slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, November 6, 2014

အမျိုးသားများအတွက်​ အိမ်​​ထောင်​မှုသုခပြည့်​စုံနိုင်​ရန်​ သဘာဝ​ဆေးနည်း

သဘာဝဆေးနည်း
အိမ်ထောင်မှုသုခပြည့်စုံဝစေနိုင်ရန်အတွက် ယောင်္ကျားအားဆေးနှင့်ပတ်သက်၍ သဘာဝဆေးနည်းကို သိချင်သူများ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ကျန်းမာရေးသတင်းများ၏ Message သို့လည်း မကြာခဏ ဆေးနည်းမျှဝေပေးရန် တောင်းဆိုလာကြတယ်။

သဘာဝဆေးနည်းကို ခပ်စောစောကတည်းက တွေ့ရှိထားပေမယ့် ကောင်းကျိုးဆိုးကျိုးတို့ကို စုံသထက်စုံအောင် လေ့လာနေရသည့်အတွက် ချက်ချင်း မတင်ပေးနိုင်ခဲ့ပဲ အနည်းငယ်ကြာသွားပါတယ်။
 
ယောင်္ကျားအားအတွက် သဘာဝဆေးနည်းကို ဖော်စပ်ရန် လိုအပ်ချက်များမှာ-

၁။ ခွေးလယားသီးနက်၏ အစေ့ ၃၂ စေ့
၂။ နွားနို့ ၂၅ ကျပ်သား
၃။ ထောပတ်အနည်းငယ်
၎။ သဘာဝ ပျားရည်စစ်စစ် ၂၅ ကျပ်သား
၅။ သကြား၂၀ ကျပ်သား

(ပုံနှင့်တကွလည်း ဖော်ပြပေးထားပါသည်)


ဆေးဖော်စပ်နည်း
 
ခွေးလယားသီးကို နွားနို့ထဲ ထည့်၍ ပြုတ်လိုက်ပါ။ ပွတက်လာသော ခွေးလယားသီး၏ အဆံများကို ထောပတ်ဖြင့် နှယ်ပြီး လှော်လိုက်ပါ။
ပြီးလျှင် ၄င်းအဆံများကို ပျားရည်၊ သကြားတို့နှင့် ပုလင်းတစ်လုံးထဲတွင် အဖုံးလုံအောင်ပိတ်၍ စိမ်ထား(နှပ်ထား)လိုက်ပါ။

တစ်ပတ်ခန့် စိမ်ထားပြီးလျှင် ၄င်းဆေးကို လက်ဖက်စားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း နေ့စဉ်သုံးဆောင်နိုင်ပါသည်။

*
ယောင်္ကျားအသက်
အပြင်ဘက်၊
ဆိုချက်စကား.
အလေးထားကာ၊
လူကားမသေ၊
ပန်းမသေရ၊
အာဂယောင်္ကျား၊
ဟစ်ကြုံးဝါးလျှက်၊
ယောင်္ကျားမှန်လျှင်၊
အားသန်စေရမည်။
***

ကျန်းမာရေးရှုထောင့်အမြင်ဖြင့် စေတနာထားကာ မျှဝေပေးခြင်း ဖြစ်ပါသည်။


စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ရိုးရာဆေးနည်းများ၊ နေဇင်ဟိန်း၊ ထွန်းတောက်ကြယ်

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...