slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, May 25, 2016

အောင်မြင်သူတို့ လျှောက်လှမ်းရာ

IT ပညာရပ်ကို လေ့လာနေတဲ့ ညီငယ်၊ ညီမငယ်များ မဖြစ်မနေ ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
ကောက်နှုတ်ချက်။ ။
အပြင်မှာ တက်စရာ သင်တန်းကလည်း ကုန်ပြီ ။ ကုန်သွားတဲ့ အချိန်တွေ ပိုက်ဆံတွေကလည်း မနည်းဘူး ။ အဲတုန်းက ကျွန်တော် လေ့လာနေတာက Programming , Database ... Networking ဆိုတာ ကျွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်တယ် ဆိုတာပဲသိတယ်။ Programming, Database Concepts တွေလည်း အစွမ်းရှိသလောက် လေ့လာထားပြီးပြီ။ ပိုက်ဆံဘယ်လောက်ရမလဲဆိုတာ ကို မစဉ်းစားနိုင်သေးဘူး။ depression က ငရဲ ရောက်နေပြီ ။
...
မေး - ခု မြန်မာပြည်မှာ IT Background မရှိပေမယ့် စိတ်ဝင်တစား လုပ်ချင်သူတွေ အများကြီးပဲ။ သူတို့ကို ဘယ်လို မြင်ပြီး ဘယ်လို ကူညီ၊ အကြံပေးနိုင်မလဲ။
လူတစ်ယောက်က ဖြစ်ချင်တယ်ဆိုရင် အဓိကက Passion ပါပဲ။ ဘာပဲ ဖြစ်နေဖြစ်နေပေါ့။ ပညာတစ်ခုကို လေ့လာဖို့ အတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အသက် နဲ့လည်းမဆိုင်ပါဘူး။ စိတ်ပါတဲ့ တစ်နေ့ တစ်စိုက်မက်မက် လုပ်သွားရင် ဖြစ်ကိုဖြစ်လာမှာပါ။
ကျနော်အခုလက်ရှိ အိုင်တီ Background မရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အိုင်တီပရော်ရှင်နယ် လမ်းကြောင်းပေါ်ရောက်အောင် ကူညီ၊ သင်ကြား ပေးခဲ့ပြီးပြီ။ ဒီတော့ ကျနော် ဘာသတိထားမိသွားသလဲ ဆိုရင် သူတို့ရဲ့  စိတ်ဝင်တစားနဲ့ လေ့လာသင်ယူမှုက ပိုအရေးပါတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
မေး - လက်ရှိ မြန်မာပြည်မှာ Network Engineer ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေကို အားပေးစကားလေး ပြောပေးပါအုံး။
ကြိုးစားပါ။ သင်ယူပါ။ အိပ်မက်ကို လက်တွေ့အကောင်အထည်ပါ။ ပရော်ဖက်ရှင် တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် ဘွဲ့လက်မှတ်ကို Target ထား ကြိုးစားတာမျိုး မလုပ်ပါနဲ့။ တကယ် သိအောင်၊ တတ်အောင် လုပ်ပါ။ Passion ရှိပါ။ Passion မပါပဲ ပညာတစ်ခု ကို ကြိုးစား လေ့လာရင် နေရာတစ်ခုမှာ ရပ်တန့်သွားပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ အသက်အရွယ်ထက် ပညာအနုအရင့်ကသာ ဘဝရဲ့  အဓိပ္ပါယ်ကို သေချာ ဖော်ဆောင်ပေးပါ လိမ့်မယ်။

ကျနော် စင်္ကာပူ ရောက်တုန်းရောက်ခိုက် မြန်မာလူမျိုး အိုင်တီလောက သား အချို့ နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ စင်္ကာပူရောက်တော့မှာ လုပ်ငန်းခွင်မှာ တကယ် ဦးဆောင်နေကြတဲ့ အိုင်တီပရော်ဖက်ရှင်နယ် အမြောက်အများ တွေ့ခဲ့ ရပါတယ်။ အားလည်းအားရတယ်။ ဂုဏ်လည်းဂုဏ်ယူ မိပါတယ်။ ယင်းထဲမှာ လုပ်ငန်းခွင်အတွင်း ဦးဆောင်နေတဲ့ အိုင်တီ ပရော်ဖက်ရှင် တစ်ဦးဖြစ်တဲ့ မန္တလေးသား ကိုစိုင်းလင်းသူနဲ့ စတင်မိတ်ဆက်ပေးရတာပေါ့။



သူက လက်ရှိ Fujitsu မှာ Senior Network Engineer ပါ။ သူရခဲ့တဲ့ ဘွဲ့တွေ၊ အောင်မြင်ထားတဲ့ ပညာအရည်အချင်းတွေကို တစ်ခုချင်း ပြရမယ် ဆိုရင် -
B.C.Sc (Bachelor of Computer Science) - UCSM
MCSE+Security and Messaging
CCNA, CCNP, CCIE (Routing, Switching and Service Provider: Written)
JNCIS (Juniper Network Certified Internet Specialist)
ITIL ISO 20,000
Scholarship Candidate of International MBA Program, GLOBIS Univertisy Japan.
