slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Sunday, August 24, 2014

ကိုယ်​စိတ်​၀င်​စား​နေတဲ့ မိန်းက​လေးတစ်​​ယောက်​နဲ့စကား​ပြောရာမှာ ​ရှောင်​ကြဉ်​ရမယ့်​ အမှား(၇)ခု

ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်ကို
ချဉ်းကပ်ရာမှာ ပထမဆုံး သတိပြုရမှာက စကားအပြောအဆိုပါပဲ။ ဒါဟာ တော်တော်လေး အရေးပါသလို ကိုယ်ပြောဆိုတတ်ရင် တတ်သလောက် တစ်ဖက်လူကို ကြွေသွားစေမှာပဲ မဟုတ်လား။ ဒီတော့ ဘယ်လိုအချက်မျိုးတွေ ရှောင်ပြီး ဘယ်အရာကို အလေးပေးသင့်သလဲဆိုတာ ပြောပြချင်ပါတယ်။
၁။ တစ်ဖက်လူ ပြောတဲ့စကားကို သေချာနားထောင်ပေးပါ။
သူမ ပြောနေတာကို နားမထောင်ချင်သလိုလို၊ စိတ်မ၀င်စားသလိုလို မလုပ်မိပါစေနဲ့။ ဘာအကြောင်းအရာမျိုးကို ပြောနေတာလဲဆိုတာ သင်စိတ်ဝင်တစား နားထောင်နေလား၊ ဟန်ဆောင်ခေါင်းညိမ့်နေတာလား ဆိုတာ တစ်ဖက်လူက သိရှိခံစားမိတယ်ဆိုတာ မယုံရှိပါနဲ့။ ဒီတော့ သူမပြောပြီးသွားတဲ့အခါ သင့်ဘက်ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ ပြန်မေးတာမျိုး၊ သူမပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်ပြောတာမျိုးတွေ လုပ်ပေးလိုက်ပါ။
၂။ တစ်ဖက်လူကို စိတ်ရှုပ်အောင် မလုပ်လိုက်ပါနဲ့။
ကိုယ်စိတ်ဝင်စားနေရတဲ့သူ ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်ရာမှာ တစ်ဖက်လူ စိတ်ရှုပ်စေမယ့် မေးခွန်းတွေ အတင်းမေးတာမျိုးတွေ၊ မသင့်လျော်တဲ့ အကြောင်းအရာတွေ ပြောတာမျိုးတွေ ရှောင်သင့်ပါတယ်။ တစ်ခါစိတ်ရှုပ်သွားတာနဲ့ တစ်သက်လုံး အာရုံနောက်ရမယ် အမှတ်နဲ့ သင့်ကို ထည့်စဉ်းစားမှာ မဟုတ်တော့ပါဘူး။
၃။စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်း ပြောပါ။
မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ သိပ်အဆင်ပြေတတ်တာမျိုး၊ မပြောတတ်တာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူတွေ အများကြီးပါ။ ခုလည်း ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ စကားပြောနေရတာမို့ စိတ်လှုပ်ရှားတာ၊ ရင်ခုန်တာမျိုး တွေရှိနေနိုင်ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ အသံကိုတိုးတိုးလေး ပြောတာမျိုးတွေ၊ မြန်မြန်ပြောတာမျိုးတွေ မလုပ်မိပါစေနဲ့။ လေသံကို ချိန်ဆပြီး ရှင်းရှင်းလင်းလင်း ပြောပါ။
၎။ကိုယ်ချည်းပဲ မရပ်မနား စကားပြောနေတာမျိုး မလုပ်မိပါစေနဲ့။
စတွေ့ကတည်းက ကိုယ်ချည်းပဲ ဆက်တိုက်ဆိုသလို စကားတွေ ပြောနေမိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေချည်း သူ့ကို ပြောခွင့်မပေးပဲ ဆက်တိုက်ပြောနေမယ်ဆိုရင် တစ်ဖက်လူလည်း စိတ်ညစ်လာမှာ အမှန်ပါပဲ။ မိန်းကလေးတွေဟာ သူတို့စကားပြောတဲ့အခါ ဂရုတစိုက်နားထောင်တတ်တဲ့ သူတွေကို သဘောကျတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။
၅။ငြင်းခုန်ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။
သူနဲ့ကိုယ်ခုမှ ချစ်သူတွေတောင် မဖြစ်သေးပဲ စကားလေးတစ်ခွန်းပြောလိုက်တာနဲ့ ကိုယ်ကလိုက်ငြင်းပြောဆိုနေမယ်ဆိုရင်တော့ ဒီတစ်ခါဆုံပြီး နောက်တစ်ခါ သင့်ကို လာတွေ့ဖို့ သူမငြင်းဆန်နိုင်တဲ့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ။
၆။သူမနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ပါ။
မိန်းကလေးတွေနဲ့ ပတ်သက်နေကျ မဟုတ်တဲ့အတွက် သူမနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်ရဲဘူးဆိုရင်တောင် ဒီတစ်ခါတော့ အားမွေးပြီး မျက်လုံးချင်းဆုံအောင်ကြည့်ပြီး စကားပြောပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းမရှိခြင်းဟာ သင့်မျက်လုံးက သူမကို ပြောပြနေတဲ့ အရာတွေထဲက တစ်ခုဆိုတာ မမေ့ပါနဲ့။ ဘယ်မိန်းကလေးမဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ယောင်္ကျားတွေကို ရင်ခုန်ကြမှာပါ။
၇။ဆဲရေးပြောဆိုတတ်တဲ့ အကျင့်ကို ဖျောက်ပါ။
ယောင်္ကျားလေးသူငယ်ချင်း အချင်းချင်း စကားပြောတဲ့အခါ ထည့်သုံးလေ့ရှိတဲ့ စကားလုံးရိုင်းရိုင်းတွေ၊ ဆဲရေးတိုင်းထွာတာမျိုးတွေ သူမနဲ့ စကားပြောတဲ့အခါ ရှောင်ပါ။ မပြောမိစေဖို့ သတိထားရမှာပါ။
Ref:mensxp.com

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...