နိုင်ငံတော်သမ္မတကြီးသမ္မတ အဂ္ဂမဟာသရေစည်သူ ဦးသိန်းစိန်၏ အတ္တုပတ္တိ
ဒီမို ပါပါကြီး
သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။
အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း န
ှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက်ကို ရှောင်ပြေးသွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။
အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ်လို့ သတင်းရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။
တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ်ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။
ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။
ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။
ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။
အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။
ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”
ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
Posted by SSH
I Would like to share this with you. Here You Can Download This Application from PlayStore https://play.google.com/store/apps/details?id=com.abc123ing.myanmarbiography

posted from Bloggeroid
No comments:
Post a Comment