အသက် ၂၈ နှစ်ပဲ ရှိပါသေးတယ်။ သူဘယ်လိုကြိုးစားခဲ့သလဲ။ ဘဝကိုဘယ်လို ဖြတ်သန်းခဲ့လဲ။ ဘယ်လိုခံယူချက်ရှိသလဲ အစရှိသဖြင့် စပ်စုမိခဲ့ကြည့်ပါတယ်။ ခု ကျနော် စပ်စုခဲ့တာလေးတွေ ပြန်ချပြရတာပေါ့။
မေး - ၁၀တန်းအောင်ပြီးတဲ့ အချိန်ကစပြီး ပညာရပ်ပိုင်းဆိုင်ရာ လေ့လာခဲ့သမျှ Learning Journey နဲ့ Singapore မှာ Network Engineer အလုပ်ရဖို့ ဘယ်လို ဖြတ်သန်းခဲ့ရတယ် ဆိုတာကို ပြောပြပါဦး။
ဖြေ - ၁၀ တန်း အောင်တော့ ကျွန်တော့အမှတ်က Medical တက်ခွင့်ရပါတယ် (Year 2002) ။ ငယ်ငယ်ကတော့ ဆရာဝန်ဖြစ်ချင်ခဲ့တယ်။ မိဘတွေကတော့ ကျွန်တော် လုပ်ချင်တာကိုပဲ သူတို့ support လုပ်ပါမယ်တဲ့ ။ ကံကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက မိဘတွေ အတော်များများရဲ့ အတွေးအခေါ်တွေက Medical မတက်တော့ရင်ဘဲ ဘ၀မှာ ရှုံးနိမ့်တော့မလိုလိုနဲု့ ဇွတ်လုပ်ခိုင်းပါတယ်။ သားသမီးတွေရဲ့ interest ကို မမေးဘူး။ အဲဒီ problem ရဲ့impact ဟာ ဆယ်စုနှစ် တစ်ခုကြာတဲ့ အခါမှာ ကျွန်တော် တွေ့လာရတယ်။ အရမ်းကို ၀မ်းနည်းစရာ ကောင်းပါတယ်။
ကျွန်တော် ၁၀တန်း စာမေးပွဲဖြေခါနီး 3 months လောက်အလို Information Technology ဆိုတဲ့ စကားလုံးကို ကြားလိုက်မိတယ်။ ကျွန်တော်နားလည်လိုက်တာက “Information Technology = Computer” ဆိုပြီး။ ဒါနဲ့ University of Computer Studies, Mandalay မှာ တက်မယ်ပေါ့။ ကျောင်းမတက်ခင် Computer သင်တန်းလေးတွေ တက်တာပေါ့။
A+, BASICA, C, C++, Visual Basic Programming, SQL, MySQL စုံနေတာပဲ။ အိမ်မှာ “Self-Study” လုပ်တာ 80% , သင်တန်းတွေဆီက 20% Guide လိုင်းယူ။ 80/20 Rule သဘောတရားကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ အဲတုန်းက Mandalay မှာ ကျွန်တော့ရဲ့ အားကိုးရာက “National CD” ဆို်င်က “Ebooks” တွေနဲ့ British Council Library ။
University မတက်ခင်ကတည်းက အဲဒီမှာ သင်မဲ့ စာအုပ်တွေကို ကြိုတင်ရှာပြီး ဖတ်ထားခဲ့ပါတယ်။ ကျွန်တော် စာဖတ်ရင်းနဲ့ Internet ဆိုတာ သိတဲ့အချိန်မှာ စာအုပ်ပေါ်မှာပဲ ရှိပါသေးတယ်။ ဒီလိုနဲ့ပဲ စမ်းတ၀ါးဝါးနဲ့ မပြည့်မစုံနဲ့ လျှောက်ခဲ့ရတယ်။
ကျွန်တော် ယုံကြည်တဲ့ the way of learning ကို ကျွန်တော် ဆက်လျှောက်ခဲ့တယ်။ ဒီလိုနဲ့ပဲ Bachelor of Computer Science ကို ရခဲ့တယ်။ ဘွဲ့လည်း ရပြီ။ အပြင်မှာ တက်စရာ သင်တန်းကလည်း ကုန်ပြီ ။ ကုန်သွားတဲ့ အချိန်တွေ ပိုက်ဆံတွေကလည်း မနည်းဘူး ။ အဲတုန်းက ကျွန်တော် လေ့လာနေတာက Programming , Database ... Networking ဆိုတာ ကျွန်ပျူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်တယ် ဆိုတာပဲသိတယ်။ Programming, Database Concepts တွေလည်း အစွမ်းရှိသလောက် လေ့လာထားပြီးပြီ။ ပိုက်ဆံဘယ်လောက်ရမလဲဆိုတာ ကို မစဉ်းစားနိုင်သေးဘူး။ depression က ငရဲ ရောက်နေပြီ ။
ကျွန်တော်က IADCS (UK) ပြီးထားခဲ့တယ်… ကျွန်တော် အဲဒီ နောက်ဆုံးနှစ်မှာ သင်မဲ့ course ကို ကြည့်လိုက်တယ် … ဖတ်ရမဲ့ စာအုပ်တွေကို ကြည့်လိုက်ပြီး ကျွန်တော် သွားမတက်ဘူးလို့ ဆုံးဖြတ်လိုက်တယ် … ကျွန်တော့ကို ကျွန်တော်သုံးသပ်ကြည့်တယ်။
