slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Friday, April 8, 2016

သန့်စင်ခန်းထဲကို လက်ကိုင်ဖုန်း ယူမသွားသင့်တဲ့ အကြောင်းအရင်း

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကတော့ လူတွေဟာ သန့်စင်ခန်းအသုံးပြုတဲ့အခါ စာအုပ်ယူသွားလေ့ ရှိပါတယ်။ အခုတော့ စာအုပ်ယူပြီး အိမ်သာတက်သူ အတော်ရှားသွားပါပြီ။ နောက်ဆုံးလေ့လာထားတဲ့ ရလဒ်အရ သန့်စင်ခန်းထဲကို ဖုန်းယူသွားတာဟာ လူသားတွေအတွက် အလွန်အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါပိုးမွှားတွေ သင့်ထံကို အလွယ်တကူ ရောက်လာစေနိုင်ကြောင်း လေ့လာချက်က ဖော်ထုတ်လိုက်ပါတယ်။ အဏုဇီဝပိုးမွှားဗေဒပညာရှင် ပါမောက္ခ ချားလက်စ်ဂါဘာနဲ့ လူသားပတ်ဝန်းကျင် ကျန်းမာရေးဆိုင်ရာ ပါမောက္ခ ရေနိုးလ်တို့ရဲ့ ပူးပေါင်းလေ့လာချက်အရ ဒီအဖြေထွက်လာခဲ့တာပါ။
လူသားတွေရဲ့ အညစ်အကြေး စွန့်ပစ်ကြတဲ့ သန့်စင်ခန်ဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ များပြားလှပါတယ်။ အထူးသဖြင့် သန့်စင်ခန်းကြမ်းပြင်၊ တံခါးလက်ကိုင်တွေနဲ့ ရေပိုက်ခေါင်းထိပ်တွေဟာ ဘက်တီးရီးယားပိုးတွေ အများဆုံး ရှိတက်တဲ့ နေရာဖြစ်ပါတယ်။ နံပတ် ၁ အချက်က သန့်စင်ခန်းထဲမှာ သင့်လက်ဟာ ဘယ်နားကို ကိုင်မိသည်ဖြစ်စေ သာမန်နေရာတွေထက် ဘက်တီးရီးယား ပိုများမှာ ဖြစ်ပါတယ်။ လက်ကတဆင့် သင့်ရဲ့ဖုန်းထဲကို ဘက်တီးရီးယားတွေ စုဆောင်း ရောက်ရှိသွားနိုင်ပါတယ်။ နံပတ် ၂ အချက်ကတော့ သင်အညစ်အကြေးစွန့်တာ ပြီးခါနီးအချိန်ကျရင် ဖုန်းကို တစ်နေရာရာချထားတက်ပါတယ်။ ကမုတ်ခွက်ထဲက အညစ်အကြေးတွေကို ရေဆွဲချလိုက်တဲ့အခါ ဘက်တီးရီးယားများစွာ ပါဝင်တဲ့ ရေမှုန်၊ ရေမွှားတွေဟာ အနည်းဆုံး ခြောက်ပေနဲ့အထက် နေရာအနှံ့ကို ရောက်ရှိသွားတက်ပါတယ်။ အဲဒီအခါ သင့်ရဲ့ဖုန်းမှာ ဘက်တီးရီးယားများစွာ ရောက်ရှိသွားတော့တာပါပဲ။ လေ့လာချက်အရ လက်ကိုင်ဖုန်း ၁၀ လုံးမှာ ၉ လုံးက လူကို အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်နေတက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိမ်သာထဲကို အခုချိန်ကစပြီး ဖုန်းလုံးဝ ယူမသွားတာ အကောင်းဆုံးပါပဲ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...