ခိုင်းမှလုပ်တတ်သူနဲ့ ခိုင်းစရာမလိုဘဲ လုပ်တတ်သူ ဒီနှစ်ယောက်ကြားမှာ အဓိ ကကွာခြားချက်ကတော့ သိတတ်မှုနဲ့ တာဝန်ယူမှုပါပဲ။ သိတတ်မှုနဲ့တာဝန်ယူမှု က ဝန်ထမ်းတိုင်းမှာရှိတာတော့မဟုတ်ပါ ဘူး။ ဒါကြောင့်လည်း ခိုင်းမှလုပ်တတ်တဲ့ ဝန်ထမ်းဆိုတာပေါ်လာတာပါ။ ဒီဝန်ထမ်း တွေအနေနဲ့ တာဝန်မကျေပွန်တာတော့ မဟုတ်ပါဘူး။ ခိုင်းလျှင်တော့ ဘာမဆို အကုန်လုပ်တတ်ပေမဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်သိ တတ်မှုနဲ့အလုပ်ကိုမလုပ်တတ်တာပါ။
တကယ်တော့ မခိုင်းဘဲလုပ်တတ်တဲ့ ဝန်ထမ်းဆိုတာ ခေါင်းဆောင်စိတ်ရှိသူတွေ လို့ပြောရပါမယ်။ ခိုင်းမှလုပ်တတ်တဲ့ဝန် ထမ်းကတော့ ခေါင်းဆောင်လိုစိတ်မရှိသူ တွေလို့ဆိုရပါမယ်။ ဝန်ထမ်းဖြစ်လို့ ခေါင်း ဆောင်မဟုတ်လို့ ခေါင်းဆောင်စိတ်ဓာတ် ရှိစရာမလိုဘူးလို့ တွေးမိကောင်းတွေးမိကြ ပါလိမ့်မယ်။ ဒါပေမဲ့ မဟုတ်ပါဘူး။ ဝန် ထမ်းတွေမှာလည်း ခေါင်းဆောင်စိတ်ဓာတ် မွေးရပါမယ်။
ကိုယ်တိုင်ဦးဆောင်လိုစိတ် မွေးမြူရ ပါမယ်။ ဝန်ထမ်းတစ်ယောက်ကခိုင်းမှလုပ် တတ်တယ်ဆိုတာမျိုးမဖြစ်ရအောင် ဦး ဆောင်လိုစိတ်ရှိရပါမယ်။ ဒါကဝန်ထမ်း တိုင်းမှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်း တစ်ရပ်ပါ။ ကိုယ်တိုင်က ဝန်ထမ်းတစ် ယောက်ဆိုလျှင် ကိုယ်ကလည်း ခိုင်းမှလုပ် တတ်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်နေပြီ လားဆိုတာ ဒီအချက်လေးတွေကြည့်ပြီး သုံးသပ်ကြည့်ရပါမယ်။
တာဝန်ပေးမှ အလုပ်လုပ်တတ်တာ
တကယ်ဆိုလျှင် ဝန်ထမ်းအားလုံးက ကိုယ့်ရဲ့ရာထူးနေရာအလိုက် လုပ်ငန်းတာ ဝန်အသီးသီးရှိကြပါတယ်။ အဲဒီအလုပ် တာဝန်တွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် ပြီးစီးအောင်လုပ်နိုင်သူရှိသလို တာဝန်ပေး မှ အလုပ်လုပ်တတ်တဲ့ဝန်ထမ်းတွေလည်း ရှိပါတယ်။ ဝန်ထမ်းတစ်ယောက်က ကိုယ့် ရဲ့လုပ်ငန်းအပေါ် စေတနာပါရပါမယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုလိုပဲ ကြိုး စားလုပ်ကိုင်နိုင်ရပါမယ်။ လုပ်ငန်းတိုးတက် မှ ကိုယ့်ရဲ့ရာထူး၊ လစာ၊ ခံစားခွင့်တွေက တိုးတက်နိုင်မှာပါ။
ဝန်ထမ်းတစ်ယောက်က အချိန်တန် လစာယူမယ်။ လုပ်ငန်းခွင်မှာတော်ရိလျော် ရိအလုပ်ကလေးကို ခိုင်းမှလုပ်မယ်။ ဒါဆို လျှင်တော့ အဲဒီဝန်ထမ်းကတိုးတက်ဖို့ အလှမ်းဝေးနေပါဦးမယ်။ ဘယ်အလုပ်မဆို စိတ်ပါလက်ပါနဲ့ ထက်ထက်သန်သန်လုပ် မယ်ဆိုလျှင် ကိုယ့်အတွက်အကျိုးမယုတ် သလို၊ ကိုယ့်ရဲ့လုပ်ငန်းအတွက်လည်း ကောင်းမွန်စေမှာအသေအချာပါပဲ။ ဒါကြောင့်သင်ကဝန်ထမ်းတစ်ယောက်ဆို လျှင်တာဝန်ပေးမှ၊ ခိုင်းမှလုပ်တတ်တဲ့ ဝန်ထမ်းမဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါ တယ်။
