အကျိုးရလဒ်ကိုအာရုံစိုက်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းက လေ့ ကျင့်ခန်းလုပ်စေရန် လှုံ့ဆော်ပေးနိုင်ပြီး ရည်ရွယ်ထားသည့် ရလဒ် ကိုပိုမိုလျင်မြန်စွာရရှိစေရန် အထောက်အကူပြုကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
လမ်းလျှောက်ချိန်တွင် သတ်မှတ်ထားသောပန်းတိုင်တစ်ခုကို အာရုံစိုက်ထားခြင်းဖြင့် လမ်းလျှောက်ရသည့်ခရီးအကွာအဝေးပိုနီးသည်ဟုထင်မှတ်ရပြီး ရည်ရွယ်သည့်နေရာကို ပိုမိုလျင်မြန်စွာရောက်ရှိစေကြောင်း စိတ်ပညာသုတေသီများက လေ့လာတွေ့ရှိခဲ့သည်။
ပုံမှန်အတိုင်း ဘေးပတ်ဝန်းကျင်ကိုလျှောက်ကြည့်ပြီး လမ်း လျှောက်ခြင်းနှင့်နှိုင်းယှဉ်ပါက ရည်မှန်းချက်ပန်းတိုင်တစ်ခုကို အာရုံစိုက်ပြီးလမ်းလျှောက်ခြင်းက ပိုမြန်ဆန်စေသည်။
လမ်းလျှောက်ရမည့်အကွာအဝေးသည် အတန်ငယ်ဝေးပါက ‘ရောက်နိုင်မှာမဟုတ်ပါဘူး၊ လုပ်နိုင်မှာမဟုတ်ပါဘူး’ဆိုသော စိတ်မျိုးဖြစ်ပေါ်နေပါက လေ့ကျင့်ခန်းလုပ်ခြင်းကို စိတ်ဝင်စားမှုလျော့နည်းသွားနိုင်သည်ဟု သုတေသီများကပြောသည်။
အာရုံမများဘဲ လမ်းလျှောက်ခြင်းက ရုပ်ပိုင်းဆိုင်ရာကြိုးစား အားထုတ်ရသည်ဆိုသော ခံစားရခြင်းကိုလျှော့ချပေးပြီး လမ်း လျှောက်နှုန်းပိုမိုမြန်ဆန်လာစေကာ လမ်းလျှောက်ရမည့်အကွာ အဝေးကိုလည်း ပိုနီးသည်ဟုထင်မှတ်စေကြောင်း သိရသည်။
သုတေသီများက လေ့လာမှုအတွင်း ပါဝင်သူများကို အုပ်စုနှစ် စုခွဲပြီး ပထမအုပ်စုကို ၎င်းတို့နှင့် အတန်ငယ်ဝေးသောနေရာတစ်ခု ကိုအာရုံစိုက်ကာ လမ်းလျှောက် ခိုင်းခဲ့သည်။ ဒုတိယအုပ်စုကိုလည်းယင်းအကွာအဝေးအတိုင်း သာမန်သာအာရုံစိုက်ခိုင်းပြီး လမ်းလျှောက်ခိုင်းခဲ့သည်။ ပထမအုပ်စုတွင်ပါဝင်သူများမှာ သတ်မှတ်နေရာသို့ လျင်မြန်စွာရောက်ရှိပြီး ၎င်းတို့လမ်းလျှောက်ရသောအကွာအဝေးကိုလည်း ပိုနီးသည်ဟုထင်မှတ်ကြကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။
လမ်းလျှောက်စဉ် နေရာတစ်ခုတည်းကိုအာရုံစိုက်ခြင်းမရှိဘဲ ဟိုမှသည်မှကြည့်၍ လမ်းလျှောက်သူများထက် အာရုံစူးစိုက်၍လမ်းလျှောက်သူများက ရုပ်ပိုင်းဆိုင်ရာကြိုးစားအားထုတ်ရမှုနည်းသည်ဟုထင်မှတ်ပြီး သတ်မှတ်နေရာသို့ပိုလျင်မြန်စွာ ရောက်ရှိကြကြောင်းသိရသည်။
Ref: TOI

posted from Bloggeroid
No comments:
Post a Comment