ကျွန်တော် လိုနေတာက စင်ကာပူမှာ ကျောင်းဆက်တက်ဖို့ မဟုတ်ဘူး … ကျွန်တော် လိုနေတာက ကျွန်တော်လေ့လာထားတဲ့ ပညာရပ်နဲ့ အလုပ်လုပ်ဖို့ အချိန်တန်နေပြီ ဆိုတာရယ် ။ နောက်အရေးကြီးတာ တစ်ခုကို သတိထားမိလိုက်တာက ကျွန်တော်တတ်ထားဖတ်ထားသင်ထားတဲ့ knowledge တွေက အလုပ်လုပ်လို့ရပါ့မလားဆိုတာကို ကျွန်တော် သတိထားမိလိုက်တယ် … မရသေးဘူးဆိုတဲ့ အဖြေထွက်လာတယ် … အဲတော့ အလုပ်ရဖို့ ဘာလိုလဲ လိုက်ရှာတော့ Microsoft Certified Systems Engineer Certification တွေကို သွားတွေ့တယ် … အဲဒီမှာ ကျွန်တော် စဉ်းစားတယ် Professional Specialization တစ်ခု ရွေးရတော့မယ် ။ Programming လုပ်မလား Networking လုပ်မလားပေါ့ ။
Networking လုပ်မယ်ဆိုပြီး ရွေးချယ်ဖြစ်ခဲ့တယ် … Mandalay မှာပဲ ထုံးစံအတိုင်း စမ်းတ၀ါးဝါးနဲ့ Self-Study လုပ်ရင်းပေါ့ … အဲဒီတုန်းက Mandalay က သူငယ်ချင်း လေးယောက်လောက်က အရင် လုပ်နေကြပြီ … သူတို့ကို မေးမြန်းပေါ့ … သူတို့လည်း စမ်းတ၀ါးဝါးနဲ့ပဲ ကူညီလုပ်ကိုင် ကြတာပေါ့ …
အားလုံးက MCSE ပြီးရင် စင်ကာပူမှာ အလုပ်သွားရှာမယ် … တစ်လကို SGD 1800 အနည်းဆုံးရမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့ … 2 years လောက်လေ့လာပြီးတော့ MCSE ဖြစ်သွားတယ် … ကျနော် အဲ့ဒီနောက် ပရော်ဖက်ရှင်နယ် Network Engineer အလုပ်တွေမှာ ဘယ်လို အရည်အချင်း တွေ လိုသေးလဲ ဆိုတာကို ထပ်ရှာ ကြည့်တယ်။ CCNA Certification ကိုထပ်ပြီးလေ့လာ ရမယ်ဆိုတာကို သိလိုက်ရပြီး နောက်ထပ် CCNA ကို ဆက်လေ့လာဖြစ်ခဲ့တယ်။ အဲ့ဒီနောက် စင်္ကာပူကို CCNA စာမေးပွဲဖြေဖို့ ထွက်လာခဲ့တယ်။ CCNA စာမေးပွဲအောင်ပြီးတော့ ကျနော် Network Support Engineer အဖြစ် ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့တယ်။
မေး - အလုပ်စ၀င်တဲ့ အချိန်ကနေပြီး ဘယ်လို အခက်အခဲတွေ စတွေ့ရပါသလဲ။
ဖြေ - မပြည့်မစုံနဲ့ လေ့လာခဲ့ရတာဆိုတော့ အလုပ်စ၀င်ခါစမှာ အခက်အခဲတွေအများကြီးပဲ … ကျွန်တော့တုန်းက MCSE, CCNA တို့ကိုလေ့လာခဲ့တာ Lab မပြည့်မစုံနဲ့လေ။ … ပြီးရင် senior တွေကို မေးမြန်းရတာပေါ့ … ဖြည်းဖြည်းချင်းနဲ့ ကိုယ့်မှာ လိုအပ်တာတွေကို ဖြည့်သွားရတာပေါ့ … Continuous Learning ပေါ့ …
မေး - စင်ကာပူမှာ အလုပ်စပြီး လုပ်ခဲ့တဲ့ ပထမဆုံးနေ့က အတွေ့အကြုံကို ပြောပြစေချင်ပါတယ်။
ဘယ်တော့မှ မမေ့နိုင်တဲ့နေ့ပေါ့ဗျာ … မန်နေဂျာက Cisco Firewall ကို IOS Upgrade လုပ်ခိုင်းတယ် … Firewall ဆိုတာ မြန်မာနိုင်ငံမှာတုန်းက Photo ပဲ မြင်ဖူးတာ … ဘယ်လိုလုပ်တတ်မှာတုန်း … အင်တာနက်ဆိုတာလည်း စင်ကာပူရောက်မှာပဲ အားရပါးရသုံးဖူးတာ … Google မှာရှာပြီး လုပ်တာပဲ … ရုံးသာဆင်းသွားတယ် မရဘူး … အလုပ်တော့ ပြုတ်ပြီပေါ့ … ကံကောင်းတယ် ဘာမှမပြောဘူး … သင်ပေးတယ် … ကိုယ့်အခြေအနေကို သိလိုက်တယ် … အဲဒီမှာ အရင်ကထက် ပိုပြီးတော့ကို လေ့လာတယ် စာတွေဖတ်တယ်...
