slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, April 2, 2016

Computer နဲ့ Programming ဆိုတာ.....ဘာလဲ????

Computer နဲ့ Programming အကြောင်း တစေ့တစောင်း.....
Computer ကို ဘယ်လိုနားလည်ထားသလဲ ဆိုရင်...
သင်တိုင်း လိုက်လုပ်တဲ့..တပည့်ကြီးလို့နားလည်ထားပါတယ်..
သူက ငတုံးပါ...မခိုင်းရင် ဘာဆို ဘာမှ မလုပ်တတ်ပါဘူး..
အဲ..နောက်ပြီး.. ခိုင်းတာ မှားရင်လည်း တလွဲတွေလုပ်ပါတယ်...
ဘယ်လောက်တောင် အပျင်းကြီးသလဲဆိုရင်..ကျွန်တော် နှိုးမှထားပါတယ်..
အဲ့လောက် အပျင်းထူတဲ့ ကောင်ကိုလည်း တနေကုန်အောင် မမှိတ် မသုန် ထိုင်ကြည့်ရပါသေးတယ်..
ဒါတင်ပဲလား မဟုတ်ပါဘူး.... သူက အထူးလူစွမ်းကောင်း (Super Hero) ဆိုလည်း မမှားပြန်ပါဘူး..
အင်မတန်မှ အားရှိ၊ သွက်လက်မြန်ဆန်ပြီး၊ ဦးနှောက်မရှိပြန်ပါဘူး.. (ဘယ်လောက်မရှိသလဲဆို..သူသိတာက zero နဲ့ one ပဲသိပါတယ်)
အခုခေတ်မှာ Computer လို့ပြောလိုက်ရင်..ဘယ်သူမှ နှစ်ပေ ပတ်လည် ထုရှိတဲ့ သေတ္တာကြီးကို ပြေးမြင်မှာ မဟုတ်ပါဘူး..LCD တွေ Plasma တွေ Touch Screen တွေပဲ မြင်တော့မှာပါ..

သူ့ကို မွေးခဲ့တာတော့ တော်တော်ကြာပါပြီ၊ ပြောရရင်တော့ ကျွန်တော့ တို့ အဘိုးထက်တောင်ကြီးပါတယ်..
လွန်ခဲ့တဲ့ နှစ်ပေါင်း.. ၁၈၀၀ ဝန်းကျင်ကစပြီး..သူတို့ ဘိုးဘေ ဘီဘင်တွေ ဆင်းသက်လာကြတာပါ..
အခုဆိုရင်..လူတိုင်း တော်တော်များများ လက်ထဲကို..ရောက်နေပါပြီ။
စာဖတ်သူဟာလည်း...သူတို့ရဲ့ မြေးမြစ် တစ်ကောင်ကောင်ကို အခုသုံးပြီး ဖတ်နေတာပဲ မဟုတ်ဖူးလား...
Computer ကို ၁၆၂၀ လောက်က စတင်နေပြီလို့ ပြောလို့ရပါတယ်..
အရမ်း ရှုပ်မှာစိုးလို့. လူသိများ တဲ့ Punch Card Machine က ပဲ စပါ့မယ်..
