slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, November 6, 2014

ခေတ်​စား​နေတဲ့ ​ဆေးအမျိုးမျိုး​ရောင်းဝယ်​​ရေး အသင်းအဖွဲ့ တွေရဲ့ သား​ကောင်​ဖြစ်​ခဲ့ရသူ တစ်​ဦးရဲ့ ရင်​ဖွင့်​ချက်

ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း/ငါးစာသာမြင် ငါးမျှားချိတ် မမြင်သလိုပေါ့။Aim Starထောင်ချောက်ရဲ့ ကျော့ကွင်းမှ ရှောင်ကွင်းနိုင်ပါစေ!!!တကယ် ထဲထဲဝင်ဝင် လေ့လာမှ တိုင်းပြည်ကို ဆင်းရဲတွင်းမှာနစ်သထက်နစ်အောင် နှစ်မယ့် ထောင်ချောက် ဆိုတာကို သိခဲ့ပါတယ်။
ဖိမ့် ဖိမ့် တုန် တိုင်းပြည်ကို ဆင်းရဲတွင်းမှာ နစ်သထက်နစ်အောင် နှစ်မယ့် ထောင်ချောက် (သို့) Aim Star
မင်္ဂလာပါ ကျနော် ဟန်မင်းထွေး ပါ။ Aim Star ထောင်ချောက် မှာ မိခဲ့တဲ့ အသင်းဝင်ဟောင်း တစ်ဦးပါ။ ဖော်ကောင်ဆိုလည်း မမှားပါဘူး။ ဒါကြောင့်လည်း ဒီထောင်ချောက်ရဲ့ ကလိမ်ကကျစ် ဥာဏ်နဲ့ အပီအပြင် ဆင်ထားတဲ့ အကွက်တွေကို ပြောပြသွားပါမယ်။
Aim Star ဆိုတာက အလှကုန် ၊ လူသုံးကုန်နဲ့ ဆေးဝါးတစ်ချို့ ဖြန့်ချီတဲ့ ကုမ္ပဏီပါ။ ရုံးချုပ်ကတော့ ထိုင်း နိုင်ငံမှာ ဖြစ်ပါတယ်။ ၇ နိုင်ငံ ဖြန့်ချီပါတယ်။ အမေရိကန် ၊ဂျပန် ၊ထိုင်း ၊မလေးရှား ၊ မြန်မာ ၊ လာအို နဲ့ ကမ္ဘောဒီး
ယား တို့ဖြစ်ပါတယ်။ လျှောက်လွှာ တစ်ရွက်ကို ၉၀၀၀
ကျပ် ပေးဝယ်ပြီး Member ဝင်ရပါတယ်။ ဒါ့အပြင်pv1000 (သို့) ၉၅၀၀၀ ကျပ် ဖိုး ပစ္စည်းဝယ်ယူ ရပါတယ်။ အသင်းသားက နောက်ထပ် အသင်းဝင် အသစ်ထပ်ရှာရပါတယ်။ ဆင့်ကာဆင့်ကာ ပွားရပါတယ်။
၁-၂-၄-၈-၁၆-၃၂ အဲလို ဆင့်ပွားရပါတယ်။ အသင်းဝင် အသစ်ရှာနိုင်လျှင် Aim Star က အသင်းသားကို လစာပေးပါတယ်။ လစာ ထုတ်ချင်သူက လစဉ် pv300 (သို့) ၃၀၀၀၀ဖိုး ခန့် ပစ္စည်း ဝယ်ယူရပါတယ်။ မဝယ်ရင် လစာ ထုတ်မရပါ။ ၂ယောက် ရှာနိုင်လျင် ၂သောင်း
l၄ယောက်-၃သောင်းl ၈ယောက်-၆သောင်းl၁၆ယောက်-၁သိန်း ၂သောင်း l အစရှိသဖြင့် ၄၀၀၀ယောက်-
သိန်း ၃၀၀ ကျပ် ရရှိမှာပါတဲ့။ ကမ္ဘာအဆင့်မီ စီးပွားရေးတဲ့။ ဒါက အလုပ်သဘော အကြမ်း။
အခု Aim Star ရဲ့ အပြောနဲ့အလုပ် မညီတာကို ပြောပြမယ်။ ဒီလုပ်ငန်းက လွတ်လပ်တယ် ပြောတယ်။Freedomတဲ့။ လက်တွေ့မှာတော့ ပတ်ချုပ်ထားတယ်။
