slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Friday, August 15, 2014

ချစ်​သူ​ကောင်​မ​လေး​တွေနဲ့ ပတ်​သတ်​ပြီး ​ကောင်​မ​လေး​တွေ သ​ဘောမကျတတ်​တဲ့ အချက်​(၅) ချက်

ချစ်သူစုံတွဲတွေဟာ ကိုယ့်ချစ်သူ ဘယ်အချက်တွေ သဘောကျတယ်၊ ဘယ်လိုအရာမျိုးတွေဆိုရင်တော့ မုန်းတယ်ဆိုတာမျိုး အခြေခံအားဖြင့် သိထားတတ်ကြပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ကိုယ့်ချစ်သူကောင်လေးတွေရဲ့ လုပ်ဆောင်ချက်တစ်ချို့ကြောင့် မိန်းကလေးတွေအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရတာ၊ အာရုံနောက်ရတာမျိုးတွေ ရှိပါတယ်။ ကောင်လေးက တမင်သက်သက် ရည်ရွယ်ပြီးလုပ်တာမျိုး မဟုတ်ပေမယ့် မိန်းကလေးအများစု ယေဘုယျအားဖြင့် သူတို့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မုန်းတတ်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။

၁။ သူမ ၀တ်ဆင်လေ့မရှိတဲ့ ကျောက်မျက်ရတနာတစ်ခုခု လုပ်ဆောင်ပေးတာ

မိန်းကလေးတွေဟာ ကျောက်မျက်ရတနာတွေကို နှစ်ခြိုက်စွာ ၀တ်ဆင်လေ့ရှိရဲ့သားနဲ့ ကိုယ့်ချစ်သူကောင်လေးက လက်ဆောင်ပေးတဲ့အခါ ဘာ့ကြောင့်များ စိတ်မသက်မသာဖြစ်ကြရပါသလဲ။ ဒီအဖြေကရှင်းပါတယ်။ သူမ၀တ်လေ့မရှိတဲ့ ကျောက်မျက်ရတနာမျိုး သင်ပေးလို့ပေါ့။ ဒါဟာ လက်ဆောင်လည်း ပေးရသေး၊ မျက်နှာကောင်းလည်း မရတတ်တဲ့ အရာမျိုးပေါ့။ ကောင်မလေးက အီလည်လည်ကြီးနဲ့ သင့်လက်ဆောင်ကို လက်ခံယူသွားပေမယ့် စိတ်ထဲမှာတော့ နှစ်ယောက်စလုံး ကသိကအောက်ကြီး ဖြစ်နေပါလိမ့်မယ်။ ကောင်မလေးရဲ့ စိတ်ထဲမှာလည်း ငါ့အကြိုက်ဘာလဲဆိုတာတောင် မသိပါလားလို့ တွေးနေပါလိမ့်မယ်။

၂။သူမ ပြောသမျှ ကိစ္စရပ်တိုင်းကို လိုက်ဖြေရှင်းပေးနေတာ

သူမ စိတ်ညစ်စရာ ကိစ္စတစ်ခုခု ဖြစ်နေတာ၊ သူငယ်ချင်းနဲ့ အဆင်မပြေဖြစ်နေတာတွေကြောင့် ကိုယ့်ကို အဲ့ဒီအကြောင်းတွေ ရင်ဖွင့်လာခဲ့ရင် သင့်အနေနဲ့ နားထောင်ပေးဖို့နဲ့ ထောက်ခံပေးဖို့ပါပဲ။ ယောင်္ကျားလေးတွေက ကိစ္စရပ်တစ်ခုခု ဖြစ် ရင်ဖြေရှင်းတတ်ကြပေမယ့်၊ မိန်းကလေးတွေကတော့ သူတို့ပြောပြတဲ့အကြောင်းအရာကို သင်လိုက်အဖြေထုတ်နေတာထက် နားထောင်ခေါင်းငြိမ့်ပေးတာကို ပိုသဘောကျကြပါတယ်။

၃။လက်ဆောင်တွေ တစ်ခုပြီးတစ်ခု ၀ယ်ပေးတာ

မိန်းကလေးတွေဟာ ကိုယ့်ရည်းစားက ကိုယ့်ကို လက်ဆောင်လေးတွေ ၀ယ်ပေးတာမျိုးကို နှစ်ခြိုက်ကြပေမယ့် တစ်ချိန်လုံး တစ်ခုပြီးတစ်ခု ၀ယ်ပေးတာမျိုးတော့ သူတို့မကြိုက်ကြပါဘူး။ ဒီနေ့ ပန်းစည်းပေးတယ်၊ နောက်တစ်ရက် အင်္ကျံဝယ်ပေးတယ်၊ နောက်တစ်နေ့ ဖိနပ်၊ နောက်တစ်ရက် accesoory စသဖြင့် ဆက်တိုက်ကြီးဝယ်ပေးနေတာဆို၇င်တော့ သူတို့အနေခက်သွားတတ်ပါတယ်။ ဒါ့အပြင် ဒါဟာငါ့ကို ချုပ်နေတာလားလို့လည်း အတွေးဝင်တတ်ပြန်ရော။

၎။ကြိုတင်အသိမပေးပဲ suprise လုပ်တာ

တစ်ခါတစ်လေ ကိုယ့်ကောင်မလေးရဲ့ အိမ်ရှေ့မှာ ပန်းအိုးလေး လာချထားတာ၊ ပန်းစည်းပို့ပေးထားတာမျိုးတွေကိုတော့ ကောင်မလေးတွေက သဘောကျပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကောင်မလေးကို အပြင်သွားမယ်၊ ဟိုနားဒီနားဆိုပြီး အပြင်ခေါ်ထုတ်ပြီးမှ သူငယ်ချင်းတွေအားလုံးနဲ့ ပါတီလုပ်လိုက်တာမျိုး၊ အလှပြင်ချိန်လေးတောင် မပေးဘဲ ကိုယ့်မိသားစုတွေနဲ့ တွေ့ပေးလိုက်တာမျိုးတွေကိုတော့ သူတို့နှစ်ခြိုက်ကြလိမ့်မယ်လို့ မထင်ပါဘူး။

၅။တစ်ချိန်လုံး ဖုန်းဆက်ပြီး ဘယ်နေရာမှာလဲ၊ ဘာလုပ်နေလဲ မေးတတ်တာ

ကိုယ့်ချစ်သူကို ဘယ်သွားမယ်၊ ဘယ်လာမယ်၊ ဘာလုပ်နေလဲ စတာတွေကို မေးတယ်ဆိုတာ အလွန်အကျွံကြီး မဟုတ်ရင်ကောင်းပါတယ်။ ဂရုစိုက်တဲ့သဘောပေါ့။ အဲ့ဒီလို မဟုတ်ပဲ နာရီဝက်တစ်ခါ ဖုန်းဆက်ပြီး ဘယ်ရောက်နေလဲ၊ ဘယ်သူတွေနဲ့လဲ၊ ဘယ်အချိန်အိမ်ပြန်မှာလဲ စသဖြင့် မေးခွန်းတွေ တောက်လျှောက်ထုတ်နေမယ်ဆိုရင်တော့ ချစ်သူကောင်မလေးက အနေရကျပ်လာပြီး ငါ့ကိုထိန်းချုပ်ဖို့ ကြိုးစားနေတာလား၊ မနာလိုဖြစ်နေတာလားဆိုပြီး တွေးမှာ အသေအချာပါပဲ။

Ref:menshealth.com

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...