သူ့ကို ၁၈၈၀ မှာ စတင် တီထွင်ခဲ့ပါတယ်.. Punch Card Machine ဆိုတာ သံပြားကို လိုအပ်သလို စနစ်တကျ ပုံဖော်ဖေါက်ပြီး Computer နားလည်အောင် ပြရခြင်းဖြစ်ပါတယ်။ (က၊ခ သင်သလိုပါပဲဗျာ၊ အင်မတန် လက်ဝင်တာပေါ့၊ တလုံး တလုံး နားလည်ဖို့)
သူ့ကို ပထမဦးဆုံး လက်တွေ့ စတင်သုံးခဲ့တာကတော့ US ရဲ့ ၁၈၉၀ လူဦးရေစာရင်း ကောက်ခံ တုန်းကဖြစ်ပါတယ်။ (အဲဒါကို တီထွင်ခဲ့တဲ့ Company ဟာ၊ နောက်ပိုင်းမှာ IBM ရယ်လို့ နာမည်ကြီးလာပါတယ်)
၁၉၃၆ မှာ တွက်ချက်မှု နည်းပညာကို Alan Turing ကစတင်ထည့်သွင်းလာနိုင်ပါတယ်။
မီးလုံး (Vacuum Tubes) တွေ အသုံးပြုပြီး တွက်ချက်တဲ့ Computer တွေကိုတော့ 1950 မှာ တီထွင်လာပြီး၊
ှSemiconductor တွေ အသုံးပြု တဲ့ Computer တွေကိုတော့ ၁၉၆၀ မှာ အောင်မြင်စွာ တီထွင်လာနိုင်ပါတယ်.. (ဒီ Secmiconductor နည်းပညာ ရဲ့ ကျေးဇူးတွေကြောင့်၊ ယနေ့ခေတ် အထိ တဖြည်း ဖြည်း Computer တွေဟာ သေးငယ် ပေါ့ပါးလာပြီး၊ လျှပ်စစ်ဓါတ်အားသုံးမှုပါ လျှော့ကြလာပါတယ်)
၁၉၇၀ မှာ Intel ရဲ့ Integrated Circuit နည်း ပညာ နေရာယူလာပြီး၊ အရှိန်အဟုန်ကောင်းစွာ နဲ့ ယနေ့ခေတ် iPad၊ Notebook အထိ တွေ့မြင်လာရတာပါ
ဟုတ်ပါပြီ၊ စာဖတ်သူတော့ မသိဘူးဗျာ၊ ရေးတဲ့လူတော့ အဲဒါတွေ ဖတ်ရမှာ ပျင်းတယ်... (ပျင်းလို့ အကုန်လုံး ချုံ့ထားတာ.. အကျယ်ဖတ်ချင်ရင် Wiki မှာဖတ်ပါ)
အဲ့ဒီ Computer တွေဟာ အထက်က ကျွန်တော် ပြောခဲ့သလို ဘာဆို ဘာမှ နားမလည် ဘူးဗျ၊ သူနားလည်တာ နှစ်လုံးပဲ (Zero နဲ့ One)
လူကြံရင် ဘာခံတာ မှတ်လို့...လာလေ့..
နှစ်လုံးထဲ သိတဲ့ကောင်ကို နှစ်လုံး ထဲပဲ ပြောမယ်... ဒါပေမယ့် ဆက်တိုက်ပြောမယ်....
ဒီလို ပြောမယ်.... 001001001010010101001010011010010101010101010101010  ကျွန်တော် နားမလည်ပါဘူး၊ သိချင်ရင် Computer ကိုမေးပါ။
အဲဒီ့လို Computer နားလည်အောင် ပြောတဲ့ Language ကို Programming Language လို့ခေါ်ပါတယ်။ အခုန ကျွန်တော် ရေးလိုက်တဲ့ စာတန်းကြီးကို Machine Language လို့ခေါ်ပြီး၊
ယနေ့ခေတ် Developer အများစုရေးတာကိုတော့ High Level Language လို့ခေါ်ပါတယ်.. အဲ သူတို့ နှစ်ခုကြား ဆက်သွယ်ပေးတဲ့ Language ကိုတော့ Low Level Language လို့ခေါ်ပါတယ်ဗျာ။
.......................................................................................................................................................................................................................................
ကဲ...မျက်စိ မညောင်းသေးဘူးဆိုရင် ဆက်ကြရအောင်၊... Program တဲ့..
အင်း...ကျွန်တော့ အမြင်အရ ပြောရရင်တော့...
Computer ဆိုတာ ယောက်က်ျား ဖြစ်ပြီး၊ Program ဆိုတာတော့ မိန်းမဗျ.
ဘာလို့လဲဆို Computer က Program ပြောသမျှ၊ မှားမှား မှန်မှန် နားထောင်ပြီး အကုန်လုပ်ပေးတယ်..
မိန်းမ ခိုင်းတာတော်ရင်တော် သလောက်၊ မှန်ရင် မှန်သလောက် Computer ရဲ့ အလုပ်လုပ်ပုံဟာလည်း မှန်ကန်ကောင်းမွန်လာပါတယ်..
အဲဒီ့ အမျိုးသမီးကတော့ ၁၉၃၀ လောက်က စမွေးလာတာပါ..
