slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Friday, April 8, 2016

သင်္ကြန်

Yoyarlay's photo.

ညနေစောင်းပြီမို့ ကျွန်တော်တို့သူငယ်ချင်းများ နေအေးအေးတွင် ဆုံဖြစ်ကြသည်။နေ့အချိန်အပူ ချိန်ကြောင့် အပြင်မထွက်နိုင်သူများ နေအေးအေးတွင် လမ်းသို့ထွက်လာကြခြင်းဖြစ်သည်။ လမ်းအတွင်းရှိ လူငယ်အများမှာ မဟာသင်္ကြန်ကို ဆင်နွဲရန်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။ အချို့ကလည်း သင်္ကြန်မဏ္ဍတ်များ ဆောက်လုပ်နေကြပြီဖြစ်သည်။ မရိုးနိုင်သည့် သင်္ကြန်မင်းသားကြီး ဇော်ဝမ်း၏ သီချင်းများလည်း နေရာတိုင်းကို စိုးမိုးလို့ထားပြန်သည်။ ကျွန်တော်တို့သူငယ်ချင်းများလည်း ထိုင်နေကြ လက်ဘက်ရည်ဆိုင်သို့ ထွက်လာကြတော့သည်။

သူငယ်ချင်းကျောင်းဆရာက သင်္ကြန်ဆိုတာ ရေပက်တာတစ်ခုထဲကို ကိုယ်စားပြုတာမဟုတ်ပါဘူး ၊ မြန်မာ့ရိုးရာအစဉ်အလာနဲ့ နှစ်သစ်ကူး ကုသိုလ်ရေး၊ဘာသာရေး လုပ်ဆောင်ချက်တွေကို ကိုယ်စားပြုတာပါ။ဒါတင်မကသေးပါဘူး အခြားသော ယဉ်ကျေးမှု့ဆိုရာ အမှတ်အသားတွေ လူငယ်တွေက လူကြီးတွေကို ကန်တော့ပြီး အဆုံးအမခံတာတွေ စသည်ဖြင့် အလွန်ကြည်နူးဖွယ်ရာ ထုံးစံတွေနဲ့ ပြည့်နေတဲ့ မြန်မာ့ရိုးရာသင်္ကြန် ဖြစ်တယ် လို့သူက ပြောပြနေတော့ သည်။
သူငယ်ချင်းပြောသော မြန်မာ့ရိုးရာသင်္ကြန်သည် သိက္ခာရှိသော ယဉ်ကျေးမှု့သင်္ကြန်ဖြစ်သည်။သို့သော် ယခုအခါ ထိုယဉ်ကျေးမှု့ရိုးရာသင်္ကြန်ဆိုသည်မှာ ခေတ်ရေစီးတွင် မျှောပါရင်း အချို့သော အယူအဆတို့ ပျက်စီးခဲ့ရသည်။ယခု သင်္ကြန်ဆိုလျှင် အချို့သော လူငယ်များအနေဖြင့် ရေပက်မည် သောက်စား မူးယစ်မည်၊သရုပ်ပျက်ဝတ်စားမည် မိန်ကလေးများလည်း အမျိုးသားများနှင့်အပြိုင် သောက်စားကြမည် ထိုနောက်တွင် မလိုလားအပ်သော ကိစ္စများ များစွာဖြစ်ပေါ်လာတော့သည်။ထိုအကြောင်းအရာတို့သည် မြန်မာတို့၏ ယဉ်ကျေးမှု့ နှစ်သစ်ကူးပွဲတော်နှင့် မည်သို့မျှမသက်ဆိုင်သော အယူအဆတို့ဖြစ်သည်။ထိုကြောင့် ကျွန်တော်တို့ မြန်မာ့ဓလေ့ကို အလေးထားရန်လိုအပ်ကြောင်း ဆွေးနွေးကြပြန်သည်။ခေတ်လူငယ် ခေတ်အတွေးများဖြင့် တိုးတက်လာသော်လည်း လူမျိုးတစ်ခု ဘာသာတစ်ခု၏ ယဉ်ကျေးမှု့ကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း မှတ်ချက်ပြုကြပြန်သည်။
နေလည်းဝင်ပြီဖြစ်ရာ ကျွန်တော်တို့ သူငယ်ချင်း များလည်း လူစုခွဲခဲ့ကြသည်။ယခုတော့ ကျွန်တော်တို့ ငယ်စဉ်က ရိုးရာသင်္ကြန်ကို အမှတ်တရတွေးရင်း အိမ်သို့ပြန်ခဲ့တော့သည်။
လေပြေမောင် (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...