slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, December 15, 2016

ခိုင်း​မှ​လုပ်​တတ်​တဲ့ ​ဝန်​ထမ်း​လား

ခိုင်း​မှ​လုပ်​တတ်​သူ​နဲ့ ​ခိုင်း​စ​ရာ​မ​လို​ဘဲ ​လုပ်​တတ်​သူ ​ဒီ​နှစ်​ယောက်​ကြား​မှာ ​အ​ဓိ ​က​ကွာ​ခြား​ချက်​က​တော့ ​သိ​တတ်​မှု​နဲ့ ​တာ​ဝန်​ယူ​မှု​ပါ​ပဲ။ ​သိ​တတ်​မှု​နဲ့​တာ​ဝန်​ယူ​မှု ​က ​ဝန်​ထမ်း​တိုင်း​မှာ​ရှိ​တာ​တော့​မ​ဟုတ်​ပါ ​ဘူး။ ​ဒါ​ကြောင့်​လည်း ​ခိုင်း​မှ​လုပ်​တတ်​တဲ့ ​ဝန်​ထမ်း​ဆို​တာ​ပေါ်​လာ​တာ​ပါ။ ​ဒီ​ဝန်​ထမ်း ​တွေ​အ​နေ​နဲ့ ​တာ​ဝန်​မ​ကျေ​ပွန်​တာ​တော့ ​မ​ဟုတ်​ပါ​ဘူး။ ​ခိုင်း​လျှင်​တော့ ​ဘာ​မ​ဆို ​အ​ကုန်​လုပ်​တတ်​ပေ​မဲ့ ​ကိုယ့်​ရဲ့​ကိုယ်​ပိုင်​သိ ​တတ်​မှု​နဲ့​အ​လုပ်​ကို​မ​လုပ်​တတ်​တာ​ပါ။
တ​ကယ်​တော့ ​မ​ခိုင်း​ဘဲ​လုပ်​တတ်​တဲ့ ​ဝန်​ထမ်း​ဆို​တာ ​ခေါင်း​ဆောင်​စိတ်​ရှိ​သူ​တွေ ​လို့​ပြော​ရ​ပါ​မယ်။ ​ခိုင်း​မှ​လုပ်​တတ်​တဲ့​ဝန် ​ထမ်း​က​တော့ ​ခေါင်း​ဆောင်​လို​စိတ်​မ​ရှိ​သူ ​တွေ​လို့​ဆို​ရ​ပါ​မယ်။ ​ဝန်​ထမ်း​ဖြစ်​လို့ ​ခေါင်း ​ဆောင်​မ​ဟုတ်​လို့ ​ခေါင်း​ဆောင်​စိတ်​ဓာတ် ​ရှိ​စ​ရာ​မ​လို​ဘူး​လို့ ​တွေး​မိ​ကောင်း​တွေး​မိ​ကြ ​ပါ​လိမ့်​မယ်။ ​ဒါ​ပေ​မဲ့ ​မ​ဟုတ်​ပါ​ဘူး။ ​ဝန် ​ထမ်း​တွေ​မှာ​လည်း ​ခေါင်း​ဆောင်​စိတ်​ဓာတ် ​မွေး​ရ​ပါ​မယ်။
ကိုယ်​တိုင်​ဦး​ဆောင်​လို​စိတ် ​မွေး​မြူ​ရ ​ပါ​မယ်။ ​ဝန်​ထမ်း​တစ်​ယောက်​က​ခိုင်း​မှ​လုပ် ​တတ်​တယ်​ဆို​တာ​မျိုး​မ​ဖြစ်​ရ​အောင် ​ဦး ​ဆောင်​လို​စိတ်​ရှိ​ရ​ပါ​မယ်။ ​ဒါ​က​ဝန်​ထမ်း ​တိုင်း​မှာ​ရှိ​သ​င့်​ရှိ​ထိုက်​တဲ့ ​အ​ရည်​အ​ချင်း ​တစ်​ရပ်​ပါ။ ​ကိုယ်​တိုင်​က ​ဝန်​ထမ်း​တစ် ​ယောက်​ဆို​လျှင် ​ကိုယ်​က​လည်း ​ခိုင်း​မှ​လုပ် ​တတ်​တဲ့ ​ဝန်​ထမ်း​တစ်​ယောက်​ဖြစ်​နေ​ပြီ ​လား​ဆို​တာ ​ဒီ​အ​ချက်​လေး​တွေ​ကြည့်​ပြီး ​သုံး​သပ်​ကြည့်​ရ​ပါ​မယ်။

