slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Friday, March 18, 2016

အွန်လိုင်းမှ iPhone 6s ဝယ်ယူခဲ့သည့် အမျိုးသမီး သစ်တော်သီးတံဆိပ် ဖုန်းကိုသာ ရရှိခဲ့


တရုတ်ပြည်နယ် ဝူဇီမြို့မှ အမျိုးသမီးတစ်ဦးသည် အွန်လိုင်းမှ iPhone 6s အသစ် တစ်လုံးကို ဝယ်ယူခဲ့ပြီးနောက် ပါကင်ထုပ်ကို ဖြေကြည့်ရာတွင် ကျောဘက်၌ သစ်တော်သီး တံဆိပ်ပါဝင်သော ဖုန်းတစ်ခု ဖြစ်နေကြောင်း တွေ့ရသည်။
အဆိုပါအမျိုးသမီး၏ မျိုးရိုးအမည်မှာ ဇောင်ဖြစ်ပြီး အွန်လိုင်းတွင် ဈေးနှုန်းအလွန်သက်သာစွာနှင့် ရောင်းချနေသည့် iPhone ကို တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် သူမအနေဖြင့် Apple iPhone 6s အတွက် ယွမ် ၃,၄၀၀ (ကန်ဒေါ်လာ ၅၂၁.၂၇) သာပေးချေရန် ရောင်းချသူနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း NetEase မှ ဖော်ပြခဲ့သည်။
ထို့နောက်တွင် မမျှော်လင့်သော ပြဿနာဖြစ်ပေါ်ခဲ့ပြီး ဖုန်းကို အကောက်ခွန်မှ သိမ်းဆည်းသွားကြောင်း၊ သူမအနေဖြင့် ယွမ် ၅,၀၀၀ ကျော် ထပ်မံပေးချေလျှင် ဖုန်းကို ၎င်းထံပေးပို့ပြီးသည်နှင့် ထိုငွေကို ပြန်ပေးဆပ်မည် ဖြစ်ကြောင်း ရောင်းချသူက ပြောဆိုခဲ့သည်။ အဆိုပါအစီအစဉ်သည် သဘာဝကျသောကြောင့် သူမက ငွေကို လွှဲပေးခဲ့သည်။
နောက်ဆုံးတွင် သူမသည် ယွမ် ၈,၄၀၀ ပေး၍ ဈေးနှုန်းသက်သာသော iPhone 6s အသစ်အစား သစ်တော်သီးဖုန်းကိုသာ ရရှိခဲ့သည်။ ထို့အပြင် သူမသည် ရောင်းချသူထံမှ ငွေကြေးပြန်လည်ရရှိအောင် ကြိုးစားခဲ့သော်လည်း ရောင်းချသူက သူမအား နာမည်ပျက်စာရင်းသွင်းထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
Ref: Shanghaiist

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...