slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, April 2, 2016

software Engineer တယောက်ဖြစ်ဖို့အတွက် ဘာတွေ လိုအပ်သလဲ။

software engineer တစ်ယောက်မှာ အခြေခံလိုအပ်တာတွေက (တဆင့်ခြင်းစီသွားလျှင်လဲ ရလို့ အမှန်စဉ်လေးတွေထိုးလိုက်မယ်နော်)
1) Programming Knowledge
2) Database Knowledge
3) System Analysis and Design
4) Domain Knowledge (any area as much as you can learn)
5) General Networking Knowledge

1) Programming Knowledge
ယေဘူယျအားဖြင့် စတာနဲ့ Programming နဲ့စမှာပါ။ ဆိုတော့ Language oriented မဖြစ်ခဲ့ရင် ပိုကောင်းပါတယ်။ နောက်ပိုင်းမှ ကိုယ်က ဘယ်လိုင်းမှာ အလုပ်လုပ်မလဲ အပေါ်မူတည်ပြီး ဇောက်ချသွားလို့ရပါတယ်။ ဥပမာ၊ ၊ Microsoft platform မှာ လုပ်မှာလား၊ Java လား၊ Opensource လား စသဖြင့် အလုပ်အပေါ်ကိုလိုက်လို့ ရွေးချယ်သွားကြမှာပါ။
2) Database Knowledge Database Driven application တွေရေးလာပြီဆိုရင် DB ကို စတင်ထိတွေ့ရတော့မယ်။ ဆိုတော့ အနဲဆုံး Storeprocedures တွေရေးမယ်ပေါ့။ အဲဒီမှာကို table တွေ link ရှိနေတာ၊ ဒေတာတွေကို ခွဲပြီး သိမ်းဆည်းတာ စတာတွေကို သိထားမှ Storeprocedures တွေရေးနိုင်မယ်။
3) System Analysis and Design သူကတော့ စိတ်မဝင်စားရင် အင်မတန်မှ အိပ်ငိုက်တဲ့ ဘာသာရပ်ပါ။ စိတ်ဝင်စားရင်တော့ တော်တော် ပျော်ဖို့ကောင်းတဲ့ ဘာသာရပ်ပါ။ သူကဘာတွေသင်မလဲဆိုတော့ Domain Knowledge ကို ဘယ်လိုရအောင်လေ့လာမလဲဆိုတာရယ်၊ သူ့ကို ပြန်ပြီးတော့ Computer Driven ဖြစ်အောင် ဘယ်လိုပြန်ပြီး ပုံစံပြောင်းကြမယ်ဆိုတာတွေကို သင်ကြားပေးတာပါ။ ဥပမာဆိုပါတော့၊ ၊ ကျွန်တော်တို့ ဘဏ်လုပ်ငန်းအကြောင်း အသေးစိတ် မသိကြဖူးပေါ့၊ ဒါပေမယ့် ဘဏ်လုပ်ငန်းက ကွန်ပျူတာစနစ်တတ်ဆင် အသုံးပြုခြင်တယ်ဆိုရင် သူတို့ နေ့စဉ် လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို လိုက်လေ့လာပြီး ကွန်ပျူတာနဲ့ ဘယ်လိုပြောင်းလုပ်ကြမယ်ဆိုတဲ့ အဆင့်ဆင့် အကောင် အထည်ဖေါ်တဲ့ အဆင့်များကို သင်ပေးပါတယ်။ ကျောင်းတွေမှာတော့ အခြေခံ အတွေးအခေါ်ကိုသာ ပေးလိုက်နိုင်ပြီးတော့ နောက်ပိုင်းမှသာ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ပြင်ပလေ့လာမှုများ အပေါ်မှာ အခြေခံလို့ Domain Knowledge ဘယ်လောက်ကောင်းတယ်ဆိုတာ ဖြစ်ပေါ်လာပါတယ်။ Domain