ ယောင်္ကျားလေး တော်တော်များများက သူတို့ လိင်တံကို ရှိရင်းစွဲ အရွယ်အစားထက် ကြီးစေချင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံကြီးတဲ့အခါမှာ မိန်းကလေးတွေက ပိုသဘောကျတယ်လို့ ထင်ကြလို့ ဖြစ်ပါတယ်။ တကယ်တမ်းတော့ မိန်းကလေးတွေက သူတို့ပါတနာရဲ့ ပစ္စည်းအရွယ်အစားထက် အထိအတွေ့၊ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ချစ်တင်းနှောတဲ့နည်းစနစ်တွေစတဲ့ အရေးကိစ္စတွေပေါ်မှာ ပိုမိုသာယာခံစားတတ်ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမျိုးသားတွေက သူတို့လိင်တံအရွယ်အစားကို ပြောင်းလဲပစ်နိုင်ဖို့ စိတ်သန်နေကြတုန်းပါပဲ။ ကုလားရှင်ပြုသလို ထိပ်ဖြတ်လိုက်တဲ့နည်းက အပြင်ကိုအနည်းငယ်ရှည်ထွက်လာစေပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ အမာရွတ်ကျန်နေခဲ့ရင် အချိန်ကြာကြာထောင်မတ်နိုင်တော့မှာမဟုတ်သလို နာကျဉ်မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။ ဒါဆိုရင် အဆီထိုးသွင်းတဲ့နည်းလမ်းကရော။ ဒီနည်းလမ်းက သင့်ပစ္စည်းကို အနည်းငယ် ပိုကြီးလာစေနိုင်ပါတယ်။

ဖောက်ပြန်နေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာ ( ၅) ရပ်
အောက်ပါ အချက်တွေထဲက အတော်များများနဲ့ ကိုက်ညီနေရင်တော့ သူ ကိုယ့်ကို လှည့်ဖျားနေတာ ဖြစ်နေနိုင်ပါတယ်။
ကိုယ့်ကို သူလှည့်ဖျားနေတယ်ဆိုတာ သေချာတယ်လို့ သက်သေပြနိုင်တဲ့ နည်းလမ်းတွေတော့ မရှိပေမယ့် အခု ဖော်ပြမယ့် အချက်တွေထဲက နှစ်ခုမက တိုက်ဆိုင်နေပြီဆိုရင်တော့ သတိထားသင့်ပါပြီ။
၁။ ရုတ်တရက်ကြီး လျှို့ဝှက်ချက်တွေ ရှိလာတယ်။
သူက ရုတ်တရက် အရာရာ လျှို့လျှို့ဝှက်ဝှက်နေတတ်လာတယ်။ သူ့ဖုန်းကိုလည်း အရင်လို အလွယ်တကူ မထားတော့ဘူး။
၂။ သူ့ကိုယ်သူ ပိုပြီး သလာတယ်။
အချစ်သစ်ကြောင့် သူဟာ လှချင်ပချင်စိတ်တွေ ဖြစ်လာလိမ့်မယ်။။ လက်သည်းခြေသည်းတွေ သေချာညှပ်တာတို့၊ ပါးစပ်ကို သေချာဆေးတာတို့ စတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးတွေလည်း ဂရုစိုက်လာတတ်ပြီ။
၃။ အလုပ်ချိန်တွေ များလာတယ်။
ရုံးမှာ ညဥ့်နက်တဲ့အထိ အလုပ်လုပ်မယ်။ ဒါမှမဟုတ် အစည်းအဝေးတွေ အရမ်းတက်ရတယ်တို့ ဘာတို့ ဖြစ်လာမယ်။ သူ့မှာ ကိုယ့်ကိုပေးစရာ အချိန် မရှိတော့ဘူး။
၎။ ကိုယ်မသိတာတွေ သူသိနေပြီ။
ကိုယ်မကြည့်ဖူးသေးတဲ့ ရုပ်ရှင်တို့၊ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတို့ကို သူရောက်ဖူးနေပြီးပြီ။
၅။ စိတ်တိုလွယ်လာတယ်။
အရင်လို မဟုတ်ဘဲ တစ်ခုလောက် ကိုယ်အမှားလုပ်လိုက်တာနဲ့ သူ စိတ်တို ဒေါသထွက်လာတတ်တယ်။
Credit: Duwun

