slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, September 20, 2014

ရင်​ဖွင့်​​ပေးစာ

:-) :-) :-) :-) သို့ / ကိုကိုဂျက်စတစ် ​​စာရေးလိုက်ပါတယ် မြလေးရေ …မြလေးနေကောင်းပါရဲ့လား (၁လတစ်ကြိမ်မှန်နေရင် ပြီးတာပါပဲ) မတွေ့တာတောင်အတော်ကြာပြီနော် .. မြလေးနဲ့နောက်ဆုံးအမှတ်တရဆိုလို့ အရင်နှစ်မိုးတွင်းတုန်းက မြလေးရဲ့ကား ကိုကိုချစ်ဘေးနားဖြတ်သွားရင်း
ဗွက်စင်သွားတာ နောက်ဆုံးပါပဲကွယ် ဒါပေမယ့်ကိုကိုချစ်အမြဲသတိရနေပါတယ် .. ပူအိုက်တဲ့ညတွေမှာဆို ဆေးရုံက
ရေခဲတိုက်လို အေးချမ်းမှုတွေ ပေးနိုင်တဲ့ မြလေးရဲ့အပြုံးလေးတွေကိုအမြဲသတိရ
မိတယ်။ဒီနေ့တောင်အကြော်ဝယ်စားရင်း
မြလေးကို သတိရလို့မြလေးကြိုက်တဲ့ ဘူးသီးကြော်တောင် အိတ်ကပ်ထဲထည့် သိမ်းထားမိသေးတယ်.. သတိရလွန်းလို့ ညညဆိုရင် ကိုကိုချစ်အိပ်လို့တောင်မပျော်ဘူး
(နေ့ခင်းမှပဲ တနေကုန်အိပ်နေတာ).. ထမင်းဆိုရင်လည်း စားလို့မ၀င်တာနဲ့ ကြေးအိုးချည်းဝယ်စားနေတာသုံးရက်တောင်ရှိပေါ့။ မြလေးနဲ့မြန်မြန်နီးစပ်ရအောင်လို့ဆိုပြီး
ရပ်ကွက်ထဲက ယတြာချေပေးတဲ့ ဘိုးတော်ကိုချောင်းရိုက်ဖို့ တုတ်တစ်ချောင်း အမြဲဆောင်ထားပါတယ်။ နောက်ပြီး
မြလေးကို အဆင့်မြင့်မြင့် ထားချင်လွန်းလို့ ကိုကိုချစ်အခု အုန်းပင်တက်ကျင့်နေပါပြီ။ မြလေးမကြိုက်တဲ့ ဘီယာလည်း အခု မသောက်တော့ပါဘူး (အရက်ပြောင်းသောက်နေပါတယ်) အပြင်ထွက်တာလည်း မြလေးမကြိုက်ဘူးဆိုလို့ အခုအိမ်ထဲမှာပဲ သူငယ်ချင်းယူလာပေးတဲ့ ရာမဆိုလား ဘာဆိုလား .. အဲ့ဒါလုပ်နေပါတယ်။ လွမ်းလိုက်တာ မြလေးရယ်..လွမ်းလွန်းလို့ ဒီနေ့တောင် ဘုရားသွားရင်း ခိုလေးတွေကို အစာကျွေးပြီး လေးဂွနဲ့ ထိုင်ပစ်နေမိတယ်။ မနေ့ကလည်းလမ်းထိပ်က ဗမာဆေး နွယ်ချိုနဲ့ကွမ်းအမြဲစားတဲ့ ဦးလေးရဲ့သွားတွေကို မြင်တော့ မြလေးရဲ့သွားတွေကိုတောင်ပြေးမြင်မိသေးတယ်။ မြလေးရယ်..မြလေးရဲ့အချစ်ကို စောင့်မျှော်ရတာ၁၅၀၀တန် ဖုန်းကဒ်ကိုစောင့်မျှော်နေသလိုပါပဲကွယ်။ တကယ်ကိုဖြစ်နိုင်ခြေဝေးလွန်းပါတယ်။ ဒါပေမယ့် ကိုကိုချစ်ဇွဲမလျှော့ပဲသေတဲ့အထိ မိန်းမတွေယူပြီးစောင့်နေပါ့မယ် .. ကိုကိုချစ်ကိုယုံပါနော် .. ။
သတိရခြင်းများစွာဖြင့်

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...