slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Tuesday, November 15, 2016

စူပါမင်းတစ်ဦးဖြစ်အောင် ဘယ်လိုနေထိုင်မလဲ?


စူပါမင်းဆိုတာ စူပါစွမ်းအားတွေရှိမှ၊ လေပေါ်ပျံဝဲတတ်မှ၊ အာကာသရန်သူတွေကို တိုက်ခိုက်နိုင်မှ ဖြစ်တာမဟုတ်ပါဘူး။ ဒီလိုစွမ်းအားမျိုးဟာလည်း အမှန်တကယ်တော့ တကယ့်လူနေမှုဘ၀တစ်ခုအတွက် မလိုအပ်လှပါဘူး။ ဒါပေမယ့် လူမှုဘ၀ထဲမှာတော့ လူသားဆန်ဆန် သူရဲကောင်းစူပါမင်း ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့ ...

၁ - ကိုယ်ပိုင်ဖန်တီးပါ 

သင်သွားလိုတဲ့ ခရီးဆီကို သင်ကိုယ်တိုင် ဦးတည်ခြေလှမ်းမှသာ ရောက်ရှိနိုင်မှာပါ။ ကံဆိုတာ အလုပ်ဖြစ်ပြီး၊ မိမိဘ၀ရဲ့ ကံကောင်းခြင်း၊ မကောင်းခြင်းကို မိမိရဲ့ လုပ်ပုံကိုင်ပုံကသာ သတ်မှတ်ဆုံးဖြတ်တယ်လို့ ယုံကြည်ထားပါ။ သင့်အောင်မြင်မှုအတွက် သင်ကိုယ်တိုင် ကြိုးစားဖန်တီးရမှာ ဖြစ်ပါတယ်။ 

၂ - ကြောက်ရွံ့မှုကို ဖယ်ရှားပါ 

ဟိုကိစ္စကိုလုပ်လိုက်ရင် ဟိုလိုဆုံးရှုံးသွားမလား၊ ဒီဟာကြီးကို ငါလုပ်လို့ ဖြစ်ပါ့မလား၊ ငါဒီလောက် လုပ်နိုင်ပါ့မလား စတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့တဲ့ မေးခွန်းတွေကို ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပြီး အမှိုက်ပုံးထဲသို့ ပစ်ချထားလိုက်ပါ။ ကြောက်ရွံ့စိတ်တွေဟာ အောင်မြင်မှုဆီသွားနေတဲ့ လူတစ်ယောက်အတွက် အကြီးမားဆုံး အဟန့်အတားတွေ ဖြစ်ပါတယ်။ ဘာမဆို သင်လုပ်နိုင်ပါတယ်။


၃ - မတူကွဲပြား ထူးခြားပါစေ။ 

သူများရဲ့ အတွေအခေါ်အောက် လမ်းဟောင်းကြီးကို လိုက်နေတတ်တာဟာ သဘာဝစူပါမင်းတစ်ယောက်ရဲ့ အရည်အသွေး မဟုတ်ပါဘူး။ သင့်မှာ အများနဲ့မတူ ထူးခြားတဲ့ အတွေးအခေါ်၊ အသိပညာနဲ့ နည်းဗျူဟာတွေ ရှိသင့်ပါတယ်။ လမ်းသစ်ကို ဖောက်ထွက်နိုင်ဖို့ ကြိုးစားပါ။ လမ်းမှာ ဆူးညှောင့်နဲ့ ချိုင့်တွေရှိနေရင်လည်း သင်ဟာစူပါမင်းဖြစ်ချင်သူမို့ မဖြစ်မနေ ကျော်ဖြတ်ရပါမယ်။ 

၎ - ဦးနှောက်နဲ့ စိတ်ကို အမြဲလေ့ကျင့်ခန်းလုပ်ခိုင်းပါ။ 

သူများနဲ့မတူ ထူးခြားတဲ့သူတစ်ဦးဖြစ်ချင်သူဟာ ပညာဗဟုသုတနဲ့ စိတ်ခွန်အားဆိုတဲ့ နေရာမှာလည်း အရည်အသွေးက မှတ်ကျောက်တင်ခံနိုင်လောက်အောင် ဒေါင်ဒေါင်မြည် ဖြစ်နေဖို့ အရေးကြီးပါတယ်။ စာအုပ်စာပေဟာ ကုလားမိတ်ဆွေ မဟုတ်ပါဘူး၊ သင့်မိတ်ဆွေပါ။ ထို့အတူ နေ့စဉ်လူနေမှု ဘ၀ထဲမှာလည်း ပညာရှာမှီးနိုင်ပါသေးတယ်။


၅ - လမ်းကြောင်းဆွဲပါ။ 

သွားချင်ရာ သွားမယ်ကွာဆိုရင် ရောက်ချင်ရာတွေ ရောက်သွားမှာပေါ့။ စူပါမင်းတစ်ဦးမှာ ခိုင်မာတဲ့ ဦးတည်ချက်တစ်ခုဟာ မဖြစ်မနေ ရှိကိုရှိသင့်ပါတယ်။ ခရီးဟာ နည်းသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ အချိန်တိုင်း Google Map ထုတ်ထုတ်ကြည့်နေရခြင်းထက်၊ မိမိသွားမယ့် လမ်းကြောင်းကို မိမိကိုယ်တောင် ကောင်းကောင်းကြီး သိနေခြင်းက လမ်းကြောင်းမှန်ပေါ်က သွေဖီသွားဖို့ အခွင့်အရေး နည်းသွားပြီလေ။ 

အားလုံးပဲ စူပါမင်း တစ်ဦးကဲ့သို့ ခွန်အားကြီးကြီးနှင့် ဘ၀ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ။ 


Credit - MoMoLay 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...