မေး - International Corporation တစ်ခုမှာ အလုပ်လုပ်ရတဲ့ အတွေ့အကြုံနဲ့ မြန်မာနိုင်ငံမှာ လုပ်ခဲ့တုံးက အတွေ့အကြုံခြင်း နှိုင်း ယှဉ်ပြစေချင်ပါတယ်။
ကျွန်တော် လေ့လာမိသလောက်က International Corporation မှာ အလုပ်လုပ်တဲ့ ပုံစံတွေက အရမ်းစနစ်ကျတယ် … ပြီးတော့ လူမှန်နေရာမှန်ရှိတယ် … ပြောချင်တာက မန်နေဂျာ responsibility နေရာ အတွက် အဲဒီ responsibility ကို လုပ်နိုင်မဲ့ အရည်အချင်းရှိတဲ့ လူကိုပဲ ခန့်ထားတယ် … လူတိုင်းက ကိုယ့် responsibility ဆိုတာဘာလဲသေချာသိတယ် … အဲဒီ responsibility အတွက် ဘာ skills တွေလိုလဲ သေချာသိတယ် … လိုအပ်တဲ့ skills တွေကို လည်း ပြောနေစရာမလိုဘဲ ကိုယ်တိုင် ဖြည့်ဆည်းကြတယ် … Self-Awareness ရှိကြတယ် … ကိုယ့်ကိုကိုယ် အမြဲသုံးသပ်တတ်တဲ့ အလေ့အကျင့်တွေ ရှိတာကို တွေ့ရတယ် … ပြီးတော့ ကိုယ့်ကိုကိုယ် ဒီထက်တိုးတက်အောင် ဘာတွေဆက်လုပ်ရမယ် ဆိုတဲ့ plan တွေ လူတိုင်းမှာ ရှိကြတာကို တွေ့ရတယ် … vision & mission ရှိတယ် …
မေး -မြန်မာလူမျိုးတစ်ယောက် Network Engineer တစ်ယောက်အနဲ့ ရပ်တည်ရ တာ တခြားနိုင်ငံသားတွေ နဲ့ ဘယ်လို ကွာခြားမှုရှိမယ်ထင်ပါလဲ။
ဘာမှ သိပ်ပြီး ကွာခြားမှုမရှိပါဘူး … လူလူချင်း အတူတူပါပဲ … အခက်အခဲလေးတစ်ခု သတိထားမိတာကတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေက တခြား Indonesia, Malaysia, Filipino တွေနဲ့ ယှဉ်ရင် Communication Skills အားနည်းတယ်လို့ အတော်များများ လက်ခံထားကြတယ်။ … ကိုယ်အားနည်းတာကိုသိရင် အားသာလာအောင် ဖြည့်ဆည်းလိုက်တာပေါ့ဗျာ … မခက်ပါဘူး …
မေး - Foreign Talents တွေ အချင်းချင်း ယှဉ်ပြိုင်ရတဲ့အခါမှာ ဘယ်လို အတွေ့အကြုံတွေ ရခဲ့ပါလဲ။
အများကြီးရတာပေါ့ … ကျွန်တော် ဒီမှာ လုပ်နေရတဲ့ Servers တွေ Routers တွေ Switches တွေ မြန်မာနိုင်ငံမှာတုန်းက မြင်တောင် မမြင်ဖူးခဲ့ဘူး … သူတို့တွေက ထမင်းစားရေသောက် အကျွမ်းတ၀င်ဖြစ်နေပြီးသား … Technical Skills, Soft Skills, Management Skills အများကြီးပဲ … သူတို့ရဲ့ Cooperation နဲ့ Collaboration Skills တွေက ကျွန်တော့ အတွက် အတုယူလိုက်နာစရာတွေပါ … တစ်နေ့ထက် တစ်နေ့ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေကို လေ့လာနေရတာကိုက ကျွန်တော့အတွက်တော့ ကျေနပ်စရာတွေချည်းပါပဲ …
မေး - Carrer ကို Develop လုပ်ဖို့ ဘယ်အရာတွေက မရှိအဖြစ် လိုအပ်မယ်လို့ ထင်ပါလဲ။
Subject Matters Experts တွေဆီကနေ အမြဲ လေ့လာသင်ယူနေရမယ် … သတင်းတွေ စာတွေ အမြဲ ဖတ်နေရမယ် … လိုအပ်တဲ့ သင်တန်းတွေ ရှာဖွေပြီး တက်ရမယ် … ဒီက Multinational Corporations (MNC) တွေမှာ ၀န်ထမ်းတွေ အတွက် Career Development Plans တွေ ရှိတယ် … ၀န်ထမ်းတစ်ယောက်ချင်းစီအတွက် မန်နေဂျာတွေကို တာဝန်ပေးထားတယ် … သူ့ team က လူတွေရဲ့ career development အတွက် သူ့မှာ တာဝန်ရှိတယ် … ကိုယ့် မန်နေဂျာနဲ့ Yearly discuss လုပ်ရတယ် … ဒီနှစ်မှာ ကိုယ်ဘာတွေလုပ်မယ် … company အတွက် … team အတွက် “improvement ideas” တွေ … personal development အတွက် plan တွေကို ရေးပြီး တင်ရတယ် … KPI (Key Performance Indicators) လို့ခေါ်တယ် … အဲလို စနစ်တွေ ချထားပေးပြီးသား …
မေး - International Corporation တစ်ခုရဲ့ Work Flow က ဘယ်လိုမျိုးရှိပါလဲ။