လျှောက်လွှာတစ်ရွက် ၉၀၀၀ကျပ်တဲ့။ စက္ကူဈေး အဲလောက်မှ မကြီးတာ။ နောက် တစ်နှစ်ပြည့်ရင် သက်တမ်းတိုးရသတဲ့။ အဲဒါ က ၄၅၀၀ ပေးရပါတယ်။ သက်တမ်း ကုန်စရာလား။ မှတ်ပုံတင်ဆိုတာ ၁၈နှစ်(သို့)၃၀ ပြည့်
ရင်လဲရမယ်။ ဒါက ရုပ်ပြောင်းလို့လေ။ အခုက သက်သက် အမြတ်ထုတ်တာ။ စဝင်ဝင်ချင်း ၉သောင်းခွဲဖိုးဝယ်ရသလို လစဉ် ၃သောင်းဖိုး အနည်းဆုံးဝယ်ရမယ်။
အမှန်တကယ် Freedom ဖြစ်ရင် ၁၀၀၀ ကျပ်ဖိုး ဝယ်လည်း ဖြစ်ရမှာပေါ့။ အခုတော့ ဘယ်မှာ Freedom ဖြစ်လို့လဲ။ အဲဒီ Freedom ဆိုတဲ့ စကားလုံးနဲ့ လှည့်တယ်။ ဆွဲဆောင်တယ်။
နောက် အသင်းသားတွေကို လစာပေးတာက ဒီလိုပြောတယ်။ ကျနော်တို့ ၁၀၀ ပေးဝယ်ရတဲ့ ပစ္စည်းက ထုတ်လုပ်မှု ကုန်ကျစရိတ် ၄၀% ကုန်ကျတယ်။ ၃၀%က
ကြော်ငြာခ l ၂၀% က ပို့ဆောင်ခနဲ့ ၁၀% က စတိုးဆိုင်က အမြတ်တင်ရောင်းလို့သာ ဖြစ်ပါသတဲ့။ AimStar က အဲဒီ ၆၀ % ကို အသင်းသားတွေ အတွက် လ
စာပေးပါသတဲ့။ အဲဒါ ညာတာပဲ။ အဲဒါ လှည့်ကွက်ပဲ။
၆၀၀ တန် ပစ္စည်းကို ၆၈၀၀ ရောင်းတယ်။ ဆယ်ဆကျော် ဈေးကြီးတယ်။ ပြန်ပေးတာက နည်းနည်းရယ်။
ကုတ်သွေးစုပ် အမြတ်ထုတ် နားလှည့်ပါးချတာက အဆိုးဆုံးပဲ။ (အခုကိစ္စက ဈေသည် စကားလို ဖြစ်နေပြီ။
ခင်ဗျားမလို့ ဒီဈေးနဲ့ ပေးတာ ။ လူရင်းတွေမို့။ ဒါမျိုးပေါ့။ ) ဥသျှစ်သီးကို ပါးစပ်ထဲ ငုံပြောသလို။ စကားလုံးတွေက ပါးစပ်နဲ့ မဆန့်ဘူး။ အဲလို လှည့်ကွက်တွေ နဲ့ ညာတာ။
နောက် Aim Star က အရည်အသွေးကြောင်း ပြောရင် အမေရိကန် ၊ ဂျပန်မှာ သုံးတာ ဒီလိုပဲ ပြောတယ်။ ဒါနဲ့ ကိုင်ပေါက်တယ်။ ဒါနဲ့ ပိတ်ပြောတယ်။ ISO လက်မှ
တ် မပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်မယ်လို့ ဘယ်သူမှ
အာမမခံနိုင်ဘူး။ ဘယ်အဖွဲ့ မှ လိုက်စစ်မှာ မဟုတ်။ အရည်အသွေးမီတယ် ထားပါဦးတော့ အမေရိကန်၊ ဂျပန်သုံးတဲ့ ပစ္စည်းကို မြန်မာက သုံးစရာလား။ သူ့အိုးနဲ့ သူ့ဆန် တန်ရုံပေါ့။
၁+၂+၄+၈+၁၆=၃၁ ယောက်ဆိုတော့ အများပေါင်းတွက်ရင် ၃၁ သိန်းကုန်ပါတယ်။ အရာရာတိုင်းဟာ ဖြစ်ပြီးရင် ပျက်ရမှာပါ။ ဖြစ် တည် ပျက် ပေါ့ဗျာ။ ဟုတ်ပြီနော်
။ ဒီ၁၆ ယောက် အဆင့်ကို ရပ်သွားပြီလို့ တွက်မယ်ဆိုရင် အားလုံးပေါင်း အနေနဲ့ လစာစုစုပေါင်း ၈သိန်း ခန့်သာ ပြန်ရပါတယ်။ကုန်တာက ၃၁ သိန်းပါ။ ၉ သောင်း
