slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, May 17, 2014

လားရှိုးမြို့၊ ကမ္ဘောဇဘဏ်​(၁)နှင့်​ CB Bank တို့တွင်​ စက္ကန့်​ပိုင်းခြားပြီး ​ပေါက်​ကွဲမှူဖြစ်​ပွား

လားရှိုးမြို့၊ ကမ္ဘောဇဘဏ်(၁)နှင့် CB Bank တို့တွင် စက္ကန့်ပိုင်းခြားပြီး ပေါက်ကွဲမှုဖြစ်ပွား

16-5-2014နေ့နံနက်(၃း၃၀)အချိန်ခန့်က

လားရှိုးမြို့၊ ရပ်ကွက်(၃)၊ ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်(၁)အဆောက်အဦး၏ အောက်ဘက် ၀င်ပေါက်အနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီး (၅)စက္ကန့်ခန့်အကြာတွင် ဒုတိယအကြိမ် ပေါက်ကွဲမှုတစ်ခုအဖြစ် ရပ်ကွက်(၂)၊ စံကောင်းလမ်းနှင့် သိန္နီလမ်းထောင့်ရှိ CB Bank အဆောက်အဦး၏ အနောက်ဘက် ထရန်စဖော်မာအောက်တွင် ဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုများကြောင့် ကမ္ဘောဇဘဏ်အဆောက်အဦးပြတင်းမှန်များကွဲပျက်ခဲ့ပြီး ၊ အနီးအနားရှိ အဆောက်အဦးအချို့နေအိမ်တံခါးများ၊ မှန်များပျက်စီးခြင်း၊ မကြာခင်ဖွင့်လှစ်တော့မည့် “အောင်သီရိအဆင့်မြင့်ရုပ်ရှင်ရုံကြီး”၏ မှန်များ ကွဲပျက်ခြင်းများဖြစ်ခဲ့ကြောင်း ၊ CB Bank အဆောက်အဦးရှိမှန်များနှင့် ထရန်စဖော်မာအောက်ရှိ မီးဘုတ်ခုံတို့ ကြွေမွပျက်စီးခဲ့ကြောင်းနှင့် အခြား မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းသိရှိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ ချိန်ကိုက်ဗုံးဟုယူဆရကြောင်း၊ မည်သည့်ရည်ရွယ်ချက်ကြောင့် ဤဘဏ်(၂)ခုတွင် ချိန်ကိုက်ဗုံးဖောက်ခွဲရခြင်းအကြောင်းကို တာဝန်ရှိသူများမှ ဆက်လက်စုံစမ်းစစ်ဆေးလျှက် ရှိကြောင်းသိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...