အထက်က ပြောခဲ့သလိုပါပဲ… လူမှန်နေရာမှန်ရှိတယ် … Process တွေတိတိကျကျ ရှိတယ် … အဲဒါကို ရှင်းပြရင်တော့ အရှည်ကြီးပဲ … e.g : Problem Management , Change Management, Incident Management, Disaster Recovery Planning, Business continuity Planning, etc
မေး - Professional တစ်ယောက်ရဲ့ Certicate နဲ့ Experience ကို နိုင်ငံတကာမှာ ဘယ်လို သဘောထားပါလဲ။
Microsoft တို့ Cisco တို့ Certifications တွေက Globally Recognized ပါ … ကိုယ်တွေ့ ကိုယ်တွေ့ …
Systems Engineer/Network Engineer Job Vacancy Requirements တွေမှာ ကြည့်လိုက်ရင် တွေ့နိုင်ပါတယ် …
မေး - Certifications နဲ့ Experience ကို ဘယ်လို အခြေအနေမျိုးမှာ လိုအပ်ပါလဲ။
Certifications, Degree တွေက အင်တာဗျူး ရဖို့အတွက်ထိ အထောက်အကူပေးပါတယ် … အလုပ်ခွင်ထဲမှာတော့ ကိုယ့်ရဲ့ Certifications တွေ Degree ထက် ကိုယ် ဘယ်လောက် Professionally အလုပ်လုပ်နိုင်တယ် Project တစ်ခုကို ဘယ်လို handle လုပ်နိုင်တယ် ဆိုတဲ့ တကယ့်အရည်အချင်းကိုပဲ ကြည့်ကြတော့တာပါ …
မေး - International Corporation တစ်ခုမှာ အလုပ်ရဖို့အတွက် ဘယ်လို ပြင်ဆင်ရပါမလဲ။
ဒါက လွယ်ပါတယ် … e.g: Google or Facebook မှာ Network Engineer အလုပ်ရချင်တယ် ဆိုပါစို့ … Facebook ရဲ့ Network Engineer တစ်ယောက် အလုပ်ကြော်ငြာမှာ ဘာ Requirements တွေ လိုတယ် … ဘယ်လို Responsibilities တွေယူရမယ် ဆိုတာ ရေးထားပြီးသား … အဲဒီအချက်တွေအတိုင်း ကိုယ့်ကိုကိုယ် တစ်ခုချင်းစီ ဖြည့်ဆည်းပြီး ပြင်ဆင်ရုံပါပဲ …
မေး - Professional သမား တစ်ယောက်အနေနဲ့ ရပ်တည်ဖို့အတွက် ဘာတွေက အရေးကြီးပါမလဲ။
Necessary Technical Skills, Communication Skills and Social Network …
မေး - လစာတိုးဖို့ ရာထူးတိုးဖို့အတွက် ဘာတွေကို ကြည့်တယ်ထင်ပါလဲ။
Company တစ်ခုချင်းဆီမှာ သူတို့ရဲ့ Core Values ဆိုတာရှိပါတယ် … ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်ရယ် … ပြီးတော့ Management က သူတို့ရဲ့Core Values တွေနဲ့ ယှဉ်ကြည့်ပါတယ် … Company တိုင်းမှာ အဲဒီ Scheme တွေ ရှိပြီးသားပါ …. အလုပ်လုပ်ဖို့ စာချုပ်ချုပ်ကတည်းက HR က ရှင်းပြပါတယ် …. Salary Review, Performance Review က နှစ်စဉ် ဘယ်အချိန်မှာ ရှိတယ် … ဘာတွေကို တိုင်းတာဆုံးဖြတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါတယ် …
မေး - လူပေါင်းများစွာ ရှိတဲ့ Corporation တစ်ခုမှာ Survive ဖြစ်ဖို့အတွက် ဘယ်လို ပြုမူ နေထိုင်ရပါမလဲ။ ဘယ်လိုတွေအလုပ်လုပ်ကြပါသလဲ ။
ကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူတတ်ရပါတယ် … Accountability ပေါ့ဗျာ … Company အလုပ်လို့ သဘောမထားဘဲ ကိုယ့်ကိုယ်ပိုင်အလုပ်လို့ သဘောထားပြီး အလုပ်လုပ်တတ်ရပါတယ် … ဒီက Company တွေက Minimal Supervision အောက်မှာ အလုပ်လုပ်နိုင်တဲ့လူတွေကိုပဲ လိုချင်ကြပါတယ် … ကျွန်တော့ အခုလက်ရှိ အလုပ်က ရုံးသွားပြီး လုပ်စရာ မလိုဘူး … ရုံးသွားချင်လည်း ရတယ်… အိမ်ကနေ လုပ်လုပ်, ကော်ဖီဆိုင်ကနေလုပ်လုပ် … အလုပ်ပြီးဖို့ အရေးကြီးတယ် … မန်နေဂျာက မင်းဘာလုပ်နေလည်း ဘယ်မှာလည်း မမေးဘူး … ဒါတွေ လုပ်စရာရှိတယ် … ဒီ project ရှိတယ် … ဒီလောက်ပဲ ပြောတယ် … လိုအပ်ရင် team meeting လုပ်တယ် … လူတစ်ယောက်ချင်းစီကို micro manage လုပ်ဖို့ အချိန်မရှိဘူး … ကိုယ့်အသိစိတ်နဲ့ ကိုယ်ပဲ အလုပ်လုပ်ကြပါတယ် … ကလေးတွေမှ မဟုတ်ကြတော့တာ …