ခွဲဖိုးက အပြင်မှာ ဝယ်ရင် ၂သောင်းခွဲ နဲ့ ၃သောင်းကြား ရှိပါလိမ့်မယ်။ အရည်အသွေးက Aim Star ပစ္စည်းထက် ပိုကောင်းပါလိမ့်မယ်။ ဒါကြောင့်မို့ ၃၁ယောက်မှာ ၁၅ သိန်းခန့် ရှုံးပါတယ်။ လူ၁၀၀ မှာ သိန်း ၅၀ပဲ ထားပါဦးတော့ လူ ၁၀၀၀ မှာ သိန်း ၅၀၀ l လူ၁၀၀၀၀ မှာ သိန်း ၅၀၀၀ ရှုံးမှာ ဖြစ်ပါတယ်။ အခု လောလောဆယ် မြန်မာပြည်မှာ အသင်းဝင် ၃ သိန်းခွဲ ကျော်သွားပြီလို့ ကြားတယ်။ အဲလိုဆိုတော့ ကျပ်သိန်းပေါင်း ၁၇၅၀၀၀ လောက် ရှုံးခဲ့ပါပြီ။
စာရေးဆရာမဂျူး က ပြောတယ်။ ကမ္ဘာ့မှာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံက ဆင်းရဲတာ များသတဲ့။ သယံဇာတ ပေါကြွယ်ဝတယ်ဆိုတာ ဆင်းရဲမွဲတေဖို့ ထောင်ချောက်ပဲတဲ့။ Aim Star မှာ ဝင်ငွေကောင်းတဲ့သူတွေ ရှိတယ်။ သူတို့က တည်ချိုးဗျ။ ချိုးဖမ်းတယ် ဆိုတာ
ချိုးတစ်ကောင်ပြပြီး ဖမ်းတာ။ Aim Star ရဲ့အသုံးချခံရ
တဲ့ သူတွေဖြစ်သွားပြီ။ တစ်ချို့က ထောင်ချောက်ကို မြင်ပေမယ့်လည်း ကိုယ်ရမယ့် အကျိုးအမြတ် အတွက် အတ္တကို ရှေ့တန်းတင်လိုက်ကြပြီ။ အသင်းဝင် အားလုံးက ထောင်ချောက်ကို မမြင်တော့ဝင် ။ ဝင်တော့မိခဲ့ကြပြီိ။ ငါးစာသာမြင် ငါးမျှားချိတ် မမြင်သလိုပေါ့။ ထောင်ချောက်ဆိုတာ အလွယ်တကူ နဲ့တော့ ဘယ်သိနိုင်ပါ့မလဲ။ တစ်ချို့ အကူအညီကလည်း ကူညီတဲ့နည်း မှားခဲ့ရင် ဆင်းရဲစေဖို့ ထောင်ချောက်ပါပဲ။ တစ်ချို့ လူတွေများ
ကိုယ့်ကိုယ်ကို အားမကိုးတော့ဘဲ အချောင်သမား စိတ်
ဓာတ်တွေ ဖြစ်ကုန်ရော။
ကျနော်လည်း Aim Star ထဲ ဝင်ခဲ့တာက ထောင်ချောက်ကို မမြင်ခဲ့လို့။ တကယ် ထဲထဲဝင်ဝင် လေ့လာမှ တိုင်းပြည်ကို ဆင်းရဲတွင်းမှာ နစ်သထက်နစ်အောင် နှစ်မယ့် ထောင်ချောက် ဆိုတာကို သိခဲ့ပါတယ်။ ဒီလုပ်ငန်းရဲ့ website က www.aimstarnetwork.com ပါ။ ။
Aim Star ထောင်ချောက်ရဲ့ ကျော့ကွင်းမှ ရှောင်ကွင်း နိုင်ပါစေ
ဟန်မင်းထွေး
(အသင်းဝင်ဟောင်းတစ်ဦး)
ph.no 09 256209990"
[News Of Myanmar Facebook Wall ​ပေါ်က တင်​ထားခြင်းကို ​ဖော်​ပြခြင်းဖြစ်​သည်​။ကျွန်​​တော်​၏ အာ​ဘော်​မဟုတ်​ပါလို့ သတိ​ပေးချင်​ပါတယ်​။အသိထဲက အသင်းဝင်​ထားသူများ တိုက်ဆိုင်​သူများရှိခဲ့လည်း ခွင့်​လွှတ်​​ပေးပါရန်​.....]
Credit-news of Myanmar
Posted by hmw(cu-lso)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...