slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, March 16, 2016

နာမည်များ ရက်စွဲများ အမှတ်အသား သမိုင်းများ

၁၅/၃/၂၀၁၆
ပြည်ထောင်စုလွှတ်တော်
သမ္မတရွေးချယ်ပွဲ
ထောက်ခံမဲ ၃၆၀ ဖြင့်
ဦးလေးဦးထင်ကျော်
သမ္မတအဖြစ်
တင်မြှောက်ခံရသည့် နေ့ရက်၌
ပုဒ်မမျိုးစုံဖြင့်
တရားမျှတမှုကင်းမဲ့စွာ
ဖမ်းဆီးချုပ်နှောင်ခံကာလ
တစ်နှစ် တင်းတင်းနှင့်
ငါးရက်တာကာလသို့
ရောက်ရှိခဲ့ပြီဖြစ်သော
၁၀/၃/၂၀၁၅


လက်ပံတန်း သပိတ်စခန်း
ကျောင်းသားသမဂ္ဂ
လူငယ်မောင်မယ်များက
ဦးလေးသမ္မတသို့
ကျန်းမာစေကြောင်း
ဆုမွန်တောင်း

ကဗျာဆရာကြီး မင်းသုဝဏ်၏ သား
လူအမည် ဦးထင်ကျော်
ကလောင်အမည် ဒလဘန်း
မြန်မာနိုင်ငံတော် သမ္မတ ဖြစ်ခန်း၌
အဖမ်းအဆီးခံ
သမဂ္ဂကျောင်းသားများနည်းတူ
ထောင်အသီးသီးရှိ
နိုင်ငံရေးအကျဉ်းသားပေါင်း
မြောက်များစွာကလည်း
ပြည်သူလူထုနှင့် ထပ်တူထပ်မျှ
ဂုဏ်ယူဝမ်းမြောက်
လက်ပမ်းပေါက်ခတ်
ပျော်ရွှင်ဝမ်းမြောက်ကြပါကြောင်း
ကလောင်အမည် ဒလဘန်း
စာရေးဆရာ သမ္မတဖြစ်ခန်း၌
မုံရွာထောင်သက်
တစ်နှစ် နှစ်လ
သက်တမ်းရပြီဖြစ်သော
ဘာသာ သာသနာ ညှိုးနွမ်း စွပ်စွဲ
တစ်ဘက်သတ် ပြစ်ဒဏ်ချခံ
စာရေးဆရာထင်လင်းဦးထံကလည်း
ဝမ်းမြောက်ကြည်ဖြူ
ပြည်သူနှင့်အတူ ရှိပါကြောင်း
သတင်းကောင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့်
အချုပ်အနှောင်ခံ
ပြည်သူ့ဘက်တော်သား
အပေါင်းအပါများကလည်း
စာပေသမား သမ္မတတရားကို
ထောင်တွင်းမှပင်
နာယူပန်ဆင်
ကန်တော့ခန်း ဝင်ခဲ့ကြပါကြောင်း
ကဗျာ စကားပြေ
စာပေမောင်နှမ
ရသနိုင်ငံတော်သစ် ထူထောင်ခန်း၌
အမှန်တရားများ ထွန်းကားပါစေ
အဓမ္မမှုများ ကျဆုံးပါစေ
ရိုးသားခြင်းများ ဈေးကွက်ဝင်ပြီး
ပညာရှင်များ ရင့်သန်ပါစေ
ထောင်တံခါးများ ပိတ်ထားရပြီး
စာကြည့်တိုက်များ ပေါများပါစေ
တိုင်းသစ် ပြည်သစ် နိုင်ငံအသစ်ကို
တိုင်းချစ် ပြည်ချစ် သမ္မတအသစ်နှင့်
ပန်းတိုင်းပွင့်ခွင့် ရနိုင်ပါစေ
ပွင့်သောပန်းတိုင်း မွှေးနိုင်ပါစေ
မွှေးသောပန်းတိုင်း လန်းနိုင်ပါစေ
လန်းသောပန်းတိုင်း တင့်နိုင်ပါစေ
တင့်သောပန်းတိုင်း ဝင့်ထည်နိုင်စေ။

Credit-ညီမင်းညို

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...