slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, May 11, 2016

ကမ္ဘာ့ပုံစံအဆိုးရွားဆုံးမြို့တော်စာရင်းတွင် နေပြည်တော်ပါဝင်

အစိုးရရုံးစိုက်ရာ နေပြည်တော်ကို ဝေဟင်က တွေ့ရစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
နေပြည်တော်သည် ကမ္ဘာ့ပုံစံ အဆိုးရွားဆုံးမြို့တော် ကိုးမြို့အနက် တစ်မြို့ဖြစ် ကြောင်း အမေရိကန်ပြည်ထောင် စု၊ နယူးယောက်ပြည်နယ်အခြေ စိုက် Thrillist မီဒီယာ ကုမ္ပဏီက လတ်တလောထုတ်ပြန်သည့် အစီ ရင်ခံစာတွင် ဖော်ပြသည်။ ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နေပြည်တော်သည် နယူးယောက်မြို့အရွယ်အစားထက် အကြမ်း ဖျင်းခြောက်ဆ ပိုမိုကြီးမားလာပြီး လမ်း ၂၀ သွား အဝေးပြေးလမ်းမ ကြီးများ၊ ဝိုင်ဖိုင်ကွန်ရက်များဖြင့် မြို့တော်ကို လွှမ်းခြုံထားသည်။ သို့သော် နေပြည်တော်သည် အစိုးရအရာရှိများကလွဲ၍ အခြားမည် သူမျှ နေထိုင်မှုမရှိသော သီးခြား ထီးတည်း ဝေးလံခေါင်ဖျားရာ အ ရပ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ထုတ်ပြန်ထားသော လူဦး ရေအရေအတွက်မှာ ကိုးသိန်းခန့် ရှိသည်ဟုဆိုသော်လည်း ယင်း ကိန်းဂဏန်းမှာ လုပ်ဇာတ်ခင်းချဲ့ ကားထားသည့် အရေအတွက် သာဖြစ်ကြောင်း လူအများက ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြ သည်။ နေ့တစ်နေ့၏ အလုပ်အ များဆုံး အချိန်ကာလများတွင် ပင် နေပြည်တော် လမ်းမကျယ် ကြီးများသည် လူသူမရှိ ဟာလာ ဟင်းလင်း ဗလာကျင်း ဖြစ်နေ သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ‘‘မြို့တော်တွေဟာ လူတွေ နေထိုင်ကြဖို့ဖြစ်တယ်ဆိုရင် မြန် မာနိုင်ငံရဲ့ မြို့တော်သစ်ကတော့ ဒီအခြေအနေအတိုင်းဆို အကြီး အကျယ် သတင်းကြီးနေတဲ့ မ အောင်မြင်ကျဆုံးမှုပါပဲ။ တကယ် အတည်ပြောတာပါ။ တစ်ခါတ လေ ပဲ့တင်ထပ်သံတွေကိုတောင် ခင်ဗျားကြားနိုင်တယ်။ လူမရှိ သူ မရှိ ဟင်းလင်းကြီးပါ’’ဟု Thrillist က ရေးသားထားသည်။ ပုံစံဆိုးရွားမှုအဖြစ် သတ် မှတ်နိုင်ရန် ကမ္ဘာ့အကြီးဆုံးမြို့ တော်များအနက် အချို့၏ အပြစ် အနာအဆာများကို မီးမောင်းထိုး ပြရန် မြို့ပြစီမံကိန်း ရေးဆွဲသူ မြောက်မြားစွာ၏ထင်မြင်မှု ဆန်း စစ်သုံးသပ်ချက်များကို Thrillist က မေးမြန်းရယူခဲ့သည်။ ထိုစစ်တမ်းမှတစ်ဆင့်ရရှိသော ကမ္ဘာ့ပုံစံအဆိုးရွားဆုံး မြို့တော် ကိုးမြို့မှာ အင်ဒိုနီးရှား၏ ဂျကာ တာ၊ အာရပ်စော်ဘွားများ ပြည် ထောင်စု၏ဒူဘိုင်း၊ အမေရိကန် ပြည်ထောင်စု၏ အတ္တလန်တာ၊ မြန်မာ၏နေပြည်တော်၊ ဘရာဇီး ၏ဆော်ပေါ်လို၊ အမေရိကန်ပြည် ထောင်စု၏ဘော်စတွန်၊ ဘရာဇီး ၏ဘရာစီးလီးယား၊ အမေရိကန် ပြည်ထောင်စု၏ မစ်ဇူးလားနှင့် ဘင်္ဂလားဒေ့ရှ်၏ဒါကာတို့ဖြစ်ကြ သည်။

Credit-http://www.7daydaily.com/story/64536

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...