အောင်မြင်မှု အတွက် လူတွေဟာ အနည်းနဲ့အများတော့ပေးဆပ်ရမှာ သဘာဝဘဲလေ။ဒါပေ့မယ် နှစ်များစွာပေးဆပ်ပြီးမှ အသိအမှတ်ပြုခြင်းတော့ ခံရပါရဲ့ ဒါပေ့မယ် အပြင်မှာ လက်တွေ့ အသုံးချလို့ ရအောင်ထိ မအောင်မြင်တော့ အောင်မြင်မှု လို့ ခေါ်ဆိုမထိုက်ဘူး။
အသိအမှတ်က အခြေခံလောက်ပဲ သင်ပေးထားတော့ လက်တွေ့ မှာ အကျွမ်းတ၀င် မဖြစ်ပါဘူး။ ဒါပေ့မယ် အသိအမှတ် လက်မှတ် ရဖို့အတွက် အတွက် တစ်ရက်တစ်ရက် အချိန်ကုန် ငွေတွေကုန် လူပင်ပန်း ဖြစ်ခဲ့ရတယ်....
ကျွန်တော်ပြောချင်တာက နှစ်များစွာ အချိန်တွေ ငွေတွေ ပေးဆပ်ပြီးပြီပဲ။ အာမခံ ချက်ရှိစွာ အသိအမှတ် လက်မှတ် ရပါက လက်တွေ့ မှာ သာလွန်တဲ့ လုပ်အားခနဲ့ အလုပ်တစ်နေရာစာတော့ မရှားသင့်ပါဘူး ....
သင်ယူနေခဲ့ရပေ့မယ် ခိုင်မာတဲ့ တိကျတဲ့ မြင့်မားတဲ့ ဘ၀မျှော်လင့်ချက် မရေရာ ပါဘူး..
ဘ၀အာမခံချက်မရှိပါ......
ထိုကြောင့် ရွေးချယ်ခဲ့ပြီးတော့မှ မျှော်လင့်ချက် ဝေးဝေး၀ါးဝါးနဲ့ တစ်နေ့မှ တစ်နှစ်ပြီး တစ်နှစ် ပေးဆပ်ရမှာပါ.......
သိသာတာ တစ်ခုက သူများဆီက အချိန်တိုတိုနဲ့ အောင်မြင်မှု ရခဲ့ပေ့မယ် ငါတို့မှာကျတော့ အချိန်များများပေးဆပ်မှ တစ်နေရာ (နေရာတစ်ခု) ကိုရောက်နိုင်မှာပါ...
မရှိတဲ့ကြားထဲက သူများဆီမှာထက် ပိုပေးဆပ်ပြီးမှ အောင်မြင်မှု အသင့်အတင့် ရနိုင်မှာပါ...
လျှောက်လမ်းခဲ့ရတဲ့ လမ်းက အခြေအနေ အရ တစ်ယောက်နဲ့တစ်ယောက် မတူပေ့မယ်
ပန်းတိုင်ကတော့ တူညီပါတဲ့ ခင်ဗျာ.....

posted from Bloggeroid
No comments:
Post a Comment