လူစိတ်မရှိသည့် မောက်မာသော ဆရာဝန်
တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်
ဇောတိကလမ်း တက်ချောင်
အစာစပ်ရောင်းဝယ်ရေး မျက်စောင်းထိုး (ယုဇန သွားနှင့်ခံတွင်းဆေးခန်း) တွင် 23.11.2014 4နာရီခွဲအချိန်ခန့်တွင် 4နှစ်ခွဲ
ကလေးကားသွား သွားပြစဉ်ဆရာဝန်သည်
ကလေးပါးစပ်အား ညင်သာစွာကိုင်တွယ်မှုမရှိဘဲ အတင်းအဓမ္မ လုပ်သောအချိန်တွင် ကလေးမှာမခံနိုင်သော
ကြောင့် သွားပြန်စိလိုက်သောအခါ ဆရာဝန်၏လက်ကို ကိုက်မိသွားပါသည်။
ထိုအချိန်တွင် ဆရာဝန်သည် စိတ်တိုသောအသံဖြင့် သူစမ်းသပ်
သောကရိယာဖြင့် ကလေးပါးစပ်ထဲသို့ အတင်းအဓမ္မပြန်ထိုး ကလန့်လိုက်ပါသည်။
အဲ့အချိန်မှာ ကလေးဟာ မျက်ဖြူဆိုက်သွားပါ
တယ်။ ကလေးမိခင်မှာ လန့်ပြီး
ကြောင်နေချိန် ကလေးပါးစပ်မှ မေမေသားသားကို သူတကယ်လုပ်တယ်လို့ပြောချိန် ပါးစပ်မှသွေးများ ထွက်ကြလာပါသည်။
ကလေးသွားကိုက်တာက ညာဘက်အောက်သွားပါ။ ပေါက်သွားသောနေရာက ဘယ်ဘက်အာခေါင်မှာပါ။ ဒီလိုတင်ပြရတာလဲ မိဘပြည်သူတို့
သိစေနိုင်အောင် ထိုဆေးခန်း၏ လူနာတစ်ယောက်ပေါ်တွင် ကြင်နာစွာမဆက်ဆံပဲ စိတ်မရှည်သော စိတ်ရှိသည်ကို တင်ပြပေးတာပါ။
24.11.2014 နေ့လည်ခင်းမှာသားရဲ့အဖွားနဲ့သူအဘိုးတို့က ဆရာဝန်ဆီသွားပြီး ဘယ်လိုလုပ်ပေးမလဲမေးတာကို ခင်ဗျာတို့တိုင်ချင်ရာတိုင် သူနောက်ကလိုက်မယ်လို့ပြောလွတ်လိုက်ပါတယ်။
သူဆိုင်က တိုင်းမူးတို့ တိုင်းမူးကတော်တို့တောင် တစ်ခုခုဖြစ်ရင် သူ့ဆီပဲလာတာ တဲ့။ အဲ့လိုပြောတာက သူ့ရဲ့နောက်မှာ အဆင်သင့်ရှိတယ်ဆိုတဲ့ သဘောဖြစ်နေတယ်ဗျ။ ဘယ်တိုင်တိုင် တိုင်ချင်ရာတိုင်တဲ့လေ။
ကျနော်အနေနဲ့ပြောရရင် ဒါဟာခြိမ်းခြောက်တဲ့သဘောလို့ ထင်တယ် သားရဲ့အဖိုးနဲ့အဖွားက ရဲတော့မတိုင်ချင်ဘူးတဲ့ ကျနော်သာအနားမှာရှိရင် တရားဆွဲမှာပါ အခုတော့မဆွဲတော့ဘူး။ သူ့ရဲ့ဆေးခန်း ပိတ်သွားရင်ကိုကျေနပ်ပါပြီ။
ဒါကြောင့် သားသမီးချင်း ကိုယ်ချင်းစာရင် မောင်နှမချင်း ကိုယ်ချင်းစာရင် တူ တူမချင်း ကိုယ်ချင်းစာရင် သားသားလေးကို သနားတယ်ဆိုရင် အင်တာနက်နဲ့ဂျာနယ်တွေထဲ ပါအောင်ဝိုင်း၍ shareလုပ်ပေးကျပါလို့ မေတ္တာ ရပ်ခံပါရစေဗျာ။
ဒေါက်တာနာမည်က
ဦးသန်းနွယ် BDS (YGN)
ရေအေးကွင်းရပ်ကွက်
ဇောတိကလမ်း
တက်ချောင်အစာစပ်စက်ရုံအနီး
ယုဇန သွားနှင့်ခံတွင်းဆေးခန်း
တောင်ကြီးမြို့
Posted by SSH
Credit to Nyi Nyi Nyi

posted from Bloggeroid
No comments:
Post a Comment