slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, October 26, 2016

ဘောင်ပျောက် display ပါဝင်သော MIX စမတ်ဖုန်းကို Xiaomi မိတ်ဆက်



တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi သည် Mi Note 2 နှင့်အတူ MIX ဟုခေါ်သော concept စမတ်ဖုန်းတစ်မျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့သည်။
၎င်းစမတ်ဖုန်းတွင် ၆.၄ လက်မ ဘောင်ပျောက် display ပါဝင်ပြီး screen-to-body အချိုးက ၉၁.၃ ရာခိုင်နှုန်း ဖြစ်သည်။ အဆိုပါစမတ်ဖုန်းကို လူသိများထင်ရှားသည့် ပြင်သစ်ဒီဇိုင်နာ ဖိလစ်ပီစတာ့ခ်က ဒီဇိုင်းဖန်တီးထားခြင်းဖြစ်သည်။
Mi MIX တွင် သမားရိုးကျ တယ်လီဖုန်းနားခွက် ပါဝင်ခြင်းမရှိဘဲ ၎င်းအစား အသံထုတ်လွှင့်ပေးရန် conduction နည်းပညာကို ဖုန်း၏ထိပ်ဘက်ပိုင်းတွင် အသုံးပြုထားသည်။
ထို့အပြင် ၎င်းတွင် proximity sensor ပါဝင်ခြင်း မရှိပေ။ သို့သော်လည်း ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်သည့်အခါ touch screen ကို disable လုပ်ရန်အတွက် ultra-sonic နည်းပညာကို အသုံးပြုထားသည်။
MIX တွင် Qualcomm ၏ နောက်ဆုံးပေါ် Snapdragon 821 Performance Edition chipset ကို အသုံးပြုထားပြီး 4GB/6GB LPDDR4 RAM အမျိုးအစားများဖြင့် ရရှိနိုင်မည်ဖြစ်သည်။

၎င်းကို 128GB နှင့် 256GB သိုလှောင်မှုပမာဏများဖြင့် ရရှိနိုင်ပြီး 4400mAh ဘက်ထရီနှင့် Qualcomm QuickCharge 3.0 ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
ကျောဘက်တွင် 16-megapixel ကင်မရာနှင့် dual-LED flash ပါဝင်သည်။ ကျောဘက်ကင်မရာဖြင့် 4K ဗီဒီယိုများကို 30fps ဖြင့် ရိုက်ကူးနိုင်သည်။ 5-megapixel selfie ကင်မရာကို ဖုန်း၏အရှေ့ဘက် အောက်ခြေတွင်တွေ့မြင်ရမည်ဖြစ်သည်။
ချိတ်ဆက်မှုအပိုင်းအနေဖြင့် 4G LTE နှင့် VoLTE အထောက်အပံ့များ ပါဝင်ပြီး Android 6.0 Marshmallow နှင့် MIUI8 ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ဘူးခွံထဲတွင် ၂၉၉ ယွမ် တန်ဖိုးရှိ leather case တစ်ခု ပါဝင်သည်။
Xiaomi MIX ကို 4GB/128GB အမျိုးအစားအတွက် ၃,၄၉၉ ယွမ် (၅၁၆ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။ MIX Pro 6GB/256GB အတွက် ၃,၉၉၉ ယွမ် (၅၉၀ ဒေါ်လာ) အသီးသီးကျသင့်မည်ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းကို နိုဝင်ဘာ ၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။

Credit - internetjournal
Ref: PCMag

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...