ရှင်းရှင်းလေးပါ..Computer ကို ခိုင်းဖို့ လိုအပ်လာလို့ပေါ့ဗျာ။
လူအများဆုံး သိကြတဲ့..Assembly Language Programming ကိုတော့ ၁၉၅၀ နောက်ပိုင်းမှာ စတင် အသုံးပြုလာကြပါတယ်။ (Assembly ဟာ Low Level Programming Language ပါ)
Low Level Programming Language တွေရဲ့ အားသာချက်က မြန်ဆန်ချင်းဖြစ်ပါတယ်၊ မြန်မှာပေါ့..ကြားခံ မှ မလိုပဲ..။ ဒါပေမယ့် ရေးတဲ့သူ လက်ညောင်းပါတယ်.. ပိုပြီးလည်း ရှုပ်ထွေးပါတယ်..
အများဆုံး အသုံးပြုတဲ့နေရာတွေကတော့ Security ပိုင်းနဲ့ Performance ပိုင်းနဲ့ သက်ဆိုင်တဲ့ အပိုင်းတွေမှာပါ။
C Programming (C ရဲ့ အထက်အားလုံးကို High Programming Language လို့ ခေါ်ဝေါ်နိုင်ပါတယ်) ကိုတော့ ၁၉၆၉ မှာ စတင်ပြီး လူသုံးများလာပါတယ်။ နောက်ပိုင်းမှာ Programing ဘိုးအေကြီးဖြစ်သွားပါတယ်။ (ဘွားအေ က ပိုမှန်မယ်ထင်တယ်)၊ ဘာလို့လဲဆို အားလုံးသော နောက်ပိုင်း ထွက်ရှိတဲ့ Programming Language အများစုဟာ C Programming ကို အခြေခံကာ ဆက်လက်ချဲ့ထွင်လာကြခြင်းဖြစ်ပါတယ်... (သမီးလှတာ အမေလှလို့ပေါ့.. :D )
C++ ကို ၁၉၈၀
Java ကို ၁၉၉၀ အလယ်ပိုင်း
JavaScript ကို ၁၉၉၅
VB ကို ၁၉၉၈
C# ကို ၂၀၀၁ နဲ့
PHP ကို ၂၀၀၄
အသီးသီး မွေးဖွားလာကြပါတယ်...( Computer တွေမျက်ခုံးလှုပ်ပြီ )
ကျွန်တော့တို့ လက်ရှိသုံးနေကြတဲ့ လက်ကိုင်ဖုန်းက စလို့ Laptop၊ Notebook၊ Server ကြီးတွေ အထိ Computer နဲ့ Programming လင်မယားစုံတွဲကို မြင်ကြရမှာပါ..
လင်နဲ့မယား လျှာနဲ့သွားဆိုသလို...ခိုင်းတဲ့ အလုပ်လေး အဆင်ပြေနေရင် အင်မတန် ပျော်နေသလောက်....ခိုင်းတာတွေ တလွဲလုပ်လို့..စိတ်ဆိုးပြီး ရန်ဖြစ်ရတဲ့ နေ့တွေလည်း ရှိပါတယ်..
ဒါ့ကြောင့် သင်ဟာ Developer တစ်ယောက် Programmer တစ်ယောက်လုပ်တော့မယ်ဆိုရင်..ဒါတွေ ကို ကြိုတင်သိထားဖို့ လိုအပ်ပါလိမ့်မယ်..
ကဲ...ကျွန်တော် ပြောတာလည်း နည်းနည်း လေ ရှည်သွားပြီဗျာ...
အတိုပြန်ချုံ့ရရင်..Computer ဆိုတာ အခြေခံ တွက်ချက်မှုစနစ် zero နဲ့ One ကို သုံးပြီး တည်ဆောက်ထားတဲ့ အင်မတန်သေးငယ်လှတဲ့ Capacity တွေစုစည်းထားတဲ့ စွမ်းအားမြင့် ပစ္စည်းတစ်ခုဖြစ်တယ်၊
ဒီပစ္စည်းကို အသုံးချနိုင်ဖို့အတွက် Programming Language တစ်ခုခုကို သုံးပြီး ခိုင်းစေရတယ်..
အဲဒီလောက်သိရင်….ရေးပေးရကျိုး နပ်ပါတယ်ဗျာ…
စာဖတ်သူ.. ရွှင်လန်းချမ်းမြေ့ပါစေ…
 Ref:
http://en.wikipedia.org/wiki/Computer
http://en.wikipedia.org/wiki/Visual_Basic

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...