slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, October 31, 2016

အသက် ၂၅ နှစ်ကျော်သွားချိန်မှာ မပူသင့်ဘဲ ပူနေမိတဲ့ အရာ (၅) ခု

ဒီအရွယ်မှာ အားလုံးအခြေကျသင့်ပြီလို့ ထင်နေတတ်ကြပါတယ်။
အသက် ၃၀ နားနီးချိန်မှာ လူငယ်တွေဟာ အချိန် သိပ်မရှိတော့ဘူးလို့ ထင်တတ်ကြပြီး သူတို့ မလုပ်ရသေးတာတွေ၊ ဖြစ်မလာသေးတာတွေအတွက် တွေးပြီး ပူပင်တတ်ကြပါတယ်။ တချို့အရာတွေဟာ အသက်အရွယ်တစ်ခုတည်းနဲ့တင်မကဘဲ အခြေအနေ အချိန်အခါနဲ့လည်း သက်ဆိုင်နေတဲ့အတွက် မပူပင်သင့်ဘဲ ပူပင်နေရင် စိတ်ညစ်ရတာကလွဲလို့ ဘာမှ ပိုကောင်းမလာပါဘူး။
 ၁။ အလုပ်အကိုင်အတည်တကျ မဖြစ်သေးဘူး
နာမည်ကျော် Harry Potter ဇာတ်ကားထဲက သရုပ်ဆောင် အယ်လ်င်ရစ်ခ်မန်းဟာ အသက် ၄၀ ကျော်အရွယ်အထိ ဂရက်ဖစ်ဒီဇိုင်နာအဖြစ် အလုပ်လုပ်ခဲ့တာပါ။ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့အလုပ်ဟာ ကိုယ့်အတွက် အဆင်မပြေဘူးဆိုတာ သေချာရင် ပြောင်းလို့ရပါတယ်။

၂။ ပိုက်ဆံမစုရသေးဘူး
လူတစ်ယောက်နေထိုင်ဖို့ဆိုတာက အရမ်းကို စရိတ်စကကြီးပါတယ်။ အသက် ၂၉ နှစ်အရွယ်အထိ ငွေမစုနိုင်သေးတဲ့အပြင် လစာထုတ်ရက်နားနီးတိုင်း ငွေပြတ်သွားတတ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်စရာ မလိုပါဘူး။ အဲဒီငွေတွေသုံးပြီး သင်ပျော်ရွှင်ခဲ့ရတယ်ဆိုရင် ထိုက်တန်ပါတယ်။
၃။ အပြင်ထွက်တာ များနေပြီ
ကလေးတွေကို ထိန်းဖို့၊ ငွေကို လုံလောက်အောင် သုံးဖို့ နောက်ထားဦး၊ မိုးလင်းလာရင် အရက်နာကျတဲ့ပြဿနာကိုတောင် သင် ပြေလည်အောင် မဖြေရှင်းနိုင်သေးဘူး။ ဒါလည်း ကိစ္စမရှိပါဘူး။ အသက် ၄၀ အရွယ်ရောက်တဲ့အခါ ဒီအချိန်တွေကို သင်ပြန်လွမ်းနေမိမှာပါ။
၎။ အရင်လို သူငယ်ချင်းတွေ မများတော့ဘူး
အသက် ၂၁ နှစ်အရွယ်မှာ သူငယ်ချင်းတွေ များပြားလှပေမဲ့ တစ်နှစ်ထက် တစ်နှစ်နည်းပါးသွားတယ်ဆိုပြီး စိတ်အားငယ်စရာလည်း မလိုပါဘူး။ ဘဝဆိုတာ ပြောင်းလဲနေတာ သဘာဝပါ။ သင် အသက် ၂၀ နှစ်အရွယ်မှာ ၁၉ နှစ်က ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းအရေအတွက်ရဲ့ ထက်ဝက်ပဲ ကျန်တော့ပေမဲ့ သူတို့ဟာ သင့်အတွက် အကောင်းဆုံးသူတွေ ဖြစ်ပါတယ်။
၅။ ဘဝအဖော်မွန် ရှာမတွေ့သေးဘူး
ရည်းစားတွေ ထားတယ်၊ အဆင်မပြေလို့ ကွဲသွားတယ်။ ဒါကို အချိန်ဖြုန်းမိလေခြင်းလို့ ဝမ်းနည်းစရာမလိုပါဘူး။ သင့်မိဘတုန်းက သင့်အရွယ်မှာ သားသမီးတွေ ရနေပြီဆိုပြီးတော့လည်း တွေးပူစရာမလိုပါဘူး။ သူများတွေ မင်္ဂလာဆောင်သွားရပြီး သင့်ဘေးမှာ ရည်းစားအတည်တကျ အခုထိ မရှိသေးတာလည်း ပြဿနာ မဟုတ်ပါဘူး။Single ဘဝက အရမ်းကြီး ဆိုးရွာနေတာ မဟုတ်ပါဘူး။ အဲဒီအတွက်နဲ့ သင် အဆင်သင့်မဖြစ်သေးဘဲ လက်ထပ်တာတော့ လုံးဝမလုပ်သင့်ပါဘူး။
Source & Photos : Life
Credit - Duwun      

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...