slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, August 13, 2014

သင့်​ရဲ့ WiFi ကိုခိုးသုံး​နေသူများကို ရှာ​ဖွေ စစ်​​ဆေးနည်း

တစ်ခါတစ်လေမှာWiFi Password
ဟာသင့်ရဲ့အင်တာနက်ကွန်နက်ရှင်ကိုအခြားသူများခိုးယူသုံးစွဲခြင်းမှ အပြည့်အ၀ ကာကွယ်ပေးနိုင်ခြင်းမရှိပါဘူး။ ၀က်ဆိုက်များ၊ ဗီဒီယိုများကြည့်တဲ့အခါနဲ့ ဖိုင်ပေးပို့ရယူ မှုများ ပြုလုပ်တဲ့အခါမှာအရင်လို မြန်ဆန်ခြင်းမရှိတော့ဘဲ နှေးကွေးလာရင်တော့ သင့်ရဲ့ WiFiကိုအခြား သူများကခိုးယူသုံးစွဲနေတာ ဖြစ်နိုင်ပါတယ်။ သင့် WiFiကို အခြားသူများခိုးယူသုံးစွဲနေသလားဆိုတာကို သိနိုင်ဖို့ နည်းလမ်းများရှိပါတယ်။

App ကိုအသုံးပြုနည်း
----------------------
အဆင့် ၁
Who Is On My WiFiကိုအောက်ဆုံးမှာရှိတဲ့ လင့်ကနေဒေါင်းလုပ်ရယူပြီးသင့်ကွန်ပြူတာမှာ Installလုပ်ပါ။

အဆင့် ၂
App ကိုဖွင့်ပြီးရင် Tutorial ကို ပြသပေးမှာ ဖြစ်ပြီး Network ကို Scan လုပ်ပေးပါလိမ့်မယ်။

Scan လုပ်မယ့် Port Range ကိုသတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Settings တွေကို ပြုပြင်စရာမလိုဘဲ WiFi ခိုးသုံးနေသူတွေကိုရှာဖွေနိုင်ပါတယ်။ Scan လုပ်ပြီးရင် IP Address တွေကို App က ပြသပေးပါလိမ့်မယ်။ Network မှာချိတ်ဆက်နေတဲ့ Device တစ်ခုချင်းစီကို MAC Address နဲ့ IP Address များနဲ့ ခွဲခြားပြသထား တာပါ။

အဆင့် ၃
ဒီအဆင့်မှာတော့ သင်မသိတဲ့ Device တွေကိုရှာဖွေ စစ်ဆေးရမှာပါ။
အပေါ်ကပုံမှာလို Device များစွာချိတ်ဆက်နေတယ်ဆိုရင် သင့်ရဲ့ Device တွေကိုလွယ်ကူစွာခွဲခြားသိနိုင်ဖို့ နာမည်သတ်မှတ်ပေးရမှာပါ။ အလွယ်ဆုံးနည်းလမ်းကသင့်ရဲ့ Device အားလုံးကိုWiFiပိတ်ပါ။ ပြီးမှ တစ်ခုချင်းစီကိုWiFiဖွင့်ပြီး Network နဲ့ ချိတ်ဆက်ပါ။ သင့်ရဲ့ Device ကို App မှာ ပြသရင် Description Box မှာကလစ်တစ်ချက်နှိပ်ပြီးနာမည်ကိုရိုက်ထည့်ပေးပါ။ Known/Unknown ကဏ္ဍမှာ Known အဖြစ် သတ်မှတ်ပြီးညာဘက်အပေါ်ထောင့်မှ Save Changesခလုတ်ကို နှိပ်ပါ။ သင့် Device တွေရဲ့ IP နဲ့ MAC Address တွေကိုရှာတတ်တဲ့သူဆိုရင်လည်းအဲဒီ Address တွေကို ကြည့်ခြင်းဖြင့် Device တွေကိုနာမည် တပ်နိုင်ပါတယ်။ ဥပမာအားဖြင့် Android Device မှာချိတ်ဆက်နေတဲ့ WiFi Network ကို နှိပ်ခြင်းဖြင့် IP Address ကိုသိနိုင်ပါတယ်။