တာ​ဝန်​ပေး​မှ ​အ​လုပ်​လုပ်​တတ်​တာ
တ​ကယ်​ဆို​လျှင် ​ဝန်​ထမ်း​အား​လုံး​က ​ကိုယ့်​ရဲ့​ရာ​ထူး​နေ​ရာ​အ​လိုက် ​လုပ်​ငန်း​တာ ​ဝန်​အ​သီး​သီး​ရှိ​ကြ​ပါ​တယ်။ ​အဲ​ဒီ​အ​လုပ် ​တာ​ဝန်​တွေ​ကို ​ကိုယ့်​အ​သိ​စိတ်​နဲ့​ကိုယ် ​ပြီး​စီး​အောင်​လုပ်​နိုင်​သူ​ရှိ​သ​လို ​တာ​ဝန်​ပေး ​မှ ​အ​လုပ်​လုပ်​တတ်​တဲ့​ဝန်​ထမ်း​တွေ​လည်း ​ရှိ​ပါ​တယ်။ ​ဝန်​ထမ်း​တစ်​ယောက်​က ​ကိုယ့် ​ရဲ့​လုပ်​ငန်း​အ​ပေါ် ​စေ​တ​နာ​ပါ​ရ​ပါ​မယ်။ ​ကိုယ့်​ရဲ့​ကိုယ်​ပိုင်​လုပ်​ငန်း​တစ်​ခု​လို​ပဲ ​ကြိုး ​စား​လုပ်​ကိုင်​နိုင်​ရ​ပါ​မယ်။ ​လုပ်​ငန်း​တိုး​တက် ​မှ ​ကိုယ့်​ရဲ့​ရာ​ထူး၊ ​လ​စာ၊ ​ခံ​စား​ခွ​င့်​တွေ​က ​တိုး​တက်​နိုင်​မှာ​ပါ။
ဝန်​ထမ်း​တစ်​ယောက်​က ​အ​ချိန်​တန် ​လ​စာ​ယူ​မယ်။ ​လုပ်​ငန်း​ခွင်​မှာ​တော်​ရိ​လျော် ​ရိ​အ​လုပ်​က​လေး​ကို ​ခိုင်း​မှ​လုပ်​မယ်။ ​ဒါ​ဆို ​လျှင်​တော့ ​အဲ​ဒီ​ဝန်​ထမ်း​က​တိုး​တက်​ဖို့ ​အ​လှမ်း​ဝေး​နေ​ပါ​ဦး​မယ်။ ​ဘယ်​အ​လုပ်​မ​ဆို ​စိတ်​ပါ​လက်​ပါ​နဲ့ ​ထက်​ထက်​သန်​သန်​လုပ် ​မယ်​ဆို​လျှင် ​ကိုယ့်​အ​တွက်​အ​ကျိုး​မ​ယုတ် ​သ​လို၊ ​ကိုယ့်​ရဲ့​လုပ်​ငန်း​အ​တွက်​လည်း ​ကောင်း​မွန်​စေ​မှာ​အ​သေ​အ​ချာ​ပါ​ပဲ။ ​ဒါ​ကြောင့်​သင်​က​ဝန်​ထမ်း​တစ်​ယောက်​ဆို ​လျှင်​တာ​ဝန်​ပေး​မှ၊ ​ခိုင်း​မှ​လုပ်​တတ်​တဲ့ ​ဝန်​ထမ်း​မ​ဖြစ်​အောင်​ကြိုး​စား​ဖို့​လို​အပ်​ပါ ​တယ်။
ပျင်း​ရိ​ပျင်း​တွဲ​နေ​တတ်​တာ
ကိုယ့်​ရဲ့​အ​လုပ်​တာ​ဝန်​က ​ဒီ​အ​လုပ် ​တွေ ​ဒီ​အ​လုပ်​တွေ​ရှိ​တယ်။ ​ဒါ​ပေ​မဲ့​အဲ​ဒီ ​အ​လုပ်​တာ​ဝန်​တွေ​ကို​လုပ်​ဖို့ ​ပျင်း​နေ​တတ် ​တာ​မျိုး​ပါ။ ​လုပ်​ရ​မယ့်​အ​လုပ်​ကို​လည်း​သိ ​တယ်၊ ​ဒါ​ပေ​မဲ့ ​မ​လုပ်​ချင်​ဘူး။ ​အ​ချိန်​တိုင်း ​လို​လို ​အ​လုပ်​ခွင်​မှာ ​တက်ြွ​က​မှု​မ​ရှိ​ဘဲ ​နေ ​တတ်​တာ​မျိုး​ပါ။ ​လုပ်​ငန်း​အ​ပေါ်​စိတ်​ဝင် ​စား​မှု​အား​နည်း​သ​လို ​အ​လုပ်​လုပ်​ဖို့​လည်း ​စိတ်​မ​ပါ​ဖြစ်​နေ​တတ်​ပါ​တယ်။ ​ကိုယ့်​ရဲ့​လုပ် ​ငန်း​စွမ်း​ရည်​ကြောင့် ​ရာ​ထူး​မ​တိုး၊ ​လ​စာ​မ ​တိုး​လည်း ​ရ​တဲ့​နေ​ရာ၊ ​ရ​တဲ့​လ​စာ​နဲ့​ပဲ​ကျေ ​နပ်​နေ​တတ်​ပါ​တယ်။
အ​လုပ်​လုပ်​တဲ့​အ​ခါ ​အ​များ​စု​က ​ပန်း ​တိုင်​ထား​တတ်​ကြ​ပါ​တယ်။ ​ဥ​ပ​မာ​အား​ဖြ​င့် ​နောက်​ထပ်​နှစ်​နှစ်​ဆို​လျှင် ​ငါ​ဘယ်​ရာ​ထူး ​ကို​ရ​ရ​မယ်၊ ​ဘယ်​နေ​ရာ​ကို​ရောက်​နေ​ရ​မယ် ​ဆို​တာ​မျိုး ​သူ​တို့​မှာ​မ​ရှိ​ကြ​ပါ​ဘူး။ ​ဒါ​ကြောင့် ​ပဲ​ဘယ်​နေ​ရာ​မှ​မ​ရောက်​ဘဲ ​လက်​ရှိ​နေ​ရာ ​လက်​ရှိ​ရာ​ထူး​မှာ​ပဲ ​အ​ချိန်​ကြာ​မြ​င့်​စွာ​ရ​ရှိ ​နေ​တတ်​ပါ​တယ်။
နေ​သာ​သ​လို​နေ​တတ်​တာ
လုပ်​ငန်း​ခွင်​တိုး​တက်​ဖို့၊ ​ကိုယ့်​အ​ရည် ​အ​ချင်း​တိုး​တက်​ဖို့​စ​တာ​တွေ​ကို​စိတ်​မ​ဝင် ​စား​ပဲ​ဖြစ်​သ​လို​နေ​တတ်​သူ​မျိုး​ပါ။ ​အ​လုပ် ​မှာ​အောင်​မြင်​တာ၊ ​ကျ​ရှုံး​တာ​စ​တာ​တွေ​ကို ​စိတ်​မ​ဝင်​စား​တတ်​ကြ​ပါ​ဘူး။ ​တစ်​ကိုယ်​ရေ ​အ​ဆင်​ပြေ​အောင်​ပဲ​နေ​တတ်​ပြီး ​အ​လုပ်​မှာ ​ဘာ​ပဲ​ဖြစ်​ဖြစ်​စိတ်​မ​ဝင်​စား​တတ်​သူ​တွေ​ပါ။ ​အ​လုပ်​ကိ​စ္စ​နဲ့​ပတ်​သက်​ပြီး ​ခိုင်း​သ​လောက် ​လေး​ပဲ​လုပ်​ပြီး ​ကျန်​တာ​သူ​နဲ့​မ​ဆိုင်​သ​လို ​နေ​တတ်​ကြ​သူ​များ​ပါ။ ​ဒီ​လို​လူ​မျိုး​တွေ ​လုပ် ​ငန်း​ခွင်​မှာ ​များ​နေ​လျှင်​ဖြ​င့် ​အဲ​ဒီ​လုပ်​ငန်း​ခွင် ​က ​အ​န္တ​ရာယ်​ရှိ​နိုင်​ပါ​တယ်။
အ​လုပ်​အ​ပေါ်​တန်​ဖိုး​မ​ထား​တာ