မေး - System & Network Engineer တွေအတွက် နိုင်ငံတကာမှာ ဘယ်လို အခွင့်အရေးတွေ ရှိပါလဲ။ ဘာတွေက Challenge တွေ ဖြစ်လာမလဲ။
Singapore မှာဆိုရင် www.jobline.com.sg တို့ www.headhunt.com.sg တို့မှာ ကြည့်ကြည့်ရင် အထင်အရှားတွေ့နိုင်ပါတယ် … အရည်အချင်းရှိတဲ့ တကယ်အလုပ်လုပ်နိုင်တဲ့ Systems Engineer တွေ Network Engineer တွေ အမြဲတမ်း လိုအပ်နေတာပါ … အရည်အချင်းရှိတဲ့ Systems Engineer တွေ Network Engineer တွေကို train/guide တကယ်လုပ်ပေးနိုင်တဲ့ Instructors တွေအများကြီးလိုပါတယ် …
မေး - အကို အလုပ်ချိန် ပြင်ပမှာ ဘာတွေလုပ်ဖြစ်လဲ။
ကျနော့မှာ အလုပ်ချိန်ပြင်ပရယ်လို့မရှိပါဘူးဗျား။ အချိန်တိုင်းက အလုပ်ချိန်ပါ။ အလုပ်အမျိုးအစားပဲ ကွာသွားတာပါ။ လက်ရှိ အလုပ်ချိန်ပြင်ပမှာ စာသင်ဖြစ်တယ်။ များသောအားဖြင့် စနေ၊ တနင်္ဂနွေတို့လို ရုံးပိတ်ရက်တွေပေါ့။ ရည်ရွယ်ချက်ကတော့ စင်္ကာပူမှာ ရှိတဲ့ မြန်မာ လူမျိုးသူငယ်ချင်းတွေ၊ ညီအကိုမောင်နှမတွေကိုပေါ့။ RHC Technologies ဆိုတဲ့ Study Group အနေနဲ့ တတ်နိုင်သလောက် သူတို့ရဲ့  Network Engineering Carrer နဲ့ ပက်သက်လို့ Support လုပ်ပေးနေပါတယ်။ များသောအားဖြင့်ကတော့ Industry မှာလက်ရှိလုပ်နေသူများကို ထပ်ဆင့်မြင့်သွားအောင် သင်ကြားပေးနေ တာပေါ့ဗျာ။ ပိုလီ/ Univerisity ကျောင်းသားတွေလည်း ပါပါတယ်။ ၂ နှစ်အတွင်း Network Profession စုစုပေါင်း အယောက် ၂၀ မွေးထုတ် ပေးပြီပါပြီ။ ဒီ Official Page မှာ ဝင်လေ့လာ နိုင်ပါတယ် - https://www.facebook.com/RhcTechnologies . RHC page ကိုလည်း စာပို့ပြီး အကြံဥာဏ်တောင်း နိုင်ပါတယ်။ အတတ်နိုင်ဆုံး ကူညီ အကြံပေးမှာပါ။
မေး - ဟုတ် ထပ်ဆင့်မြင့်တယ်ဆိုတော့ သူတို့ ဘာတွေများထူးခြားသွားလဲခမျာ။ မေးခွန်းကို စိတ်မရှိပါနဲ့နော် အကို။
နားလည်ပါတယ်ဗျာ။ တစ်ချို့ က ကုမ္ပဏီအသေးစားတွေမှာ လစာ စင်္ကာပူဒေါ်လာ ၂၀၀၀၊၊ ၂၅၀၀ လောက်က နေ လုပ်နေရင်း MNC လို့ခေါ်တဲ့ Multi National Companies ကြီးတွေ၊ Bank တွေမှာ လစာ ၄၀၀၀၊ ၅၀၀၀ တွေအထိ ရသွားကြပါတယ်။ လစာများလာတာကို ဆိုလိုတာ မဟုတ်ဘူး။ အသိပညာကြွယ်ဝလာမှုနဲ့အတူ တန်ဖိုးတက်လာတယ်ဆိုတာကို ပြောပြချင်တာပါ။ အဲဒါက ဘာကိုပြလဲဆိုရင် ဘဝမှာ ကြိုးစားရင် ကြိုးစား သလောက် ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရကို ရတယ် ဆိုတာ လူငယ်တွေကို သိစေချင်တာ ဖြစ်ပါတယ်။
မေး - ဟုတ်ကဲ့။ အကို့ သင်တန်းက စင်္ကာပူမှာလေ။ မြန်မာပြည်မှာ ပြန်သင်ဖို့ စိတ်ကူးရှိသလား သိပါရစေ။
ရှိတာပေါ့ဗျာ။ အရင်နှစ် ကလည်း မြန်မာပြည်မှာ ဟောပြောပွဲတစ်ခု လာလုပ်ပြီးသွားပြီ။ နောက် ၁ လ၊ ၂ လ အတွင်း မြန်မာပြည်မှာ သင်တန်းကိစ္စ ကြိုးစားဖန်တီးဖို့ ရှိပါတယ်။
မေး - ခု မြန်မာပြည်မှာ IT Background မရှိပေမယ့် စိတ်ဝင်တစား လုပ်ချင်သူတွေ အများကြီးပဲ။ သူတို့ကို ဘယ်လို မြင်ပြီး ဘယ်လို ကူညီ၊ အကြံပေးနိုင်မလဲ။
လူတစ်ယောက်က ဖြစ်ချင်တယ်ဆိုရင် အဓိကက Passion ပါပဲ။ ဘာပဲ ဖြစ်နေဖြစ်နေပေါ့။ ပညာတစ်ခုကို လေ့လာဖို့ အတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အသက် နဲ့လည်းမဆိုင်ပါဘူး။ စိတ်ပါတဲ့ တစ်နေ့ တစ်စိုက်မက်မက် လုပ်သွားရင် ဖြစ်ကိုဖြစ်လာမှာပါ။ ကျနော်အခုလက်ရှိ အိုင်တီ Background မရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အိုင်တီပရော်ရှင်နယ် လမ်းကြောင်းပေါ်ရောက်အောင် ကူညီ၊ သင်ကြား ပေးခဲ့ပြီးပြီ။ ဒီတော့ ကျနော် ဘာသတိထားမိသွားသလဲ ဆိုရင် သူတို့ရဲ့  စိတ်ဝင်တစားနဲ့ လေ့လာသင်ယူမှုက ပိုအရေးပါတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