ပျင်းရိပျင်းတွဲနေတတ်တာ
ကိုယ့်ရဲ့အလုပ်တာဝန်က ဒီအလုပ် တွေ ဒီအလုပ်တွေရှိတယ်။ ဒါပေမဲ့အဲဒီ အလုပ်တာဝန်တွေကိုလုပ်ဖို့ ပျင်းနေတတ် တာမျိုးပါ။ လုပ်ရမယ့်အလုပ်ကိုလည်းသိ တယ်၊ ဒါပေမဲ့ မလုပ်ချင်ဘူး။ အချိန်တိုင်း လိုလို အလုပ်ခွင်မှာ တက်ြွကမှုမရှိဘဲ နေ တတ်တာမျိုးပါ။ လုပ်ငန်းအပေါ်စိတ်ဝင် စားမှုအားနည်းသလို အလုပ်လုပ်ဖို့လည်း စိတ်မပါဖြစ်နေတတ်ပါတယ်။ ကိုယ့်ရဲ့လုပ် ငန်းစွမ်းရည်ကြောင့် ရာထူးမတိုး၊ လစာမ တိုးလည်း ရတဲ့နေရာ၊ ရတဲ့လစာနဲ့ပဲကျေ နပ်နေတတ်ပါတယ်။
အလုပ်လုပ်တဲ့အခါ အများစုက ပန်း တိုင်ထားတတ်ကြပါတယ်။ ဥပမာအားဖြင့် နောက်ထပ်နှစ်နှစ်ဆိုလျှင် ငါဘယ်ရာထူး ကိုရရမယ်၊ ဘယ်နေရာကိုရောက်နေရမယ် ဆိုတာမျိုး သူတို့မှာမရှိကြပါဘူး။ ဒါကြောင့် ပဲဘယ်နေရာမှမရောက်ဘဲ လက်ရှိနေရာ လက်ရှိရာထူးမှာပဲ အချိန်ကြာမြင့်စွာရရှိ နေတတ်ပါတယ်။
နေသာသလိုနေတတ်တာ
လုပ်ငန်းခွင်တိုးတက်ဖို့၊ ကိုယ့်အရည် အချင်းတိုးတက်ဖို့စတာတွေကိုစိတ်မဝင် စားပဲဖြစ်သလိုနေတတ်သူမျိုးပါ။ အလုပ် မှာအောင်မြင်တာ၊ ကျရှုံးတာစတာတွေကို စိတ်မဝင်စားတတ်ကြပါဘူး။ တစ်ကိုယ်ရေ အဆင်ပြေအောင်ပဲနေတတ်ပြီး အလုပ်မှာ ဘာပဲဖြစ်ဖြစ်စိတ်မဝင်စားတတ်သူတွေပါ။ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ခိုင်းသလောက် လေးပဲလုပ်ပြီး ကျန်တာသူနဲ့မဆိုင်သလို နေတတ်ကြသူများပါ။ ဒီလိုလူမျိုးတွေ လုပ် ငန်းခွင်မှာ များနေလျှင်ဖြင့် အဲဒီလုပ်ငန်းခွင် က အန္တရာယ်ရှိနိုင်ပါတယ်။
အလုပ်အပေါ်တန်ဖိုးမထားတာ
ဒီအချက်ကတော့ ကာယကံရှင်က အလုပ်ကိုချစ်မြတ်နိုးသူတစ်ယောက်မဟုတ် ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ အလုပ် အပေါ်ချစ်မြတ်နိုးသူဘယ်သူမဆို ကိုယ့်ရဲ့ အလုပ်အပေါ်တန်ဖိုးထားတတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်ဝါသနာပါတဲ့အလုပ် မရတာကြောင့်လည်း ရတဲ့အလုပ်ကိုဝင် လုပ်ရသူတွေရှိနိုင်ပါတယ်။ အဲဒီအခါမှာ ကိုယ်ဝင်လုပ်တဲ့အလုပ်က ကိုယ့်ရဲ့ဝါသနာ နဲ့လားလားမှ မသက်ဆိုင်တဲ့အခါ အဲဒီ အလုပ်အပေါ်မှာ တန်ဖိုးထားမှု၊ စိတ်ဝင် စားမှုတွေလျော့ကျလာတတ်တာ ဓမ္မတာ ပါပဲ။
