slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Tuesday, May 20, 2014

ကိုယ်​စီတာဝန်​​တွေနဲ့ ​ပေါ့ဗျာ

ဒို့တာဝန်

လယ်သမားကြီးဦးသာအောင် ........
တပ်ကသိမ်းလို့ လယ်တွေပြောင်..။
ကိုဖိုးမောင် ..အလုပ်သမား.......
ဆန္ဒပြလို့ ..အချုပ်ထဲသွား.....။

ဦးဖိုးကြားက ကျောင်းဆရာ....
ကျုရှင်တက်ဖို့ ပင့်ပေးတာ...။
မောင်ထွန်းသာ တပ်မတော်သား
စားစရာ မရှိလို့ တပ်ပြေးသွား....။

စာဖြန့်ဖြူးရေး မောင်သိန်းတန်
စာဖျောက်ရာတွင် ...အချိန်မှန်
ကိုသာဇံ ..မီးသတ်သမား
မီးသတ်ရာတွင် ..ရေမပါသွား.....။

ရဲသားကြီးက ကိုလှရွှေ..
မိုးပေါ်ထောင်ပစ်လို့ ..တစ်ယောက်သေ..။
ဒို့လုံမေ မခင်မြ.......
ငွေတောင်းရာတွင် ကျွမ်းကျင်လှ...။

ဦးစိန်ဘက ဆရာဝန်
ဆေးရောင်းရာတွင် သူထူးချွန်
မလှမွန် သူနာပြု
ငွေအသပြာဖြင့် သူပြုစု...။

ဦးသာနုက ခေါင်းဆောင်ကာ
sim card ခွဲတမ်း သူဝိုက်တာ..
ကားဆရာ ကိုဘသောင်း
ငါးစင်းဆက်တိုက် ၀င်ကာအောင်း...။

ကျောင်းသူ၊ ကျောင်းသား တို့အဖော်
အရွယ်ရောက်လို့ ကြီးပြင်းသော်။
ပညာမတော် ကြုံရာလုပ်စား။
ဖိတ်စာထဲက ဘွဲ့လက်မှတ်များ..။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...