slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, June 23, 2016

အင်​တာ​ဗျူး​၌ ​တွေ့​ရ​လေ့​ရှိ​သော​မေး​ခွန်း​များ

အင်​တာ​ဗျူး​၌ ​တွေ့​ရ​လေ့​ရှိ​သော​မေး​ခွန်း​များ
အင်​တာ​ဗျူး​တွင် ​တွေ့​ဆုံ​မေး ​မြန်း​သူ ​ဘက်​မှ ​မေး​မြန်း​လာ​မည့် ​မေး ​ခွန်း​ပုံ​စံ​မျိုး​စုံ ​ရှိ​သည်။ ​ယ​ခု​ဖော်​ပြ​ထား ​သော​မေး​ခွန်း​များ​က ​အ​မေး​မြန်း​နိုင် ​ဆုံး​ပုံ​စံ​များ​ဖြစ်​သည်။ ​ထို​မေး​ခွန်း ​များ​ကို ​နား​လည်​ထား​လျှင် ​အ​သင့်​ဖြစ်​အောင် ​ပြင်​ဆင်​ပြီး ​အင်​တာ​ဗျူး ​ကို​ရင်​ဆိုင်​နိုင် ​မည်​ဖြစ်​၏။ ​သို့​သော်​လည်း ​လက်​တွေ့ ​၌ ​ထို​မေး​ခွန်း​ထဲ​မှ ​အ​နည်း​ငယ်​မျှ​သာ ​မေး​မြန်း ​ခံ​ရ​ခြင်း​လည်း​ရှိ​မည်။ ​သို့​မ​ဟုတ် ​ထို​အ​တိုင်း ​အ​တိ​အ​ကျ​မ​ဟုတ်​လျှင် ​တောင်​မှ ​ယ​ခု​မေး ​ခွန်း​များ​ကို ​ပြင်​ဆင် ​ထား​ခြင်း​ဖြင့် ​အင်​တာ​ဗျူး​ကို ​အောင် ​မြင် ​စွာ​ကျော်​ဖြတ်​နိုင်​ပေ​မည်။


အ​ခြေ​ခံ​မေး​ခွန်း
မိ​မိ​အ​ကြောင်း​ကို​ပြော​ပါ။ (Tell me about yous​နူ်) ​မိ​မိ​၏​အား​သာ ​ချက်​က ​ဘာ​တွေ​လဲ၊ ​အား​နည်း​ချက် ​တွေ​က ​ဘယ်​အ​ရာ​လဲ၊ ​ဒီ​အ​လုပ်​ကို ​ဘာ​ကြောင့်​လို​ချင် ​တာ​လဲ၊ ​အ​ခု​က​စ​ပြီး ​နောက်၅​နှစ်​လောက်​အ​ထိ ​ဒီ​မှာ​လုပ် ​ချင်​တာ​လား၊ ​သင်​အ​ကြိုက်​ဆုံး ​စံ​ပြ​ကု​မ္ပ​ဏီ u ​ဘယ်​လို​မျိုး​လဲ၊ ​ဒီ​ကု​မ္ပ​ဏီ​က ​ဘာ ​တွေ ​သ​င့်​ကို​ဆွဲ​ဆောင်​နေ​တာ​လဲ၊ ​ကျွန်​တော်​တို့ ​သင့်​ကို​ဘာ​ကြောင့် t ​လုပ်​မှာ ​ခန့်​သင့်​သ​လဲ၊ ​နောက်​ဆုံး​အ ​လုပ်​ကို ​ဘာ​ကြောင့်​ထွက်​ခဲ့​တာ​လဲ၊ ​နောက်​ဆုံး​အ​လုပ်​မှာ ​ဘာ​တွေ​ကို ​သ​ဘော​ကျ​သ​လဲ၊ ​ဘယ်​အ​ရွယ်​မှာ ​အ​လုပ်​နဲ့​ပတ်​သက်​ပြီး ​စိတ်​ကျေ​နပ်​မှု​ရ ​မယ်​ထင်​သ​လဲ၊ ​တ​ခြား​အ​လုပ် ​လျှောက် ​သူ​တွေ​မ​လုပ်​နိုင်​တဲ့ ​ဘယ်​အ​လုပ်​မျိုး ​တွေ​ကို ​သင်​ကျွန်​တော်​တို့​အ​တွက် ​လုပ် ​ပေး​နိုင်​သ​လဲ၊ ​လက်​ရှိ​အ​လုပ်​က ​ဘာ​ကြောင့် ​ထွက်​ချင်​တာ​လဲ၊ ​ဒီ​လုပ် ​ငန်း​အ​ကြောင်း ​ဘာ​တွေ​သိ​ထား​သ​လဲ၊ ​ကျွန်​တော်​တို့​ကု​မ္ပ​ဏီ ​အ​ကြောင်း ​ဘာ​တွေ​သိ​ထား​သ​လဲ၊ ​မေး​စ​ရာ​ရှိ ​သ​လား။




အ​ပြု​အ​မူ​ဆိုင်​ရာ​မေး​ခွန်း
သင်​ခေါင်း​ဆောင်​ခဲ့​တဲ့​နောက် ​ဆုံး ​ပု​ရော့​ဂျက်​က​ဘယ်​လို​မျိုး​လဲ၊ ​ဘယ်​လို​ရ​လဒ် ​ထွက်​ခဲ့​သ​လဲ၊ ​သင်​က ​တစ်​နေ​ရာ​ကို​သွား ​ချင်​နေ​ပြီ၊ ​အ​လုပ် ​က​လည်း ​တာ​ဝန်​အ​တွက် ​ပေါ်​နေ​တဲ့ ​အ​ခါ​မျိုး​မှာ ​ဘယ်​လို​လုပ်​ခဲ့​သ​လဲ၊ ​န​မူနာ​လေး​ပြော​ပါ​ဦး။ ​သင်​အ​လုပ်​အ ​ပေါ်​ဝေ​ဖန် ​ခံ​ရ​တဲ့​အ​ကြောင်း​လေး ​တစ်​ခု​လောက်၊ ​အ​ဖွဲ့​အ​စည်း​နဲ့​လုပ် ​တဲ့​အ​ခါ၊ ​တစ်​စုံ​တစ်​ဦး​က​ပါ ​မ​လာ​တဲ့ ​အ​ခါ​မျိုး​မှာ ​ဘယ်​လို ​ဖြေ​ရှင်း​ခဲ့ ​သ​လဲ၊ ​ဘာ​ကြောင့် ​သူ​က​မ​လိုက် ​နိုင်​တာ​လဲ၊ ​တစ်​ယောက်​ယောက်​ကြောင့် ​အ​ခက် ​အ​ခဲ ​ဖြစ်​ခဲ့​တာ​မျိုး​ပြော​ပြ​ပါ​ဦး။ ​အဲ​ဒါ ​ကို​ရော ​ဘယ်​လို​ဖြေ​ရှင်း​နိုင်​ခဲ့​သ​လဲ၊ ​သင့်​မှာ ​ဆုံး​ရှုံး​မှု​တစ်​ခု​ဖြစ်​ခဲ့​တယ်။ ​အဲ​ဒီ​က​နေ ​ဘာ​တွေ ​သင်​ခန်း​စာ​ရ​ခဲ့​သ ​လဲ၊ ​တ​ခြား​လူ​တွေ ​က​သင့်​ကို​ဘာ​စိတ် ​အ​နှောင့်​အ​ယှက်​ဖြစ်​စေ ​သ​လဲ၊ ​အဲ​ဒီ​အ​ခါ ​သူ​တို့​ကို ​ဘယ်​လို​ဆက်​ဆံ ​ခဲ့​သ​လဲ၊ ​အ​လုပ်​မှာ​ပ​ဋိ​ပက်​ခ​ဖြစ်​တဲ့​အ ​ကြောင်း ​ဖြေ​ရှင်း​ခဲ့​တဲ့​အ​ကြောင်း ​ပြော​ပါ​ဦး။ ​သင့်​ကို ​ကြီး​ကြပ်​သူ​အ​ဖြစ် ​ခန့်​လိုက်​ပြီ၊ ​သင်​က​တစ် ​စုံ​တစ်​ခု​လုပ်​ဖို့ ​တ​ခြား​သူ​ကို​ပြော​မယ်။ ​အဲ​ဒီ​မှာ ​သူ​က ​လက်​မ​ခံ​ဘူး၊ ​မ​လုပ်​ဘူး​ဆို​ရင် ​ဘာ​လုပ် ​မ​လဲ။ ​သင့်​ရဲ့​အ​ခက်​အ​ခဲ​ဆုံး​ကာ​လ ​တွေ​က ​ဘယ်​တုန်း​က​လဲ၊ ​အဲ​ဒီ​တုန်း​က ​ဘယ်​လို​ဖြေ​ရှင်း​ခဲ့​သ​လဲ၊ ​သင်​လုပ်​ခဲ့ ​တာ ​တစ်​ခု​မှား​သွား​တဲ့​န​မူ​နာ​ကို​ပြော ​ပါ​ဦး။ ​အဲ​ဒါ ​ကို​ဘယ်​လို​ဖြေ​ရှင်း​ခဲ့​သ​လဲ၊ ​သင့်​ကို​ပေး​ထား ​တဲ့​တာ​ဝန်​က​တစ်​မျိုး၊ ​ဒါ​ပေ​မဲ့ ​အ​လုပ်​တစ်​ခု ​သင်​လုပ်​နိုင်​မယ် ​ထင်​ပြီး ​လွတ်​လိုက်​တယ်၊ ​လုပ်​ခိုင်း ​လိုက်​တယ်​ဆို​ရင် ​ဘာ​လုပ်​မ​လဲ။ t ​လုပ်​ထဲ​မှာ ​ပုံ​မှန်​မ​ဟုတ်​တဲ့​ဟာ​တစ်​ခု​ခု ​ကို ​သင်​က​တွေ့​သွား​တယ်၊ ​မ​ရိုး​မ​သား ​လိမ်​ညာ ​ရ​မှာ​မျိုး​လည်း​ဖြစ်​နိုင်​တယ်။ ​အဲ​ဒါ​မျိုး​ကို ​လက်​ခံ​မ​လား။ ​ဘယ်​လို ​လုပ်​မ​လဲ၊ ​ဘယ်​လို  ​အ​လုပ်​တာ​ဝန်​မျိုး u ​သ​င့်​အ​တွက် ​အ​ရမ်း ​ခက်​ခဲ​သ​လဲ။ ​အဲ​ဒီ​လို​အ​လုပ်​ကိ​စ္စ​မျိုး​ကို ​ဘယ်​လို ​ဖြေ​ရှင်း​မ​လဲ။ ​လွန်​ခဲ့​တဲ့ ၂​နှစ်​အ​တွင်း ​သင်​ခက်​ခက်​ခဲ​ခဲ​ဆုံး​ဖြတ်​ခဲ့​ရ​တဲ့​အ​လုပ် ​အ​ကြောင်း​ပြော​ပါ​ဦး။ ​ဒီ​နေ့​ပြီး​အောင် ​လုပ် ​ရ​မယ့်​အ​လုပ်​တွေ​ရှိ​တယ်၊ ​ပြီး​အောင်​လုပ် ​နိုင်​မယ့်​နည်း​စဉ်း​စား ​လို့​မ​ရ​ဘူး။ ​အဲ​ဒီ​လို​မျိုး ​မှာ ​ဘယ်​လို​လုပ် ​မ​လဲ။

လ​စာ​နဲ့ ​အ​လုပ်​တိုး​တက်​မှု​မေး​ခွန်း