အဆင့် ၎
သင့်ရဲ့ Device တွေကိုနာမည်ပေးပြီးရင်တော့ WiFiခိုးသုံးနေသူတွေကို App မှာထင်ရှားစွာ မြင်တွေ့နိုင်ပါပြီ။ App ရဲ့ ဘယ်ဘက်ထောင့်စွန်းမှ Block ကဏ္ဍမှ Checkbox မှာအမှန်ခြစ်ပေးပြီးခိုးသုံးသူတွေရဲ့ Device တွေကို Block လုပ်နိုင်ပါတယ်။ ခိုးသုံးသူတွေကသင့်ရဲ့ WiFi Password ကိုသိပြီး ဖြစ်တဲ့ အတွက် သူတို့ရဲ့ အခြား Device တွေကနေသင့်ရဲ့ WiFiကိုခိုးသုံးနိုင်ပါသေးတယ်။ အဲဒီအတွက် သင့်ရဲ့ WiFi Password ကိုပြောင်းလဲမှသာလုံခြုံစိတ်ချရမှာပါ။

Router ကိုအသုံးပြုနည်း
----------------------------
ဒီနည်းလမ်းကသင့်ရဲ့ Network မှာချိတ်ဆက်နေတဲ့ Device အားလုံးကိုရာနှုန်းပြည့် သိရှိနိုင်ပါတယ်။ ဒါပေမယ့် Router တိုင်းမှာအဲဒီသတင်းအချက်အလက်တွေ မပါရှိပါဘူး။ Router ရဲ့ IP Address ကိုဘရောက်စာရဲ့ Address Bar မှာရိုက်ထည့်ပြီး Log In ၀င်ပါ။ များသောအားဖြင့်တော့ http://192.168.0.1 သို့မဟုတ် http://192.168.1.1တို့ ဖြစ်ပါတယ်။ Router မှာလည်းလိပ်စာကို Username, Password များနဲ့ အတူရေးထားတတ်ပါတယ်။ 
Log In ၀င်ပြီးရင် Attached Devices သို့မဟုတ် Device List လိုကဏ္ဍကိုရှာဖွေပါ။ အဲဒီကဏ္ဍမှာ ချိတ်ဆက်နေတဲ့ Device တွေကို IP Address တွေနဲ့ ခွဲခြား ပြသပေးထားပါတယ်။ အပေါ်ကနည်းလမ်း မှာဖော်ပြထားသလိုပဲသင့် Device တွေရဲ့ IP Address တွေကို ရှာဖွေပြီးနာမည်များ သတ်မှတ်ပေးမှသာ ခိုးသုံးနေသူရဲ့ Device တွေကိုခွဲခြားနိုင်မှာပါ။

သင့်ရဲ့ WiFiကိုလုံခြုံစေဖို့
-------------------------

WEP ဟာသင့် Network ရဲ့ လုံခြုံရေးအတွက် စိတ်မချရပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ထုတ်လုပ်တဲ့ Router တွေမှာပိုမိုလုံခြုံတဲ့ စနစ်ပါရှိလာပါတယ်။ သင့်ရဲ့ Router ကို Log In ၀င်ပြီးရင် Wireless Settings ကဏ္ဍကိုရှာပါ။ Security Options မှာ WPA သို့မဟုတ် WPA 2 ကိုပြောင်းလဲသုံးပါ။ အချို့ Device တွေဟာ WPA 2 နဲ့ အလုပ်မလုပ်တဲ့အတွက် နှစ်ခုစလုံးကိုအသုံးပြုနိုင်တဲ့ Option ကိုရွေးချယ်နိုင်ပါတယ်။ နောက်ပြီးWiFi Password ရွေးချယ်တဲ့အခါမှာလည်း Lower, Upper Case Letters, Numbers, Special Character တွေပါတဲ့ အက္ခရာအနည်းဆုံး ၁၅ လုံးလောက် သတ်မှတ်သင့်ပါတယ်။


WiFi Password ကိုဖောက်ထွင်းခိုးယူနိုင်တဲ့ နည်းလမ်းတွေ၊ ဆော့ဝဲတွေများစွာ ရှိနေတယ်ဆိုတာကို လူတော်တော်များများ ကမသိကြပါဘူး။ အဲဒီအတွက် သတိချပ်သင့်ကြောင်း ဒီဆောင်းပါးကနေတင်ပြ လိုက်ပါတယ်။
Credit-Myanmar Digital Life Journal

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...