အဲဒီလိုလုပ်ငန်းအပေါ်စိတ်ဝင်စားမှု မရှိသူတစ်ယောက်က ဒီအလုပ်မှာမပျော် ရွငှ်နိုင်ပါဘူး။ သူ့အတွက်လမ်းပျောက်သလို ဖြစ်နေတဲ့ ဒီအလုပ်မှာရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်အခြေအနေနဲ့ နောက် ဆုံးမှာလုပ်ငန်းခွင်မှာခိုင်းမှလုပ်တတ်တဲ့ ဝန် ထမ်းတစ်ယောက်ဖြစ်လာပါတော့တယ်။
ပြဿနာတိုင်းကို ကိုယ်နဲ့မဆိုင်သလိုနေတတ်တာ
အလုပ်ခွင်မှာ ရင်ဆိုင်ကြုံတွေ့ရတတ် တဲ့ပြဿနာတွေကို ကိုယ်နဲ့မဆိုင်သလိုနေ တတ်တဲ့လူမျိုးတွေပါ။ ကိုယ့်ကြောင့်ပဲဖြစ် ဖြစ်၊ တခြားသူတွေကြောင့်ပဲဖြစ်ဖြစ် ဖြစ်လာတဲ့ပြဿနာတွေကိုတာဝန်ယူလိုစိတ် မရှိကြပါဘူး။ လုပ်ငန်းခွင်မှာပူးပေါင်းလုပ် ဆောင်လိုစိတ်မရှိဘူး။ စည်းလုံးညီညွတ်မှု မရှိဘူး။ တာဝန်ယူလိုစိတ်လည်းမရှိဘူး။ ကိုယ့်အတွက်ကြောင့် အလုပ်မှာအခက်အ ခဲဖြစ်သွားရရင်တောင် ကိုယ်နဲ့မဆိုင်သလို နေတတ်တဲ့ လူစားမျိုးတွေပါ။ အဲဒီလိုလူ မျိုးတွေက ကြာလာတဲ့အခါ ခိုင်းတာလုပ်၊ ပေးတာယူတတ်တဲ့ ဝန်ထမ်းမျိုးပဲဖြစ်လာ တတ်ပါတယ်။
ခိုင်းမှလုပ်တတ်သူတွေကိုဘယ်လိုကိုင်တွယ်မလဲ
အလုပ်ခွင်ထဲမှာ ခိုင်းမှလုပ်တတ်တဲ့ ဝန်ထမ်း၊ လုပ်ဖော်ကိုင်ဖက်တွေရှိပြီဆိုလျှင် အလုပ်ရှင်အတွက်ရော၊ သူနဲ့အတူတွဲ လုပ်နေရတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် ကော ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာအသေအချာ ပါပဲ။ ဒီတော့သူတို့ကိုဘယ်လိုကိုင်တွယ်မ လဲဆိုတဲ့အချက်ကိုစဉ်းစားလာရပါတယ်။ အဲဒီအခါမှာ သိတတ်မှုက သင်ပေးလို့ ရသလားဆိုတဲ့အချက်ကိုစဉ်းစားရပါမယ်။ သိတတ်မှုဆိုတာ ပညာရပ်တွေလိုပဲ သင်ပေးလို့ရတဲ့အရာတစ်ခုတော့မဟုတ်နိုင် ပါဘူး။ လူတစ်ဦးချင်းစီရဲ့ အမူအကျင့်၊ ပင်ကိုစရိုက်နဲ့ပဲသက်ဆိုင်ပါလိမ့်မယ်။
ဒီတော့ခိုင်းမှလုပ်တတ်တဲ့ဝန်ထမ်း တွေကိုလုပ်ငန်းခွင်ထဲမှာ တာဝန်ယူတတ် တဲ့သူဖြစ်အောင်၊ တာဝန်ခံတတ်တဲ့သူဖြစ် အောင်တော့ သွန်သင်ပေးလို့ရနိုင်ပါတယ်။ လုပ်ငန်းခွင်တာဝန်ရှိသူတစ်ဦးက ခိုင်းမှ လုပ်တတ်တဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေကို တာ ဝန်သိအောင်၊ တာဝန်ခံတတ်တဲ့အလေ့အ ကျင့်ကို ပြုစုပျိုးထောင်ပြီး တဖြည်းဖြည်း ဆွဲခေါ်ဖို့လိုပါတယ်။ ဒီလိုနည်းနဲ့ပဲ ခိုင်းမှ လုပ်တတ်တဲ့ဝန်ထမ်းတွေရဲ့စိတ်ဓာတ်တွေ ကိုတဖြည်းဖြည်းပြုပြင်ပြောင်းလဲနိုင်မှာပါ။ ခိုင်းမှလုပ်တတ်လို့ အလုပ်ကထုတ်ပစ်တယ် ဆိုတာမျိုးကတော့ ဖြေရှင်းနည်းအမှန်မ ဟုတ်ဘူးဆိုတာကို တင်ပြလိုက်ရပါတယ်။
Ref: opportunity journal
No comments:
Post a Comment