လူပျိုစစ် မစစ် ဘယ်လိုသိမလဲ
အမျိုးသားအားလုံးလိုလိုဟာ လူပျိုဘဝကို အစောကြီး ဆုံးရှုံးတတ်ကြတယ်လို့ အများစုက ယူဆကြသည့်တိုင် အသက် ၂၅၊ ၃၀ ထိတောင် ဖိုမကိစ္စမစမ်းသပ်ဖူးတဲ့ အမျိုးသားတချို့ရှိနေတယ် ဆိုတာပါပဲ။ သူတို့လည်း သူ့အကြောင်းပြချက်နဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ်ဒိတ်လုပ်တဲ့ ကောင်လေးဟာ လူပျိုစစ်မစစ် သိချင်တယ်ဆိုရင် ခန့်မှန်းသိရှိနိုင်မယ့် လက္ခဏာရပ်တချို့ရှိပါတယ်။ တခါတရံ ခန့်မှန်းချက်တွေ လွဲကောင်းလွဲပါလိမ့်မယ်။ လူပျိုစစ်မစစ် သူသာအသိဆုံးဖြစ်ပါတယ်။ ဒါပေမယ့် သိချင်စိတ်ပြင်းပြနေသေးတယ်ဆိုရင် လူပျိုစစ်စစ်တွေ ပြုမူတတ်တဲ့ ကိုယ်အမူအရာတချို့ရှိပါတယ်။ ဒါပေမယ့် လူပျိုစစ်စစ်ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာနဲ့ သူ့အချစ်ရေးအဆင်ပြေမှုရှိတယ် မရှိဘူးဆိုတာကတော့ လုံးလုံးမသက်ဆိုင်ကြောင်း သိထားသင့်ပါတယ်။ ဒီတော့ လူကောင်းဟုတ်မဟုတ်ဆိုတာ သူ့အတွေ့အကြုံရှိမှု သို့မဟုတ် မရှိမှုပေါ် မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့။ မိမိတို့အချစ်ရေးဆက်ဆံမှုရဲ့ အနှစ်သာရကို အဓိကထားကြည့်ပါ။
၁။ သင်နဲ့ တခြားမိန်းကလေးတွေနားရောက်လို့ သူအရမ်း ရှက်နေတယ်၊ မတော်တဆ အနည်းငယ် ထိမိတာတောင် ရှောင်ဖယ်နေရင် သူဟာ မိန်းကလေးတွေနဲ့ နေသားမကျသေးတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။
၂။ မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ ခပ်လှမ်းလှမ်းနေတတ်ပါတယ်။ မိန်းကလေးတွေ သူ့ကို အနည်းငယ် စနောက်ရင်တောင် မျက်နှာနီရဲလာပါတယ်။
၃။ အပြင်မှာတွေ့ဖို့ တောင်းဆိုအခါမျိုးမှာ နှလုံးရောဂါဖြစ်မတတ် ခံစားတတ်ပါတယ်။ သူ့ကို တို့ထိကြည့်ပါ။ လေဖြတ်သလို တုန်တုန်ယင်ယင်ဖြစ်နေပါလိမ့်မယ်။

