slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Tuesday, November 15, 2016

မြန်မာနိုင်ငံမှာရှိတဲ့ အချိန်ပိုင်းအလုပ်အကိုင်များ

ပြည်ပနိုင်ငံတွေမှာတော့ ကျောင်းသားတွေနဲ့ ငွေလိုသူတွေအတွက် အချိန်ပိုင်းအလုပ်အကိုင်တွေ အများအပြားရှိတတ်ကြပေမယ့် မြန်မာနိုင်ငံမှာတော့ အချိန်ပိုင်းလုပ်နိုင်တဲ့ အလုပ်တွေက ရှားပါတယ်။ ဒါပေမယ့် လုံးဝမရှိတာမျိုးတော့မဟုတ်ပဲ ကျောင်းတက်ရင်း ၀င်ငွေရှာလိုသူ လူငယ်များအတွက် သင့်တော်တဲ့ အချိန်ပိုင်းအလုပ်တစ်ချို့ကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။ ဒီထဲမှာ မပါဝင်တဲ့ အလုပ်မျိုးတွေလည်း ရှိနိုင်ပြီး သင့်ဘက်က လုပ်ချင်စိတ်နဲ့ သင့်တင့်တဲ့ ပညာအရည်အသွေးသာ ဖြည့်တင်းထားနိုင်ဖို့ လိုပါတယ်။ 

၁ - ဘာသာပြန် 

ယခုလက်ရှိအချိန်မှာ အွန်လိုင်းမီဒီယာတွေကလည်း အများအပြားထွက်ပေါ်လာပြီဖြစ်လို့ အင်တာနက်ကသတင်းတွေ၊ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဘာသာပြန်ဖော်ပြပေးနိုင်မယ့် စာရေးသူတွေကိုလည်း အလိုရှိလာကြပါတယ်။ ဒီအလုပ်တွေဟာ အချိန်ပြည့်အပြင် နေအိမ်မှနေလည်းလုပ်နိုင်ပြီး ဒီလိုဘာသာပြန်နိုင်ဖို့တော် အင်္ဂလိပ်စာ အဖတ်စွမ်းရည်နဲ့ မြန်မာစကားပြေအရေးအသား ကျွမ်းကျင်မှုရှိဖို့တော့ လိုပါလိမ့်မယ်။ ဒါ့အပြင် စာတွေကို ဘာသာပြန်တာမျိုးမဟုတ်ပဲ နိုင်ငံခြားသာ ကုမ္ပဏီတွေအတွက် နိုင်ငံခြားသားတွေ အလည်အပတ်လာတဲ့အခါ အချိန်ပိုင်းလိုက်လံရှင်းပြပေးနိုင်မယ့် စကားပြန်တွေဟာလည်း ၀င်ငွေကောင်းတာကို တွေ့ရပါတယ်။ 

၂ - အချိန်ပိုင်းစာသင်မယ် 

ဒါကတော့ အများစုနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မိမိသင်နိုင်မယ့် အသက်အရွယ်နဲ့ အတန်းကို ရွေးချယ်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ International School စတဲ့ ကျောင်းတွေက ကျောင်းသားတွေအတွက် Guide သဘောမျိုးဖြစ်စေ၊ ကျူရှင်ဆရာသဘောမျိုးဖြစ်စေ မိမိတတ်နိုင်သလော သင်ပေးနိုင်ပါတယ်။ အချို့ဆို တက္ကသိုလ်တက်ရင်း မိမိအောက်နှစ်က ညီငယ်၊ ညီမငယ်တွေကို Guide ပြန်လုပ်ပေးနိုင်တာမျိုးတောင် ရှိပါတယ်။ 

၃ - အွန်လိုင်းရှော့ပင်း 

ဒီအလုပ်ကလည်း ယခုနောက်ပိုင်း အရမ်းကို ခေတ်စားလာတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။ Facebook မှာ ပစ္စည်းအမျိုးအစားအလိုက် လက်ကားဈေး Wholesale ပေးတဲ့ Group တွေ အများအပြားရှိပြီး သူတို့တွေဆီကနေ ပစ္စည်းတွေမှာယူလို့ မိမိလိုသလောက် အမြတ်တင်ရောင်းချနိုင်ပါတယ်။ ဒါကလည်း တစ်နိုင်တစ်ပိုင်လုပ်နိုင်ပြီး မိတ်ဆွေများရင်များသလောက်၊ အပြောကောင်းရင် ကောင်းသလောက် ၀င်ငွေရနိုင်သလို ကျောင်းတက်ရင်း စီးပွားရေးအတွေ့အကြုံလည်း ရရှိနိုင်မှာပါ။ 

၎ - အချိန်ပိုင်းသူနာပြု 

ဒါကတော့ သူနာပြုသင်တန်းတွေလိုမျိုး သင်တန်းတွေ တက်ထားဖို့လိုပါတယ်။ တစ်ချို့သော အိမ်တွေမှာရှိတဲ့ အသက်ကြီးကြီး ဖိုးဖိုးဖွားဖွားတွေအတွက် ဆေးတိုက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ စသဖြင့် ကူဖော်လောင်ဖက်အနေနဲ့ သူနာပြုစစ်စစ်မဟုတ်ပဲ။ အပြုအစုကောင်းတဲ့သူမျိုးကို ခေါ်လေ့ရှိကြပါတယ်။ အိမ်ဖော်လို အောက်ခြေသိမ်းလုပ်ရတာမျိုးမဟုတ်ပဲ အလုပ်စ၀င်ကတည်းက လူကြီးများကို ပြုစုဖို့တစ်ခုတည်းသာ ညှိနှိုင်းထားသင့်ပါတယ်။ 

၅ - စားပွဲထိုး 

အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ မှတ်ယူရင်တော့ ဒါဟာ ရှက်စရာအလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သာမာန်ဆိုင်များအနေနဲ့ကတော့ အချိန်ပိုင်းစားပွဲထိုးဆိုတာမျိုး ခေါ်လေ့မရှိကြပေမယ့် Bar တွေလို၊ Japanese, Korean Restaurant တွေမှာတော့ တစ်ခါတစ်ရံ ညနေပိုင်းနဲ့ ညပိုင်းအတွက် အချိန်ပိုင်းစားပွဲထိုးတွေ ခေါ်လေ့ရှိကြပြီး ညမိုးချုပ်ထိတော့ အလုပ်ဆင်းရမှာပါ။ ဒီလိုဆိုင်မျိုးကလည်း ညဘက်မှ ဖွင့်ကြတာ များပါတယ်။ မိန်းကလေးတွေအနေနဲ့ကတော့ ဆိုင်နဲ့ တာဝန်ယူရမယ့်အပိုင်းအပေါ် ဆင်ခြင်ရွေးချယ်ဖို့တော့ လိုပါမယ်။

Credit - MoMoLay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...