ဒီ​အ​ချက်​က​တော့ ​ကာ​ယ​ကံ​ရှင်​က ​အ​လုပ်​ကို​ချစ်​မြတ်​နိုး​သူ​တစ်​ယောက်​မ​ဟုတ် ​ဘူး​လို့ ​ကောက်​ချက်​ချ​နိုင်​ပါ​တယ်။ ​အ​လုပ် ​အ​ပေါ်​ချစ်​မြတ်​နိုး​သူ​ဘယ်​သူ​မ​ဆို ​ကိုယ့်​ရဲ့ ​အ​လုပ်​အ​ပေါ်​တန်​ဖိုး​ထား​တတ်​ကြ​ပါ​တယ်။ ​တစ်​ခါ​တစ်​ရံ​မှာ ​ကိုယ်​ဝါ​သ​နာ​ပါ​တဲ့​အ​လုပ် ​မ​ရ​တာ​ကြောင့်​လည်း ​ရ​တဲ့​အ​လုပ်​ကို​ဝင် ​လုပ်​ရ​သူ​တွေ​ရှိ​နိုင်​ပါ​တယ်။ ​အဲ​ဒီ​အ​ခါ​မှာ ​ကိုယ်​ဝင်​လုပ်​တဲ့​အ​လုပ်​က ​ကိုယ့်​ရဲ့​ဝါ​သ​နာ ​နဲ့​လား​လား​မှ ​မ​သက်​ဆိုင်​တဲ့​အ​ခါ ​အဲ​ဒီ ​အ​လုပ်​အ​ပေါ်​မှာ ​တန်​ဖိုး​ထား​မှု၊ ​စိတ်​ဝင် ​စား​မှု​တွေ​လျော့​ကျ​လာ​တတ်​တာ ​ဓ​မ္မ​တာ ​ပါ​ပဲ။
အဲ​ဒီ​လို​လုပ်​ငန်း​အ​ပေါ်​စိတ်​ဝင်​စား​မှု ​မ​ရှိ​သူ​တစ်​ယောက်​က ​ဒီ​အ​လုပ်​မှာ​မ​ပျော် ​ရွ​ငှ်​နိုင်​ပါ​ဘူး။ ​သူ့​အ​တွက်​လမ်း​ပျောက်​သ​လို ​ဖြစ်​နေ​တဲ့ ​ဒီ​အ​လုပ်​မှာ​ရှေ့​လည်း​မ​တိုး၊ ​နောက်​လည်း​မ​ဆုတ်​အ​ခြေ​အ​နေ​နဲ့ ​နောက် ​ဆုံး​မှာ​လုပ်​ငန်း​ခွင်​မှာ​ခိုင်း​မှ​လုပ်​တတ်​တဲ့ ​ဝန် ​ထမ်း​တစ်​ယောက်​ဖြစ်​လာ​ပါ​တော့​တယ်။
ပြ​ဿ​နာ​တိုင်း​ကို ​ကိုယ်​နဲ့​မ​ဆိုင်​သ​လို​နေ​တတ်​တာ
အ​လုပ်​ခွင်​မှာ ​ရင်​ဆိုင်​ကြုံ​တွေ့​ရ​တတ် ​တဲ့​ပြ​ဿ​နာ​တွေ​ကို ​ကိုယ်​နဲ့​မ​ဆိုင်​သ​လို​နေ ​တတ်​တဲ့​လူ​မျိုး​တွေ​ပါ။ ​ကိုယ့်​ကြောင့်​ပဲ​ဖြစ် ​ဖြစ်၊ ​တ​ခြား​သူ​တွေ​ကြောင့်​ပဲ​ဖြစ်​ဖြစ် ​ဖြစ်​လာ​တဲ့​ပြ​ဿ​နာ​တွေ​ကို​တာ​ဝန်​ယူ​လို​စိတ် ​မ​ရှိ​ကြ​ပါ​ဘူး။ ​လုပ်​ငန်း​ခွင်​မှာ​ပူး​ပေါင်း​လုပ် ​ဆောင်​လို​စိတ်​မ​ရှိ​ဘူး။ ​စည်း​လုံး​ညီ​ညွတ်​မှု ​မ​ရှိ​ဘူး။ ​တာ​ဝန်​ယူ​လို​စိတ်​လည်း​မ​ရှိ​ဘူး။ ​ကိုယ့်​အ​တွက်​ကြောင့် ​အ​လုပ်​မှာ​အ​ခက်​အ ​ခဲ​ဖြစ်​သွား​ရ​ရင်​တောင် ​ကိုယ်​နဲ့​မ​ဆိုင်​သ​လို ​နေ​တတ်​တဲ့ ​လူ​စား​မျိုး​တွေ​ပါ။ ​အဲ​ဒီ​လို​လူ ​မျိုး​တွေ​က ​ကြာ​လာ​တဲ့​အ​ခါ ​ခိုင်း​တာ​လုပ်၊ ​ပေး​တာ​ယူ​တတ်​တဲ့ ​ဝန်​ထမ်း​မျိုး​ပဲ​ဖြစ်​လာ ​တတ်​ပါ​တယ်။
ခိုင်း​မှ​လုပ်​တတ်​သူ​တွေ​ကို​ဘယ်​လို​ကိုင်​တွယ်​မ​လဲ
