slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Tuesday, November 15, 2016

အလုပ်ရှာနေသူတွေ သိထားသင့်တဲ့ အချက် ( ၅ ) ချက်


(၁) ကိုယ့်ရဲ့ကောလိပ်က မေဂျာတွေ၊ ဘာနဲ့ဘွဲ့ရထားတယ်ဆိုတာတွေက သိပ်အရေးမကြီးပါဘူး။ 
အဓိကက ကိုယ်သွားလျှောက်ထားမယ့် ရာထူးနဲ့ ကိုက်ညီပြီး ပြည့်စုံတဲ့အရည်အချင်း ကိုယ့်မှာရှိနေတယ်ဆိုတာ ပြဖို့ပါပဲ။
(၂) အင်တာဗျူးတွေသွားတဲ့အခါ ဧည့်ကြိုကောင်တာမှာရှိတဲ့လူတွေကနေစပြီး ဖော်ရွေစွာ ဆက်ဆံတတ်ပါစေ။ ဘာလို့လည်းဆိုတော့ သူတို့တွေက သင်မသိထားသေးတာတွေကို အများကြီးသိနေလို့ပါပဲ။
(၃) အလုပ်ရစေဖို့ နံပါတ်တစ်အရေးကြီးဆုံးအချက်က ကိုယ်ဟာ နှစ်လိုဖွယ်ကောင်းတဲ့လူဆိုတာကို အလုပ်ရှင်နဲ့ ကိုယ့်ကို အင်တာဗျူးလုပ်နေတဲ့လူကို သိစေဖို့ပါ။ 
ဘာလို့လည်းဆိုတော့ တခါတလေမှာ သူတို့နဲ့ စကားလက်ဆုံကျလို့ အဆင်ပြေမယ့်လူတွေကို အလုပ်ခန့်နိုင်လို့ပါပဲ။
(၄) ကိုယ်ဟာ ကုမ္ပဏီကပေးမယ့်အခွင့်အရေးတွေကို စောင့်မျှော်နေတဲ့လူမျိုးမဟုတ်ဘဲ ရေရှည်တိုးတက်ဖို့ကို ပိုမျှော်လင့်တဲ့လူဆိုတာ ပြသပါ။ 
လုပ်ငန်းခွင်တဲ့မှာ မတူကွဲပြားတဲ့ ဝန်ထမ်းတွေနဲ့ တွဲဖက်လုပ်ဆောင်ပြီး အောင်မြင်မှုကို ရှေ့ရှုတဲ့လူမျိုးဖြစ်တယ်ဆိုတာ ကိုယ့်ကိုအင်တာဗျူးတဲ့လူ သိရှိနိုင်ပါစေ။
(၅) အကောင်းဆုံးလုပ်နိုင်ပါတယ်ဆိုတာမျိုးချည်း ချပြမနေဘဲ ကိုယ်က သမားရိုးကျကနေ ကွဲပြားတဲ့ စိတ်ကူးနဲ့ လူဆိုတာ ပြသပါ။ ကိုယ်ဟာ ကုမ္ပဏီအတွက် အချိန်တိုအတွင်း တိုးတက်စေမယ့် စိတ်ကူးသစ် နည်းလမ်း ကောင်းတွေကို သယ်လာနိုင်သူဆိုတာကို သိရှိပါစေ။

 credit - work.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...