slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Saturday, September 13, 2014

IMCEITS နှင့်​ ICTTI သင်​တန်းဌာနများမှ Advanced ICT Engineering သင်​တန်းသားများအတွက်​ သင်​တန်းသားများ ​ခေါ်ယူ

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ သင်တန်း (လှိုင်) ရှိ India- Myanmar Center for Enhacement of IT Skills (IMCEITS) သင်တန်းဌာနနှင့် ဂျပန်-မြန်မာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ICTTI သင်တန်းဌာနတို့မှ Advanced ICT Engineering သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသားများကို စတင်ခေါ်ယူလျက်ရှိကြောင်း သိရသည်။

သင်တန်းများကို နိုဝင်ဘာလ ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းဝင်ခွင့် စာမေးပွဲအား အောက်တိုဘာလ ၆ ရက်နှင့် ၇ ရက်များတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သက်ဆိုင်ရာ သင်တန်း ဌာနများတွင် အွန်လိုင်းမှဖြေဆိုရမည်ဖြစ်သည်။ သင်တန်းလျှောက်လွှာများအား အောက်တိုဘာလ ၂ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

သင်တန်းများအား ကွန်ပျူတာတက္ကသိုလ်များနှင့် နည်းပညာတက္ကသိုလ်များမှ အိုင်တီအထူးပြု ဘွဲ့ရရှိ သူများနှင့် EC အထူးပြု ဘွဲ့ရများအပြင် B.Sc (Computer Science), M.Sc (Computer Science) ဘွဲ့ရ များနှင့် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ အိုင်တီထူးပြုဘွဲ့ရရှိပြီးသူများပါ လျှောက်ထားနိုင်ပြီး Network Development သင်တန်းအတွက် အဆိုပါဘွဲ့များအပြင် B.Tech(EC), B.E(EC), M.E(EC) ဘွဲ့တစ်ခုခုရရှိပြီးသူ (သို့မဟုတ်) နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှComputer Hardware ဘွဲ့ရရှိပြီးသူဖြစ်ရမည်ဖြစ်သည်။ လျှောက်ထား သူများသည် သက်ဆိုင်ရာ သင်တန်းဝင်ခွင့် စာမေးပွဲ များကို ဖြေဆိုအောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

IMCEITS သင်တန်းဌာနမှ Professional Diploma in Java Programming (DJP), Professional Diploma in MS Net Programming Course (D.NET), Professional Diploma in Wireless and Mobile Computing Course (DWMC), Professional Certificate in Android Programming Course, Professional Certificate in Linux Course, Professional Certificate in Web Technologies Course များကို ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး (ICTTI) သင်တန်းဌာန Professional Diploma in Software Engineering Course, Professional Diploma in Network Engineering Course, Advanced Web Development Course (Web Design and PHP Web Development), Oracle Database 11 g Course (SQL PL/SQL and DBA), Cisco Learning Network Course (Routing & Switching and Voice), Advanced Server Course (Virtualization and LDAP), Java Framework-based Development Course (Spring 3), Project Management Course, Mobile Phone System Development Course, Web and Cloud System Development Course များကို ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းများအား Java Programming, Microsoft.Net Programming, Database Technology Linux Server Development, Cisco Router Management, Mobile and Wireless Technology, Android Programming နှင့် Project Management ဘာသာရပ်များကို စိတ်ဝင်စားသူများ တက်ရောက်နိုင်ပြီး လက်တွေ့ပိုင်းကို ဦးစားသင်ကြားပေးကြောင်း သိရသည်။ ထို့ပြင် Advanced Network Network Development Course များတွင် Cisco Device များ၊ Network Device များ အသုံးပြု၍ စာတွေ့၊ လက်တွေ့သင်ကြားပေးလျက် ရှိသည်။

ကာလရှည်သင်တန်းများအတွက် အသိအမှတ်ပြု ဒီပလိုမာ သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးကြောင်း သိရသည်။ သင်တန်းများ အောင်မြင်ပြီးဆုံးပါက ပြည်တွင်းပြည်ပ အိုင်တီကုမ္ပဏီကြီးများတွင် Software Engineer, Network Engineer, Network Engineer, Mobile Development Engineer, Mobile Development, System Administrator Operation/Project Manager အဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်းသိရသည်။

ယခုအခါ IMCEITS နှင့် ICTTI သင်တန်းဆင်းများအား ပြင်ပ အိုင်တီ ကုမ္ပဏီများ၊ အိုင်တီ နှင့်ဆက်စပ် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများမှ ဦးစားပေးအလုပ်များ ခေါ်ယူလျက် ရှိသောကြောင့် အိုင်တီညာနှင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ တက်ရောက်သင့်သော သင်တန်းဖြစ်ကြောင်း သိရသည်။ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက ဖုန်း- ၀၁-၆၅၂၅၄၂၊ ၆၅၂၅၂၉၊ ၆၅၂၃၂၉၊ ၆၆၁၇၁၄ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

Internet Journal

posted from Bloggeroid

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...