slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, November 10, 2016

Facebook ပေါ်တွင် အလုပ်ရှာတော့မယ်ဆိုရင် သိထားသင့်သော အချက် (၅)ချက်

လူမှုကွန်ယက်တွေနဲ့ အင်တာနက်မီဒီယာတွေ ခေတ်စားလာတဲ့ ဒီဘက်ခေတ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေရတာလည်း ပိုမိုအဆင်ချောလာကြပါတယ်။ ဖေ့ဘုတ်ပေါ်မှာလည်း အလုပ်အကိုင်ရှာဖွေရေး အဖွဲ့တွေ၊ အေဂျင်စီတွေရဲ့ စာမျက်နှာတွေ၊ လုပ်ငန်းရှင်တွေ အများအပြားရှိနေပြီး ဖေ့ဘုတ်လိုမျိုး လူမှုကွန်ယက်တွေက အလုပ်အကိုင် ရှာဖွေတော့မယ်ဆို သတိထားသင့်တဲ့ အရာတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁ - အလုပ်ခေါ်စာရဲ့ အချက်အလက်ကို အပြည့်အစုံ သေချာဖတ်ပါ။

အချို့သော အလုပ်ရှာဖွေရေး Group တွေထဲ အတွေ့ရဆုံး ကွန်မန့်ကတော့ ဘယ်လိုဆက်သွယ်ရမလဲ၊ ဘယ်ကို ပို့ပေးရမလဲ ဆိုတဲ့မေးမြန်းချက်တွေပါ။ တစ်ချို့ဆို စီဗီဖောင်ကို ဓါတ်ပုံရိုက်ပြီး ကွန်မန့်မှာ တင်ပေးလိုက်တတ်ကြပါတယ်။ တကယ်တော့ မိမိက အဲ့လိုကွန်မန့်မှာ မေးနေတဲ့အချိန် ပိုသွက်တဲ့သူက ပိုစ့်မှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်ပြီး စုံစမ်းပြီးလောက်ပြီဖြစ်သလို၊ အီးမေလ်းကိုလည်း မိမိစီဗီလှမ်းပို့ပြီးနေလောက်ပါပြီ။ ဒီတော့ အချက်အလက်ကို အပြည့်အစုံဖတ်ဖို့ မမေ့ပါနဲ့။

၂ - သင့်တော်တဲ့ နာမည်နဲ့ ကိုယ်ပိုင်အီးမေလ်းလိပ်စာတစ်ခု ရှိပါစေ။

သင့်တော်တဲ့ နာမည်ဆိုတာက lovelykglay123@gmail.com, heartbreaker@gmail.com စသဖြင့် ကလေးဆန်ဆန် နာမည်တွေ မဖြစ်သင့်တာကို ဆိုလိုတာပါ။ ဖြစ်နိုင်ရင်တော့ သင့်နာမည်အရင်းနဲ့ အီးမေလ်းတစ်ခု ရှိနေသင့်ပါတယ်။ အင်တာနက်ခေတ်ကြီးမှာ စီဗီဖောင်တစ်ခုကို အီးမေလ်းကပေးပို့ အလုပ်လျှောက်ထားနိုင်ပြီ ဖြစ်လို့၊ အီးမေလ်းအသုံးပြုနည်းကိုလည်း သင်ထားသင့်ပါတယ်။


၃ - သင့်ရဲ့ပရိုဖိုင်မှာ ပြည့်စုံတဲ့ အချက်အလက်ရှိပါစေ။

သင့်ဓါတ်ပုံနဲ့ သင့်အလုပ်အကိုင် အတွေ့အကြုံ၊ ပညာရေး စသည်တို့ကို ပရိုဖိုင်မှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းထားခြင်းက အလုပ်ရှင်က သင့်အကြောင်းကို အလွယ်တကူ သိရှိစေရန် အထောက်အကူ ပေးပါတယ်။ ဘယ်သူမှန်း မသိနိုင်တဲ့ ပုံတွေ၊ နာမည်အမှန်မဟုတ်တဲ့ အကောင့်တွေ၊ အချက်အလက်မပြည့်စုံခြင်းတွေဟာ လူမှုကွန်ယက်မှတစ်ဆင့် အလုပ်ခေါ်စာတွေအတွက် မသင့်တော်ပါဘူး။

၎ - Microsoft Word နဲ့ ဖြစ်စေ၊ PDF နဲ့ဖြစ်စေ ပြုလုပ်ထားသော CV တစ်ခုရှိပါစေ။

သင်ဟာ လူမှုကွန်ယက်နဲ့ အင်တာနက်မှတစ်ဆင့် အလုပ်ရှာမှာဖြစ်လို့ မိတ္တူဆိုင်တွေက အလွယ်တကူ ၀ယ်ယူလို့ရတဲ့ CV တွေဟာ အသုံးမ၀င်ပါဘူး။ ကွန်ပြူတာနဲ့ သေချာစာစီထားတဲ့ CV တစ်စုံရှိသင့်ပြီး ရာထူးမြင့်တဲ့ အလုပ်တွေအတွက် အင်္ဂလိပ်လို ရေးထားနိုင်တာက ပိုကောင်းပါတယ်။ ၂၀၀ တန် စာရွက်လေးမှာ ရေးထားတဲ့ CV ကို ဓါတ်ပုံရိုက်ပို့တာကြီးကတော့ မဖြစ်သင့်ပါဘူး။
Nrptewuiivdbbzhc43yu

၅ - Facebook Search Box ကို ကောင်းကောင်းအသုံးပြုတတ်ပါစေ။

နည်းပညာတွေကို အချိန်နဲ့အမျှ တိုးတက်အောင် ကြံစနေတဲ့ ဖေ့ဘုတ်ရဲ့ Search Box မှာ တိတိကျကျရိုက်ထည့်စရာ မလိုပဲ၊ အလုပ်အကိုင် ရှာဖွေရေး Group တွေ၊ Page တွေကို ရှာဖွေနိုင်ပါတယ်။ ဥပမာ - သင်ဟာ စာရင်းကိုင် အလုပ်ရှာမယ်ဆိုရင် စာရင်းကိုင် လို့သာ ရိုက်ထည့်လိုက်ပါ။ သူ့ရဲ့ Key Word နဲ့ ဆိုင်တဲ့ အလုပ်တွေ၊ ပြောဆိုဆွေးနွေးမှုတွေ ကျလာမှာ ဖြစ်ပါတယ်။ ထို့အတူ အလုပ်အကိုင်လို့ ရိုက်လိုက်ပါကလည်း အလုပ်အကိုင် ရှာဖွေရေး Group တွေ အများအပြား တွေ့ရမှာဖြစ်သလို၊ Job Myanmar လို့လည်း ရှာနိုင်ပါသေးတယ်။



အားလုံးပဲ အလုပ်အကိုင်ကောင်းများ၊ လစာကောင်းများ ရရှိကြပါစေ။

Credit - momolay

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...