slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, January 12, 2017

ကမ္ဘာ့လစာအကောင်းဆုံး အလုပ်များ စာရင်းမှာ နည်းပညာရှင်များ အောက်ဆုံးရောက်ရှိ

ကမ္ဘာပေါ်က လစာအကောင်းဆုံး အလုပ်အကိုင်များ စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့ LinkedIn လူမှုကွန်ယက်ကနေ ထုတ်ပြန်ခဲ့ရာ ဆော့ဖ်ဝဲအင်ဂျင်နီယာ အပါအ၀င် နည်းပညာအလုပ်အကိုင်များ မှာ အောက်ဆုံးနေရာများမှာ သာ ပါဝင်လာခဲ့တယ် လို့ သိရပါတယ်။


ထိပ်တန်း အလုပ်အကိုင် စာရင်း ရဲ့ ပထမနေရာမှာ Cardiologist နုလုံးအထူးကု ဆရာဝန် တွေရဲ့ လစာ က အမြင့်မားဆုံး ဖြစ်ပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ၃ သိန်း ၅ သောင်း ၆ ထောင် နှုန်းထား ရရှိကြပြီး တစ်လလျှင် ဒေါ်လာ ၃ သိန်း၊ ၅သောင်း ၅ထောင် နှုန်း ရရှိကြတဲ့ Radiologist တွေကတော့ ဒုတိယ နေရာမှာ တည်ရှိနေပါတယ်။
အဲဒီစာရင်း အရ ကွန်ပျူတာ၊ အိုင်တီ ပိုင်းဆိုင်ရာ နည်းပညာ ရှင်တွေ က ထိပ်ဆုံးတန်း အလွှာမှာ ရှိမနေဘဲ အဆင့် ၁၁ မှာ မှ စတင် တည်ရှိပြီး နည်းပညာပိုင်းပညာရှင်တွေ ရဲ့ အမြင့်ဆုံး ဟာ ဆော့ဖ်ဝဲအင်ဂျင်နီယာ ဖြစ်ပြီး သူရဲ့ တစ်လစာ နှုန်းထား ဟာ ဒေါ်လာ ၁ သိန်း ၆ သောင်း ၈ ထောင် နှုန်းထားက နေ စတင်ပါတယ်။ အဲဒီနောက်မှာ အင်ဂျင်နီယာ ဒါရိုက်တာ ဟာ ၁ သိန်း ၆ သောင်း ၄ ထောင် နှုန်း တည်ရှိနေတယ် လို့ သိရပါတယ်။ linkedin ဟာ ဒီစာရင်း ကို အမေရိကန် စီးပွားရေး လောက ထဲမှာ ရှိတဲ့ ကုမ္ပဏီတွေနဲ့ စက်ရုံတွေ ရဲ့ ထုတ်ပြန်ချက်ကို စိစစ်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်တယ် လို့ သတင်းရရှိပါတယ်။
အလုပ်အကိုင်နေရာတွေ အတွက် လစာနှုန်းထားတွေကို LinkedIn ရဲ့ စာရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

1. Cardiologist – $356,000
2. Radiologist – $355,000
3. Anesthesiologist – $350,000
4. Surgeon – $338,000
5. Medical Director – $230,000
6. Pathologist – $225,000
7. Physician (general) – $220,000
8. Hospitalist – $220,000
9. Psychiatrist – $218,000
10. Senior Corporate Counsel – $175,000
11. Staff Software Engineer – $168,000
12. Dentist – $165,000
13. Director of Engineering – $164,000
14. Tax Director – $161,000
15. Director Product Management – $160,000
16. Patent Attorney – $160,000
17. Anesthetist – $156,000
18. Senior Software Engineering Manager – $155,000
19. Global Marketing Director – $155,000
20. Podiatrist – $150,000

Ref : LinkedIn
Credit - DigitalTimes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...