အ​လုပ်​ခွင်​ထဲ​မှာ ​ခိုင်း​မှ​လုပ်​တတ်​တဲ့ ​ဝန်​ထမ်း၊ ​လုပ်​ဖော်​ကိုင်​ဖက်​တွေ​ရှိ​ပြီ​ဆို​လျှင် ​အ​လုပ်​ရှင်​အ​တွက်​ရော၊ ​သူ​နဲ့​အ​တူ​တွဲ ​လုပ်​နေ​ရ​တဲ့ ​လုပ်​ဖော်​ကိုင်​ဖက်​အ​တွက် ​ကော ​ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​မှာ​အ​သေ​အ​ချာ ​ပါ​ပဲ။ ​ဒီ​တော့​သူ​တို့​ကို​ဘယ်​လို​ကိုင်​တွယ်​မ ​လဲ​ဆို​တဲ့​အ​ချက်​ကို​စဉ်း​စား​လာ​ရ​ပါ​တယ်။ ​အဲ​ဒီ​အ​ခါ​မှာ ​သိ​တတ်​မှု​က ​သင်​ပေး​လို့ ​ရ​သ​လား​ဆို​တဲ့​အ​ချက်​ကို​စဉ်း​စား​ရ​ပါ​မယ်။ ​သိ​တတ်​မှု​ဆို​တာ ​ပ​ညာ​ရပ်​တွေ​လို​ပဲ ​သင်​ပေး​လို့​ရ​တဲ့​အ​ရာ​တစ်​ခု​တော့​မ​ဟုတ်​နိုင် ​ပါ​ဘူး။ ​လူ​တစ်​ဦး​ချင်း​စီ​ရဲ့ ​အ​မူ​အ​ကျ​င့်၊ ​ပင်​ကို​စ​ရိုက်​နဲ့​ပဲ​သက်​ဆိုင်​ပါ​လိမ့်​မယ်။
ဒီ​တော့​ခိုင်း​မှ​လုပ်​တတ်​တဲ့​ဝန်​ထမ်း ​တွေ​ကို​လုပ်​ငန်း​ခွင်​ထဲ​မှာ ​တာ​ဝန်​ယူ​တတ် ​တဲ့​သူ​ဖြစ်​အောင်၊ ​တာ​ဝန်​ခံ​တတ်​တဲ့​သူ​ဖြစ် ​အောင်​တော့ ​သွန်​သင်​ပေး​လို့​ရ​နိုင်​ပါ​တယ်။ ​လုပ်​ငန်း​ခွင်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​က ​ခိုင်း​မှ ​လုပ်​တတ်​တဲ့​ကိုယ့်​ရဲ့​ဝန်​ထမ်း​တွေ​ကို ​တာ ​ဝန်​သိ​အောင်၊ ​တာ​ဝန်​ခံ​တတ်​တဲ့​အ​လေ့​အ ​ကျ​င့်​ကို ​ပြု​စု​ပျိုး​ထောင်​ပြီး ​တ​ဖြည်း​ဖြည်း ​ဆွဲ​ခေါ်​ဖို့​လို​ပါ​တယ်။ ​ဒီ​လို​နည်း​နဲ့​ပဲ ​ခိုင်း​မှ ​လုပ်​တတ်​တဲ့​ဝန်​ထမ်း​တွေ​ရဲ့​စိတ်​ဓာတ်​တွေ ​ကို​တ​ဖြည်း​ဖြည်း​ပြု​ပြင်​ပြောင်း​လဲ​နိုင်​မှာ​ပါ။ ​ခိုင်း​မှ​လုပ်​တတ်​လို့ ​အ​လုပ်​က​ထုတ်​ပစ်​တယ် ​ဆို​တာ​မျိုး​က​တော့ ​ဖြေ​ရှင်း​နည်း​အ​မှန်​မ ​ဟုတ်​ဘူး​ဆို​တာ​ကို ​တင်​ပြ​လိုက်​ရ​ပါ​တယ်။

Ref: opportunity journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...