မေး - လက်ရှိ မြန်မာပြည်မှာ Network Engineer ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေကို အားပေးစကားလေး ပြောပေးပါအုံး။
ကြိုးစားပါ။ သင်ယူပါ။ အိပ်မက်ကို လက်တွေ့အကောင်အထည်ပါ။ ပရော်ဖက်ရှင် တစ်ယောက်ဖြစ်ဖို့ အတွက်ဆိုရင် ဘွဲ့လက်မှတ်ကို Target ထား ကြိုးစားတာမျိုး မလုပ်ပါနဲ့။ တကယ် သိအောင်၊ တတ်အောင် လုပ်ပါ။ Passion ရှိပါ။ Passion မပါပဲ ပညာတစ်ခု ကို ကြိုးစား လေ့လာရင် နေရာတစ်ခုမှာ ရပ်တန့်သွားပါလိမ့်မယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ အသက်အရွယ်ထက် ပညာအနုအရင့်ကသာ ဘဝရဲ့  အဓိပ္ပါယ်ကို သေချာ ဖော်ဆောင်ပေးပါ လိမ့်မယ်။

အောင်ခမ်း (ရိုးရာလေး)
UNICODE
က်နော် စင်္ကာပူ ရောက္တုန်းရောက္ခိုက်ျမန္မာလူမိုး အိုင္တီလောက သား အခို့ နဲ့ တြေ့ဆုံခြင့် ရခဲ့ပါတယ်။ စင်္ကာပူရောက်တော့မွာ လုပ်ငန်းခြင္မွာ တကယ် ဦးဆောင်နေကြတဲ့ အိုင္တီပေရ္ဖာက်ရွင္နယ် အျေမာက်အမ်ား တြေ့ခဲ့ ရပါတယ်။ အားလည်းအားရတယ်။ ဂုဏ္လည်းဂုဏ်ယူ မိပါတယ်။ ယင်းထဲမွာ လုပ်ငန်းခြင်အတြင်း ဦးဆောင်နေတဲ့ အိုင္တီ ပေရ္ဖာက်ရွင် တစ်ဦျးဖစ္တဲ့ မန္တေလးသား ကိုစိုင်းလင်းသူနဲ့ စတင္မိတ္ဆက်ပေးရတာပေါ့။
သူက လက်ရွိ Fujitsu မွာ Senior Network Engineer ပါ။ သူရခဲ့တဲ့ ဘြဲ့တြေ၊ အောင်ျမင္ထားတဲ့ ပညာအရည်အခ်င်းတြေကို တစ္ခုခ်င်ျးပရမယ် ဆိုရင် -
B.C.Sc (Bachelor of Computer Science) - UCSM
MCSE+Security and Messaging
CCNA, CCNP, CCIE (Routing, Switching and Service Provider: Written)
JNCIS (Juniper Network Certified Internet Specialist)
ITIL ISO 20,000
Scholarship Candidate of International MBA Program, GLOBIS Univertisy Japan.
အသက် ၂၈ နွစ္ပဲ ရွိပါသေးတယ်။ သူဘယ္လိုကြိုးစားခဲ့သလဲ။ ဘဝကိုဘယ္လျိုဖတ်သန်းခဲ့လဲ။ ဘယ္လိုခံယူခ်က်ရွိသလဲ အစရွိသျဖင့် စပ္စုမိခဲ့ကြည့္ပါတယ်။ ခု က်နော် စပ္စုခဲ့တာလေးတျြေပန္ခ်ျပရတာပေါ့။
မေး - ၁၀တန်းအောင်ပြီးတဲ့ အခိန္ကစပြီး ပညာရပ္ပိုင်းဆိုင်ရာ လေ့လာခဲ့သမွ် Learning Journey နဲ့ Singapore မွာ Network Engineer အလုပ်ရဖို့ ဘယ္လို ဖြတ်သန်းခဲ့ရတယ် ဆိုတာကို ပြောပြပါဦး …
ျေဖ - ၁၀ တန်း အောင်တော့ ကျန်ြတော့အမွတ္က Medical တက္ခြင့်ရပါတယ် (Year 2002) … ငယ်ငယ္ကေတာ့ ဆရာဝန်ဖြစ္ခ်င္ခဲ့တယ် … မိဘေတြကေတာ့ ကျန်ြတော် လုပ္ခ်င္တာကိုပဲ သူတို့ support လုပ္ပါမယ္တဲ့ … ကံကောင်းတာပေါ့ … ဘာလို့လဲဆိုတော့ အဲဒီတုန်းက မိဘေတြ အေတ္မာ်ားမ်ားရဲ့ အေတြးအေခ်ါတြေက Medical မတက်တော့ရင္ဘဲ ဘ၀မွာ ရွုံးနိမ့်တော့မလိုလိုနဲု့ ဇြတ္လုပ္ခိုင်းပါတယ် … သားသမီးတြေရဲ့ interest ကို မေမးဘူး … အဲဒီ problem ရဲ့impact ဟာ ဆယ္စုနွစ် တစ္ခုကြာတဲ့ အခါမွာ ကျန်ြတော် တြေ့လာရတယ် … အရမ်းကို ၀မ်းနည်းစရာ ကောင်းပါတယ် …
