slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Friday, April 8, 2016

အသက်ဝင်နေဆဲ မြန်မာ့ အရုပ်လေးများ





ဟိုးတုန်းက ကတည်းက ကလေးတွေ ဆော့စရာ အဖြစ်ရှိနေတဲ့ ပစ်တိုင်းထောင်ရုပ်၊ ဖိုးဝရုပ်၊ ဇီးကွက်ရုပ် လေးတွေဟာ ခုထိ အသက်ဝင်လို့ နေဆဲပါ။ ဘုရားပွဲတွေ၊ အလှူပွဲတွေနဲ့ အခြားသော ပွဲဈေးများမှာဆိုရင် သူတို့လေးတွေ နေရာယူ ရှိနေကြပါသေးတယ်။
မြင်တဲ့သူတိုင်းကလည်း အဲဒီ အရုပ်လေးတွေဆိုရင် အရမ်းချစ်ကြပါတယ်။ တစ်ရုပ်နဲ့ တစ်ရုပ် ဖန်တီးပုံခြင်းတော့ မတူကြပါဘူး။ တစ်ချို့ ဖိုးဝရုပ်လေးတွေမှာ ဆိုရင် ပါးကွက်ကြားလေးတွေတောင် ပါပြီး အရမ်းချစ်စရာ ကောင်းပါတယ်။ သို့သော် ယခုနောက်ပိုင်းမှာတော့ အဲလို အရုပ်လေးတွေ အစား ကလေးငယ်လေးများက အခြားသော နိုင်ငံခြားဖြစ် အရုပ်တွေကို ပြောင်းလဲ အသုံးပြုလာ ကြတာတွေလည်း ရှိပါတယ်။
တစ်ချို့ စေတီပုထိုးတွေမှာ ဆိုရင် မုဒ်ဦးဝမှာ ပစ်တိုင်းထောင် အရုပ်လေးကို ထုဆစ်ပုံဖော်ပြီး အသုံးပြုတာတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံးရင်ထဲမှာတော့ အဲဒီ အရုပ်လေးတွေဟာ ရှိနေ ပါသေးတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...