လ​စာ​ဘယ်​လောက်​အ​ထိ ​အ​မြင့်​ဆုံး ​ရ​ဖို့​မှန်း​ထား​သ​လဲ၊ ​အ​ရင် ​တုန်း​က ​ဘယ်​လို ​တွေ​ရ​ခဲ့​သ​လဲ၊ ​အ​ခု ​တောင်း​တဲ့​လ​စာ​ကို​ပေး ​မယ်။ ​ဒါ​ပေ​မဲ့ ​ရှေ့​နှစ်​အ​တွက် ​ဘာ​တွေ​လုပ် ​ပေး​နိုင် ​မယ်​ဆို​တဲ့ ​အ​လုပ်​ဖော်​ပြ​ချက်​ရေး ​ပေး​နိုင်​မ​လား၊ ​အ​နာ​ဂတ်​အ​တွက် ​ဘယ်​လို ​အ​လုပ်​မျိုး​တွေ​ရှာ​နေ​တာ​လဲ၊ ​စိတ်​ထဲ​မှာ​ရှိ ​တဲ့ ​အ​လုပ်​ရည်​မှန်း​ချက် ​တွေ​က ​ဘယ်​လို ​အ​မျိုး​အ​စား​တွေ​လဲ။ ​နောက်​ဆုံး​တွေ့​ခဲ့​တဲ့ ​ကြီး​ကြပ်​သူ​ခေါင်း ​ဆောင်​က ​ဘာ​တွေ​သင်  ​ပေး​ခဲ့​သ​လဲ။

သ​င့်​လုပ်​နိုင်​မည့်​မေး​ခွန်း
Team ​အ​ဖွဲ့​နဲ့​မြန်​မြန်​ဆန်​ဆန် ​အ​ခြေ ​ကျ​ပါ့​မ​လား၊ ​ဘယ်​လောက် ​အ​ချိန်​ယူ​မှ ​လုပ်​နိုင်​မှာ​လဲ။ ​ဒီ​အ​လုပ်​ရဲ့ ​ပ​ထ​မ​ဆုံး​ရက် ၃၀​အ​တွင်း ​ဘာ​တွေ​လုပ် ​နိုင်​မယ်​ထင်​သ​လဲ။ ​အ​ခု​သင့်​ကို​ခန့် ​လိုက်​ပြီ​ဆို​တော့ ​ရက် ၉၀ ​မှာ ​သင်​လုပ် ​မယ့်​ပုံ​စံ​ကို​ပြော​ပါ​ဦး။

သင့်​အ​ကြောင်း​မေး​မြန်း​ခြင်း
သင်​အ​လုပ်​လုပ်​တဲ့​အ​ခါ ​ဘယ်​လို ​ပုံ​စံ ​မျိုး​နဲ့​လုပ်​သ​လဲ၊ ​အ​လုပ်​ပတ်​ဝန်း ​ကျင်​မှာ ​သင့်​အ​တွက် ​စံ​န​မူ​နာ​က ​ဘယ်​လို​မျိုး​လဲ။ ​အ​ခု​ဘယ်​လို​အ​ချက် ​တွေ​ပါ​တဲ့​အ​လုပ်​မျိုး​ကို ​ရှာ​နေ​တာ​လဲ။ ​အ​လုပ်​မှာ​သုံး​မယ့် ​သင့်​ရဲ့ ​အိုင်​ဒီ​ယာ​န ​မူ​နာ​လေး​ပြော​ပါ​ဦး။ ​အဲ​ဒီ​လို ​လုပ်​နိုင်​ဖို့ ​ဘယ်​လို​နည်း​လမ်း​တွေ​သုံး​သ​လဲ။ ​သင်​ဂုဏ်​ယူ​ခဲ့​တဲ့​အောင်​မြင်​မှု​တစ်​ခု​လောက် ​ပြော​ပါ​ဦး။ ​အ​ကြိုက်​ဆုံး​မန်​နေ​ဂျာ​အ ​ကြောင်း ​ပြော​ပါ​ဦး။ ​အ​ရင်​အ​လုပ်​က Boss ​ကို​ဘယ်​လို​မြင်​သ​လဲ၊ ​ဘယ်​လို ​ပင်​ကို​အ​ရည်​အ​ချင်း ​တွေ​ရှိ​သ​လဲ၊ ​ဘာ​တွေ​ဝါ​သ​နာ​ပါ​သ​လဲ၊ ​ဘ၀​မှာ​ရေ ​ရှည်​အ​တွက် ​စိတ်​ကူး​ထား​တာ ​ဘာ ​တွေ​လဲ၊ ​အ​လို​ချင်​ဆုံး​အ​ရာ​က​ဘာ​လဲ။ ​စိတ် ​ထဲ​က​အ​ရမ်း​လုပ်​ချင်​နေ​တဲ့ ​အ​လုပ်​က​ဘယ် ​လို​မျိုး​လဲ၊ ​နောက်​ဆုံး ​တွေ့​ခဲ့​တဲ့​အ​လုပ်​ရှင်​ကို ​အ​ကောင်း ​ဘက်​က​မြင်​တဲ့​အ​ချက်​သုံး​ခု ​န​မူ​န ​ပြော​ပါ​ဦး။ ​အ​ဆိုး​မြင်​တဲ့​အ​ချက်​တွေ ​က​ရော၊ ​သင့်​မိတ်​ဆွေ​တွေ​က ​သင့်​ကို ​ဘယ်​လို​မှတ်​ချက်​မျိုး​တွေ​ပေး​ကြ​လဲ။ ​သင်​က ​အ​လုပ်​ရှင်​ဖြစ်​သွား​ပြီ​ဆို​ရင် ​ဒီ​အ​လုပ် ​အ​တွက် ​ဘယ်​လို​စ​ရိုက် ​မျိုး​ရှိ​တဲ့​သူ​ကို​ရွေး​မ​လဲ။ ​သင့်​မှာ​ရှိ​တဲ့​အ ​ကျ​င့်​စ​ရိုက်​တွေ​ကို ​ပြော​ပါ​ဦး။ ​သင့်​ရဲ့ ​အ​လုပ်​မှာ ​အ​ဓိ​က​ပါ​ဝင် ​ပတ်​သက်​နေ ​မယ့်​သူ​က ​ဘယ်​သူ​လဲ။ ​နောက်​ဆုံး ​လုပ်​ခဲ့​တဲ့​အ​လုပ်​နဲ့ ​အ​ခု​အ​လုပ်​ဘာ ​တွေ​ကွာ​သ​လဲ။ ​ခေါင်း​ဆောင်​တစ် ​ယောက်​က ​ဘာ​တွေ​ကို​ရှောင်​သင့်​သ ​လဲ။ ​ကိုယ်​လုပ်​ခဲ့​တာ​တစ်​ခု​ကို ​တစ်​စုံ ​တစ်​ဦး​က ​မ​သိ​တဲ့​အ​ခါ​မှာ ​ဘယ်​လို​ခံ ​စား​ရ​သ​လဲ။ ​အ​ခု​မေး​နေ​တဲ့​ကျွန်​တော် ​ရဲ့​အ​ဆင့်​ကို ​သိ​လား။ ​တ​ခြား​သူ​တွေ ​ကို ​မ​သိ​စေ​ချင်​တဲ့ ​အ​ကြောင်း​တစ်​ခု ​လောက်​ပြော​ပါ​ဦး။ ​ဘယ်​လို​ကား​မျိုး ​ကျွမ်း​ကျွမ်း​ကျင်​ကျင်​မောင်း​တတ် o ​လဲ။နောက်​ဆုံး​ဖတ်​ခဲ့​တာ ​ဘယ်​စာ​အုပ် ​လဲ။ ​ဘယ်​လို​စာ​တွေ​ဖတ်​သ​လဲ။ ​သင့်​ရဲ့ ​စံ​ပြ ​အ​တု​ယူ​စ​ရာ​က​ဘယ်​သူ​လဲ။ ​အား​လပ်​ချိန် ​မှာ​ဘာ​တွေ​လုပ်​သ​လဲ။ ​လူ​ငယ်​ဘ၀​သို့​မ​ဟုတ် ​တ​က္က​သိုလ် ​ကျောင်း​သား ​သို့​မ​ဟုတ် ​က​လေး​ဘ၀ ​က​အ​မှတ်​ရ​စ​ရာ​တစ်​ခု​လောက် ​ပြော​ပါ​ဦး ​စ​တာ​တွေ​ပဲ​ဖြစ်​ပါ​တယ်။

Credit-မင်းအောင်မင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...