ဒီလို အပူလွန်ကဲတာဟာ စမတ်ဖုန်းရဲ့ hardware အားနည်းချက်ကြောင့်လည်းဖြစ်တတ်သလို virus တွေကြောင့်လည်းဖြစ်တဲ့အပြင် အသုံးပြုသူတွေရဲ့ သတိမထားမိတဲ့ အမှားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အပူလွန်စေတဲ့ အချက်တွေနဲ့ အပူလွန်တာကို တားဆီးပေးနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
အပူစုပ်တဲ့ Case တွေကို မသုံးပါနဲ့
စမတ်ဖုန်းအသုံးပြုသူတွေဟာ မိမိတို့ရဲ့ ဖုန်းတွေကို ထိခိုက်ပွန်းပဲ့မှုကနေကာကွယ်ဖို့အတွက် ကာဗာအဖြစ် Case တွေကို အသုံးပြုကြပါတယ်။ အချို့ Case တွေကို တပ်ဆင်ထားတဲ့အခါ ဖုန်းကထွက်လာတဲ့ အပူတွေကို အပြင်မထွက်စေဘဲ စုပ်ယူထားတဲ့အတွက် ဖုန်းကို အပူလွန်ကဲစေပါတယ်။ ဒါ့ကြောင့် အပူမစုပ်တဲ့ Case တွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ညလုံးပေါက်အားသွင်းခြင်းမပြုပါနဲ့
စမတ်ဖုန်းအသုံးပြုသူအများစုဟာ ဖုန်းကိုတစ်နေကုန် စိတ်ကြိုက်အသုံးပြုပြီး ညအိပ်တဲ့အခါ ညလုံးပေါက် အားသွင်းထားတတ်ကြပါတယ်။ ဖုန်းရဲ့ ဘက်ထရီဟာ တစ်ချိန်လုံး run နေရတဲ့အတွက် အပူလွန်ကဲ တာဖြစ်ပြီး အခန့်မသင့်ရင် ဒါဟာ ဖုန်းကို ပေါက်ကွဲစေတဲ့ အထိတောင်ဖြစ်နိုင်ပါတယ်။မာကျောတဲ့ မျက်နှာပြင်ပေါ်တင်ပြီး အားသွင်းပါ
စမတ်ဖုန်းတွေကို အားသွင်းတဲ့အခါ အပူကိုစုပ်ယူနိုင်တဲ့ ဆိုဖာတွေ၊ အိပ်ယာပေါ်တင်ပြီး အားသွင်းတာဟာ ဖုန်းကို အပူလွန်ကဲစေပါတယ်။ ဒါ့ကြောင့် အပူမစုပ်တဲ့ မာကြောတဲ့ မျက်နှာပြင်တွေပေါ်တင်ပြီး အားသွင်း သင့်ပါတယ်။ဒီ App တွေကို ပိတ်ပါ
အချို့ App တွေဟာ ဖုန်းရဲ့ processing power သာမက graphics ကိုပါ မောင်းနှင်တဲ့အတွက် ဖုန်းကို ပူစေပါတယ်။ ပိတ်ထားတယ်ဆိုပြီး စိတ်ချလက်ချနေနေပေမယ့် နောက်ကွယ်ကနေ ဖုန်းရဲ့ CPU ကို အလုပ်ပေးနေတာမျိုးတွေရှိပါတယ်။ Processing power ကို မနားတမ်း အသုံးပြုစေချင်းက ဖုန်းကို အပူလွန်ကဲစေတာဖြစ်ပါတယ်။နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ပါနဲ့
စမတ်ဖုန်း အသုံးပြုသူတွေဟာ သတိမထားမိတဲ့အခါမျိုးမှာ ဖုန်းကို နေပူထဲမှာ ချထားတာမျိုးတွေရှိတတ်ပါ တယ်။ Processing power run နေတဲ့အချိန်မျိုးမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ထားတဲ့အခါ ဖုန်းရဲ့ အပူချိန်ကို ပိုမိုမြင့်တက်စေပါတယ်။Third-party charger တွေနဲ့ ဘက်ထရီတွေ မသုံးပါနဲ့
စမတ်ဖုန်းတွေပူရတဲ့ အကြောင်းအရင်းတွေထဲမှာ third-party charger တွေနဲ့ battery တွေကြောင့်လည်း ပါဝင်ပါတယ်။ အားဝင်ရင်ပြီးရောဆိုပြီး တွေ့ကရာ Charger နဲ့ အားသွင်းတဲ့အခါ Watt မတူတာမျိုး ကြုံတတ်တဲ့အတွက် ဖုန်းကို ပူစေပါတယ်။Ref: ETs
Credit - DigitalTimes

No comments:
Post a Comment