Friday, September 23, 2016
Friday, September 16, 2016
Wednesday, June 22, 2016
Saturday, May 14, 2016
မြန်မာနိုင်ငံရဲ့ ပထမဆုံးပြည်တွင်းဖြစ် cable chair
![]() |
| မန္တလေးမြို့ ဦးကျော်ကျော်ခြံဝင်းထဲရှိ cable chair တပ်ဆင်ထားပုံတွေ့ရစဉ် (ဓာတ်ပုံ-အေးမွန်ရာပြည်) |
![]() |
| မန္တလေးမြို့ ဦးကျော်ကျော်ခြံဝင်းထဲရှိ cable chair တပ်ဆင်ထားပုံတွေ့ရစဉ် (ဓာတ်ပုံ-အေးမွန်ရာပြည်) |
နိုင်ငံတကာမှာတော့ တနေရာက တနေရာ အချိန်ကုန်သက်သာပြီး လွယ်ကူ လျင်မြန်စွာ သွားနိုင်အောင်၊ ရှုခင်းရှုကွက်တွေကို စိတ်ကြိုက် ကြည့်ရှုခံစားနိုင်အောင် ပြည်တွင်းပြည်ပ ဧည့်သည်အ၀င်များတဲ့နေရာတွေမှာ ရွေ့လျား စနစ်ဖြစ်တဲ့ cable car တွေ၊ cable chair တွေကို အသုံးပြုကြပါတယ်။
ဒီရွေ့လျားစနစ်တွေကို တည်ဆောက်မယ်ဆိုရင် အမေရိကန်ဒေါ်လာတွေ သန်းချီအသုံးပြုကြရပါတယ်။ ဒီလို ထိုင်ခုံတွေ ကို သိပ်မကြာခင်အချိန်အတွင်းမှာပဲ အဲဒီလောက် ငွေကြေးများစွာ မသုံးစွဲဘဲ သင့်တင့်လျောက်ပတ်တဲ့ မြန်မာကျပ်ငွေနဲ့ တင် ပြည်တွင်းမှာ တည်ဆောက်နိုင်တော့မှာပါ။
ဘာလို့လဲဆိုတော့ ရွေ့လျားထိုင်ခုံစနစ်ကို မြန်မာလူမျိုး၊ မန္တလေးသားတဦးဖြစ်တဲ့ ဦးကျော်ကျော်ဆိုသူက အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်နိုင်ခဲ့လို့ပါပဲ။ လက်ရှိအချိန်မှာ သူဟာ cable chair (ရွေ့လျားထိုင်ခုံ)ကို ၇၅ရာခိုင်နှုန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ။
၆၅နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဦးကျော်ကျော်တယောက် cable chair ကို စတင်စမ်းသပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ဒီလို ပါတဲ့။
မန္တလေးမြို့ဝန်းကျင်အနီးနားက တောင်တွေပေါ်မှာ တည်ထားတဲ့ ဘုန်းကြီးကျောင်းတွေဟာ ရေ၊ စားစရာ အစရှိတာတွေ ရှားပါးခက်ခဲကြတယ်။ တောင်ပေါ်ကို ရောက်အောင် ပို့ဖို့ အချိန်ယူရတယ်။ သယ်ယူပို့ဆောင်ရေး ခက်ခဲတယ်။ ဒီလို ကြန့် ကြာတာတွေကို ဖြေရှင်းပေးချင်တဲ့ စိတ်ကပဲ ဒီcable chair အစီအစဉ်ကို ရုပ်လုံးဖော်ဖို့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဦးကျော်ကျော်က ပြောပါတယ်။
Wednesday, May 11, 2016
ကမ္ဘာ့ပုံစံအဆိုးရွားဆုံးမြို့တော်စာရင်းတွင် နေပြည်တော်ပါဝင်
![]() |
| အစိုးရရုံးစိုက်ရာ နေပြည်တော်ကို ဝေဟင်က တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ) |
Credit-http://www.7daydaily.com/story/64536
Friday, April 8, 2016
သင်္ကြန်

ညနေစောင်းပြီမို့ ကျွန်တော်တို့သူငယ်ချင်းများ နေအေးအေးတွင် ဆုံဖြစ်ကြသည်။နေ့အချိန်အပူ ချိန်ကြောင့် အပြင်မထွက်နိုင်သူများ နေအေးအေးတွင် လမ်းသို့ထွက်လာကြခြင်းဖြစ်သည်။ လမ်းအတွင်းရှိ လူငယ်အများမှာ မဟာသင်္ကြန်ကို ဆင်နွဲရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။ အချို့ကလည်း သင်္ကြန်မဏ္ဍတ်များ ဆောက်လုပ်နေကြပြီဖြစ်သည်။ မရိုးနိုင်သည့် သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၏ သီချင်းများလည်း နေရာတိုင်းကို စိုးမိုးလို့ထားပြန်သည်။ ကျွန်တော်တို့သူငယ်ချင်းများလည်း ထိုင်နေကြ လက်ဘက်ရည်ဆိုင်သို့ ထွက်လာကြတော့သည်။
Friday, April 1, 2016
သင်္ကြန်တွင်း ရေစိုခံ စမတ်ဖုန်း Galaxy S7 Edge

ရေစိုခံ Galaxy S7 Edge စမတ်ဖုန်း
Tuesday, March 22, 2016
Tuesday, March 15, 2016
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒု သမ္မတ -၁ ဦးမြင့်ဆွေ
နိုင်ငံတော် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေ ဟာ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဖြစ်နိုင်ခြေရှိတယ်လို့ သတင်းတွေ စတင်ထွက်ပေါ်ပြီးနောက် ဝေဖန်သုံးသပ်မှုတွေ၊ တပ်မတော်ဘက်က ပုဂ္ဂိုလ်တချို့ရဲ့ စိုးရိမ်မှုတွေ ရှိလာကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့် တဦးဖြစ်ခဲ့ပြီး၊ သဘောထား တင်းမာသူ၊ လာဘ်စားမှုများနှင့် ပတ်သက်သူ၊ ခရိုနီများနှင့်တွဲ၍ လုပ်ပိုင်ခွင့်များကို အသုံးချသူအဖြစ် ဝေဖန်ခံရတဲ့ ဦးမြင့်ဆွေဟာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားချိန်မှာ ဒု သမ္မတအဖြစ် စာရင်းသွင်းတဲ့ အချိန်တုန်းကလည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။
Subscribe to:
Posts (Atom)