slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, August 18, 2014

ကိုယ့်​ချစ်​သူ​ကောင်း​လေး​တွေအတွက်​ မိန်းက​လေးများလုပ်​​ပေးရမယ့်​ ရိုမန်​တစ်​ဖြစ်​​စေတဲ့ အရာများ

စိတ်ပင်ပန်းနေတဲ့ ကိုယ်ချစ်သူ ကောင်လေးကို၊ စိတ်ဓာတ်ကျနေတဲ့ ကိုယ့်ချစ်သူကောင်လေးအတွက် ကိုယ့်ဘက်က သူစိတ်ချမ်းသာသွားအောင် လုပ်ပေးနိုင်တဲ့ အရာလေးတွေရှိပါတယ်။ ရိုမန်တစ်လည်း ဖြစ်သလို သူ့အတွက်လည်း အမှတ်ရနေစေမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ ခုပြောပြပေးမယ့် အချက်ကလေးတွေကတော့ နိုင်ငံတကာက အမျိုးသား ၁၀ယောက်ဆီက ဖွင့်ဟလာတဲ့ အချက်တွေဖြစ်တာမို့ တစ်ချက် ကြည့်ကြည့်လိုက်ပါဦး။

၁။ကိုယ်အရမ်းစိတ်ပင်ပန်းနေတဲ့အခါမျိုးမှာ ကိုယ့်ချစ်သူက ကိုယ်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအတူကြည့်ဖို့ ကမ်းလှမ်းခြင်းပါ။

လူတွေဟာ စိတ်ပင်ပန်းတဲ့အခါ ရုပ်ရှင်ကြည့်ပြီး အပန်းဖြေတတ်ကြပါတယ်။ Justin.S ဆိုတဲ့ကောင်လေး ပြောပြပေးတာကတော့ သူအလုပ်မှာ ပင်ပန်းပြီး စိတ်ညစ်နေတဲ့အချိန် သူ့ချစ်သူ ကောင်မလေးက သူအရမ်းကြိုက်တဲ့ဗီဒီယိုခွေ ၀ယ်လာပြီး သူနဲ့အတူ ကြည့်လိုက်တာပါပဲတဲ့။ စိတ်ညစ်နေတာတွေ လျှော့ပါးသွားရသလို သူ့ကောင်မလေး ၀ယ်လာတဲ့အခွေဟာ သူ့မှာရှိပြီးသား ဖြစ်ပေမယ့် ကောင်မလေးက မသိပဲ ခုလို လုပ်ဆောင်ခြင်းကို သူ့ကိုပျော်ရွှင်စေပါသတဲ့။

၂။တစ်ခါတစ်လေ ယောင်္ကျားလေးတွေဘက်ကချည်း suprise လုပ်တာမျိုးမဟုတ်ပဲ မိန်းကလေးတွေဘက်က suprise လုပ်ခြင်းကလည်း ရင်ခုန်စရာပါ။

Darrion M ရဲ့ပြောပြချက်အရတော့ အထိမ်းအမှတ်နေ့တွေ၊ ဗယ်လင်တိုင်းနေ့လေးတွေမှာ သူကသာ သူ့ကောင်မလေးကို အမြဲတမ်း suprise လုပ်နေကျဖြစ်ပေမယ့် ပြီးခဲ့တဲ့အခေါက်ကတော့ ကောင်မလေးက သူ့ကို ဘာမှဝယ်မပေးဖို့နဲ့ suprise မလုပ်ဖို့ ပြောထားခဲ့ပြီး အဲ့ဒီနေ့မှာ သူမကိုယ်တိုင် ထမင်း၊ဟင်းချက်ပြုတ်ကာ သူ့ကို တည့်ခင်းဧည့်ခံခဲ့ပါသတဲ့။ ပြီးတဲ့နောက်မှာ ရုပ်ရှင်တူတူကြည့်ပြီး ညဘက်ရောက်တော့လည်း သူမနဲ့အတူ ဖျော်ဖြေပွဲသွားခဲ့ပါတယ်တဲ့။ ဒီလိုအရာလေးတွေကလည်း သူ့အတွက် အမှတ်တရအဖြစ်ဆုံးတွေထဲက တစ်ခုလို့ ဆိုပါတယ်။

၃။ကိုယ်ကြိုက်တဲ့အားကစားနဲ့ ပတ်သက်ပြီး ကိုယ့်ချစ်သူကပါ တစ်ခုခု support လုပ်ပေးတာမျိုးကိုလည်း အမျိုးသားတွေ သဘောကျကြပါတယ်။

ဒီအချက်ကို ပြောပြပေးခဲ့သူကတော့ Chris.P ပါ။ သူသဘောကျတဲ့ ဘောလုံးအသင်းနဲ့ ပတ်သက်တဲ့ အင်္ကျံ၊ အသုံးအဆောင်ပစ္စည်းလေးတွေ သူ့ကောင်မလေးက ၀ယ်ပေးပြီး ဘောလုံးပွဲကြည့်လက်မှတ်ပါ ၀ယ်ပေးတဲ့အခါ သူ့အတွက်တော့ ပြောမပြတတ်အောင် ပျော်ရွှင်ရပါတယ်တဲ့။

၎။ကိုယ်သိပ်သွားချင်နေတဲ့ ခရီးကို ကိုယ့်ချစ်သူက အတူတူသွားဖို့ ကိုယ်မသိအောင် စီစဉ်တာမျိုးကလည်း ရိုမန်တစ်ဖြစ်ပါတယ်။

ကောင်မလေးကို အမြဲတမ်း ပြောဖြစ်နေကျအရာတွေထဲမှာ သူနဲ့အတူ သွားချင်တဲ့နေရာတွေအကြောင်း အမြဲပါတယ်။ ဒါကို သူက ကိုယ်မသိတုန်း ခရီးအတွက် စီစဉ်လိုက်တာမျိုးဟာ တကယ်ကို ချိုမြိန်ပြီး ဘယ်လိုမှ မေ့လို့ရမယ့်အရာလည်း မဟုတ်ပါဘူးလို့ Joseph.k က ဆိုပါတယ်။

၅။ကိုယ်ပေးထားတဲ့အရာတွေကို နှစ်ပေါင်းများစွာအထိ သိမ်းထားပြီးမှ ကိုယ့်ကိုထုတ်ပြလိုက်တာမျိုးကလည်း အမျိုးသားတွေ သဘောကျတဲ့အရာပါ။

ဘယ်သူမဆို ကိုယ်ပေးထားတဲ့အရာတွေ၊ လက်ဆောင်တွေကို တစ်ဖက်လူက မှတ်မှတ်ရရ သိမ်းဆည်းထားတာ ခံချင်ကြတာချည်းပါပဲ။ ကိုယ့်ကောင်မလေးက ကိုယ်ပေးထားတဲ့ တီရှပ်လေးတစ်ထည်ကို နောင်သုံးလေးနှစ်အထိ သိမ်းထားပြီးမှ တစ်ရက်ထုတ်ဝတ်ပြလိုက်တာမျိုးဟာ ကျွန်တော်တို့ အမျိုးသားတွေအတွက်တော့ တကယ့်ပီတပါပဲဗျာလို့ ပြောသွားတဲ့သူက Jim.Lပါ။
Ref:womenshealthmag.com

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...