ပို့မတင်ဖြစ်တာ ကြာသွားပြီဗျာ....
အဲဒါကြောင့် ကျွန်တော် ဘလော့ကို လာကြည့်မဲ့သူ နည်းတာပေါ့ဗျာ....
ကျောင်းကတက်သာတက်နေရတာ စာကစိတ်မ၀င်စားပါဘူး...
စာစိတ်မ၀င်စားပါဘူးဆိုမှ ပွဲတွေက များလာတယ်...
စာတွေကလည်း တအားများလာတယ်..
ယောကျာင်္လေးများအတွက် မိုးရာသီ ဘောလုံးပွဲ
မိန်းကလေးများအတွက် ထုပ်ဆီးတိုး ပြိုင်ပွဲ..
ဝါဆိုသင်္ကန်းကပ်..
အာစရိယပူဇော်ပွဲနှင့်
ပျော်ပွဲရွင်ပွဲတွေပေါ့ဗျာ...
ပွဲများတော့ စာစိတ်မ၀င်စားတဲ့အပြင် ပွဲတိုင်းအတွက် ပိုက်ဆံထည့်ရပါသည် ..
တစ်ပွဲတစ်ပွဲ အနည်းဆုံး နှစ်ထောင် သုံးထောင် လောက်ကုန်သည်...
ပွဲအတွက် ရန်ပုံငွေ ရအောင် Find ကြေးရှိသည်။
အဲဒါကြောင့် ကျောင်းသားကဒ် ယူနီဖောင်း ပုံမှန်မမေ့အောင် နေရသည်။
ဒီစာဖတ်မိတဲ့ ဘော်ဒါတို့လည်း ကျွန်တော် ရေးတာနဲ့ ထပ်တူကျစွာ ခံစားရလိမ့်မယ်လို့ ထင်ပါတယ်။
လေးစားလျှက်
Justice Boy

posted from Bloggeroid
No comments:
Post a Comment