ကျန်ြတော် ၁၀တန်း စာမေးပြဲဖြေခါနီး 3months လောက်အလို Information Technology ဆိုတဲ့ စကားလုံးကို ကြားလိုက္မိတယ်… ကျန်ြတ္နောားလည္လိုက္တာက “Information Technology = Computer” ဆိုပြီး … ဒါနဲ့ University of Computer Studies, Mandalay မွာ တက္မယ်ပေါ့ … ကော်င်းမတက္ခင် Computer သင္တန်းလေးတြေ တက္တာပေါ့ … A+, BASICA, C, C++, Visual Basic Programming, SQL, MySQL စုံနေတာပဲ … အိမ္မွာ “Self-Study” လုပ္တာ 80% , သင္တန်းတြေဆီက 20% Guide လိုင်းယူ … 80/20 Rule သေဘာတရားကို ကောင်းကောင်းကြီး သေဘာပေါက္ခဲ့တယ် … အဲတုန်းက Mandalay မွာ ကျန်ြတော့ရဲ့ အားကိုးရာက “National CD” ဆို်င္က “Ebooks” တြေနဲ့ British Council Library … University မတက္ခင္ကတည်းက အဲဒီမွာ သင္မဲ့ စာအုပ်တြေကို ကြိုတင်ရွာပြီး ဖတ္ထားခဲ့ပါတယ်။ … ကျန်ြတော် စာဖတ်ရင်းနဲ့ Internet ဆိုတာ သိတဲ့အခိန္မွာ စာအုပ်ပေါ်မွာပဲ ရွိပါသေးတယ်။ ဒီလိုနဲ့ပဲ စမ်းတ၀ါးဝါးနဲ့ မပြည့်မစုံနဲ့ လွော်က္ခဲ့ရတယ် …
ကျန်ြတော် ယုံကြည္တဲ့ the way of learning ကို ကျန်ြတော် ဆက်လွော်က္ခဲ့တယ် … ဒီလိုနဲ့ပဲ Bachelor of Computer Science ကို ရခဲ့တယ် … ဘြဲ့လည်း ရပြီ … အပြင္မွာ တက္စရာ သင္တန်းကလည်း ကုန်ပြီ … ကုန်သြားတဲ့ အခိန်တြေ ပိုက္ဆံတြေကလည်း မနည်းဘူး … အဲတုန်းက ကျန်ြတော် လေ့လာနေတာက Programming , Database ... Networking ဆိုတာ ကျန္ပြ်ူတာ တစ္လုံးနဲ့ တစ္လုံး ခိတ္တယ် ဆိုတာပဲသိတယ် … Programming, Database Concepts တြေလည်း အစြမ်းရွိသေလာက် လေ့လာထားပြီးပြီ … ပိုက္ဆံဘယ်လောက်ရမလဲဆိုတာ ကို မစဉ်းစားနိုင်သေးဘူး … depression က ငရဲ ရောက်နေပြီ … ကျန်ြတ္ကော IADCS (UK) ပြီးထားခဲ့တယ်… ကျန်ြတော် အဲဒီ နောက္ဆုံးနွစ္မွာ သင္မဲ့ course ကို ကြည့်လိုက္တယ် … ဖတ်ရမဲ့ စာအုပ်တြေကို ကြည့်လိုက်ပြီး ကျန်ြတော် သြားမတက္ဘူးလို့ ဆုံးဖြတ္လိုက္တယ် … ကျန်ြတော့ကို ကျန်ြတော်သုံးသပ်ကြည့်တယ် …
ကျန်ြတော် လိုနေတာက စင္ကာပူမွာ ကော်င်းဆက္တက္ဖို့ မဟုတ္ဘူး … ကျန်ြတော် လိုနေတာက ကျန်ြတော်လေ့လာထားတဲ့ ပညာရပ္နဲ့ အလုပ္လုပ္ဖို့ အခိန္တန်နေပြီ ဆိုတာရယ် … နောက်အေရးကြီးတာ တစ္ခုကို သတိထားမိလိုက္တာက ကျန်ြတ္တောတ္ထားဖတ္ထားသင္ထားတဲ့ knowledge တြေက အလုပ္လုပ္လို့ရပါ့မလားဆိုတာကို ကျန်ြတော် သတိထားမိလိုက္တယ် … မရေသးဘူးဆိုတဲ့ အေဖြထြက္လာတယ် … အဲတော့ အလုပ်ရဖို့ ဘာလိုလဲ လိုက်ရွာတော့ Microsoft Certified Systems Engineer Certification တြေကို သြားတြေ့တယ် … အဲဒီမွာ ကျန်ြတော် စဉ်းစားတယ် Professional Specialization တစ္ခု ရြေးရေတာ့မယ် … Programming လုပ္မလား Networking လုပ္မလားပေါ့ …
Networking လုပ္မယ္ဆိုပြီး ရြေးခ်ယ်ျဖစ္ခဲ့တယ် … Mandalay မွာပဲ ထုံးစံအတိုင်း စမ်းတ၀ါးဝါးနဲ့ Self-Study လုပ်ရင်းပေါ့ … အဲဒီတုန်းက Mandalay က သူငယ္ခ်င်း လေးယောက်လောက္က အရင် လုပ်နေကြပြီ … သူတို့ကို မေးမြန်းပေါ့ … သူတို့လည်း စမ်းတ၀ါးဝါးနဲ့ပဲ ကူညီလုပ္ကိုင် ကြတာပေါ့ … အားလုံးက MCSE ပြီးရင် စင္ကာပူမွာ အလုပ်သြားရွာမယ် … တစ္လကို SGD 1800 အနည်းဆုံးရမယ္ဆိုတဲ့ မွေ်္လာင့်ခ်က်လေးနဲ့ပေါ့ … 2 years လောက်လေ့လာပြီးတော့ MCSE ဖြစ်သြားတယ် … က်နော် အဲ့ဒီနောက် ပေရ္ဖာက်ရွင္နယ် Network Engineer အလုပ်တြေမွာ ဘယ္လို အရည်အခ်င်း တြေ လိုသေးလဲ ဆိုတာကို ထပ်ရွာ ကြည့်တယ်။ CCNA Certification ကိုထပ်ျပီးလေ့လာ ရမယ္ဆိုတာကို သိလိုက်ရျပီး နောက္ထပ် CCNA ကို ဆက်လေ့လျာဖစ္ခဲ့တယ်။ အဲ့ဒီနောက် စင်္ကာပူကို CCNA စာမေးပြျဲေဖဖို့ ထြက္လာခဲ့တယ်။ CCNA စာမေးပြဲအောင်ျပီးတော့ က်နော် Network Support Engineer အျဖစ် ကုမ္ပဏီတစ္ခုမွာ အလုပ်ရခဲ့တယ်။
Programming Wiki - စွယ်စုံ ပရိုဂရမ်းမင်း's photo. 
Credit-Wiki စွယ်စုံ Programming

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...