Knowledge ဆိုတာ ဘာကြီးလဲလို့ ထပ်မေးကြမယ်ပေါ့။ သဘောကတော့ accounting အကြောင်း software ရေးမယ်ဆိုရင် account အကြောင်း တီးခေါက်မိထားရမယ်။ စတိုးဆိုင် ဈေးရောင်းစနစ်ဆိုရင်လဲ accounting နဲ့ စတိုပစ္စည်း အ၀င်အထွက်ကလေးတွေ သိထားရမယ်၊ ဒါမှသာလျှင် Customer က ကွန်ပျူတာစနစ်သုံးချင်ပါတယ် လုပ်ပေးပါဆိုလာရင် SE တွေက ယူဆာတွေရဲ့ ဘာလုပ်ချင်တာလဲ၊ ဘာလိုချင်တာလဲ စတာတွေကို မေးမြန်းကြတဲ့ အခါမယ် မှန်ကန်တဲ့ မေးခွန်းတွေ မေးမိမှာပါ။ အဲဒီနောက်ပိုင်းမှာမှ System Design တွေ စဉ်းစားမယ် ဆွဲမယ်၊ Database Design တွေစဉ်းစားမယ် ဆွဲမယ် စသဖြင့်လုပ်သွားနိုင်မှာပါ။ ဟိုး အရင်ကတော့ System Analyst နဲ့ Programmer ဆိုပြီးတော့ သီးခြား ခွဲထားကြပါတယ်။ ခုနောက်ပိုင်းတော့ SE ဟာ အဆင့်တိုင်းမှာ ပါဝင်ရပါတော့တယ်။ အလုပ်ထဲမှာတော့ Senior , junior ဆိုပြီးတော့ level ခွဲကာ တာဝန်အကုန်ယူချင်မှ ယူရမှာပါ။ သို့ပေမယ့် နောင်မှာ ဂျူနီယာလဲ စီနီယာဖြစ်လာရင် အဆင့်တိုင်းမှာ အကုန်လုပ်ရတော့မှာပါ။
4) Domain Knowledge (any area as much as you can learn) သူကတော့ သီးခြားသင်ပေးတာ မရှိဘူးဗျ။ ကိုယ့်ရဲ့ စူးစမ်းလေ့လာနိုင်စွမ်းအပေါ်မှာ မူတည်လို့ ဖြည့်ထားရမယ့် ability တစ်ခုပါ။ ကျွန်တော့အထင် အရင်က ဒီဟာ သိတ်အရေး မကြီးဘူးဗျ။ ဘာလို့လဲဆို လုပ်ငန်းကြီးတွေက ကွန်ပျူတာစနစ်ပြောင်းခြင်ရင် software company ကိုခေါ်ပြီး လေ့လာကြတယ်ပေါ့။ အဲဒီမှာ လနဲ့ချီပြီး သူတို့ Manual စနစ်ကို လေ့လာပြီးမှ Proposed Design ဆိုပြီးထုပ်ပေးတာဆိုတော့ လေ့လာရင်းသိသွားတာဘဲဗျ။ အဲနောက်တော့ ခေတ်ကကို အလျင်လိုလာတဲ့ အခါကြတော့ ကုန်ပဏီတွေက အချိန်အကြာကြီး မပေးနိုင်တော့ဘူး။ ဒီတော့ Domain Knowledge ပိုင်တဲ့ Software Company က Proposed System ကို မြန်မြန်ပေးနိုင်တာဘဲ၊ ဒါကြောင့် SE တွေမှာ Domain Knowledge ရှိရမယ်ဆိုတာ ဖြစ်လာတော့တာ ထင်ပါတယ်။
5) General Networking Knowledge Network Design ကြီးစဉ်းစားနိုင်တဲ့ အခြေအနေလောက်ကို ပြောတာမဟုတ်ပါ၊ ကိုယ့် program သေချာ အလုပ်မလုပ်တာဟာ Network Error ကြောင့်လား၊ network permission ကြောင့်လား။ စသဖြင့် ဆုံးဖြတ်နိုင်အောင်ပါ၊ Socket Programming တွေရေးရမှာဆိုရင်တော့ ပိုသိဖို့လိုပါတယ်။
Credit-Original

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...