slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, December 7, 2016

ထန်းရည် သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

အညာဒေသ ရောက်ပြီဆို ရှုမဆုံးနိုင်တဲ့ လယ်ကွင်းကြီးကို ငေးကြည့်ရင်း ထန်းရည်သောက်ရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်ပါဘူး။ ထန်းရည် ဆိုတာမျိုးကလည်း ဆိုင်ကြီးကန္နားကြီးမှာ ပုလင်းတွေဖန်ခွက်တွေနဲ့ ထိုင်သောက်လို့ အရသာရှိမယ်လို့ မထင်မိပါဘူး ။ ထန်းလက်တဲလေးထဲမှာ တင်ပလ္လင်ခွေထိုင်၊ မြေအိုးကလေးထဲက ထန်းရည်တွေကို ခပ်စုတ်စုတ်ခွက်ကလေးနဲ့ နှစ်ခပ်ပြီး သောက်ရမှ ထန်းရည်ရဲ့ အနှစ်သာရပိုပေါ်လွင်မယ်ထင်ပါတယ်။ တကယ်တော့ သပ်ရပ်ခြင်း စုတ်ပြတ်ခြင်းဆိုတာထက် လွတ်လပ်ခြင်းရဲ့ အရသာကိုပါ ခံစားသုံးဆောင်လိုလို့ပါပဲ။ ထန်းရည်သောက်ရခြင်းဟာ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုတယ်ဆိုတာ ဖော်ပြပါမယ်။


၁။ မျက်လုံးအားကောင်းစေတယ်။

သစ်သီးနှင့်ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ သက်စောင့်ဓာတ် (Vitamin C & B1) ၊ ဟာ ထန်းရည်ထဲမှာ ပါဝင်တဲ့အတွက် မျက်လုံးအားကောင်းစေပါတယ်။ ဒါကြောင့်လည်းပဲ တောရွာနေ တောင်သူဦးကြီးတွေဟာ နေညိုလာပြီဆိုရင် ထန်းရည်မှီဝဲကြလို့ အသက် ၈ဝကျော်နေတဲ့တိုင် မျက်စိမမှုန်ခြင်း ဖြစ်ပါတယ်။

၂။ နှလုံးအားကောင်းစေတယ်။

ထန်းရည်သောက်တာဟာ နှလုံးသွေးကြောကျဉ်းတာတွေ ၊ နှလုံးအားနည်းတာတွေကို တားဆီးကာကွယ်ပေးပါတယ်လို့ ၂ဝဝ၈မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ထန်းရည်ထဲမှာ ပိုတက်ဆီယမ် (Potassium) ဓာတ်ဟာ နှလုံးအားကောင်းစေတဲ့အပြင် သွေးတိုးရောဂါကို တားဆီးပေးတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပြန်ပါတယ်။

၃။ ကင်ဆာရောဂါကို ကာကွယ်တယ်။

ထန်းရည်ထဲမှာ ပါဝင်တဲ့ သက်စောင့်ဓာတ် (Vitamin B2) ဟာ ကင်ဆာရောဂါကို ကာကွယ်ပေးရုံသာမက ကင်ဆာဆဲလ်များကိုလည်း သေစေပါတယ်။ ကမ္ဘာ့အန္တရာယ်အများဆုံး ကင်ဆာရောဂါကို ကာကွယ်ချင်ရင်တော့ ထန်းရည်သောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

၎။ အသားအရေ နှင့် ဆံပင်ကို လှပစေတယ်။

ထန်းရည်မှာ ပါဝင်တဲ့ သံဓာတ် (Iron) နှင့် သက်စောင့်ဓာတ်ညွန့်ပေါင်းအုပ်စု (Vitamin B Complex) ဟာ အရေပြားကို လှပစေတဲ့အပြင် ဆံပင်ကိုလည်း နက်မှောင်သန်စွမ်းစေပါတယ်။ သံဓာတ်ဟာ ခန္ဓာကိုယ်မှ ဆဲလ် (Cells) များ ဖွံ့ဖြိုးခြင်း ၊ ပြုပြင်ခြင်းကိစ္စရပ်တွေမှာ မရှိမဖြစ်အရေးပါတဲ့အတွက် အသားအရေကို စိုပြေလှပစေပါတယ်။

၅။ နို့ရည် ပိုထွက်စေတယ်။

မိခင်ဟာ နို့ထွက်နည်းနေတယ်ဆိုရင် ထန်းရည်ကို သဘာဝဆေးစွမ်းကောင်းအဖြစ် အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂါနာ ၊ ကင်မရွန်း ၊ နိုင်ဂျီးရီးယားနိုင်ငံတွေမှာ အသုံးပြုကြပါတယ်။ ထန်းရည်ထဲမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ မိခင်တွေအတွက် နို့ထွက်အား ပိုကောင်းစေပါတယ်။ ကဲ . . မိခင်တွေ နို့ထွက်နည်းနေတယ်ဆိုရင် ထန်းရည်သောက်လိုက်ပါလို့ အကြံပေးပါရစေ။
Credit - ကျော်စိုးအောင် (အခရာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...