slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, March 9, 2016

စိတ်စွမ်းအင်သတ္တိနဲ့ အောင်မြင်မှုကိုဖန်တီးပါ

ဒီတစ်ပတ်အတွက် ဆရာဖူးကျော်ဇင်ရေးသားထားတဲ့ “စိတ်စွမ်းအင်သတ္တိနဲ့
အောင်မြင်မှုကိုဖန်တီးပါ”ဆိုတဲ့ ဆောင်းပါးလေးကိုလည်း JOB seekersတို့ သဘောကျနှစ်သက်မယ်ထင်ပါတယ်။
http://myanmarjobseekers.com/article/view/356 တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------------------
ကျွန်တော်တို့ သက်ရှိလူသားတွေ အားလုံးမှာ
စိတ်တွေကိုယ်စီ ရှိနေကြပြီးသားပါ။ စိတ်မှာ ထူးခြား
တဲ့ စွမ်းအင်တွေ၊ သတ်္တိတွေ အများကြီး ရှိပါတယ်။
ကျွန်တော်တို့ အားလုံးမှာ ဘယ်အလုပ်မျိုးကိုမဆို
လုပ်ဆောင်နိုင်တဲ့၊ ဘယ်ပြဿနာ အခက်အခဲကို
မဆို ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်တဲ့၊ ဘယ်လို
ပန်းတိုင်မျိုးကိုမဆို ရောက်ရှိပိုင်ဆိုင်နိုင်တဲ့ စူပါ့ စူပါ
အထူးစွမ်းအားတွေ ရှိနေကြပါတယ်။ စိတ်ရှိတဲ့သူ
တိုင်း စွမ်းအင်ရှိပါတယ်၊ သတ်္တိထူးတွေ ရှိကြပါတယ်။
အားလုံး အတူတူပါပဲ။ ဒါပေမဲ့ အောင်မြင်မှုတွေ
မတူကြတာက ဒီစွမ်းအင်သတိ္တတွေကို ထုတ်သုံးတဲ့
သူနဲ့၊ ထုတ်မသုံးတဲ့သူဆိုပြီး ကွာခြားကြတာပါပဲ။
စိတ်ကို အထူးလေ့ကျင့်ပြီး စွမ်းအင်ထုတ်ရင် စွမ်း
အားဆိုတာ ထွက်ပါတယ်။ စိတ်ရဲ့ထူးကဲတဲ့ စွမ်း
အင်တွေကို အသုံးချနိုင်ပြီဆိုရင် မိမိအလိုရှိတဲ့
အောင်မြင်မှုအသီးသီးကို အမြန်ဆန်ဆုံး အကောင်
အထည်ဖော်နိုင်ပါတယ်။ စိတ်စွမ်းအင်ကို အသုံးချ
ပြီး လူဆင်းရဲဘ၀မှ သန်းကြွယ်သူဌေးကြီးတွေဖြစ်
လာအောင်၊ သာမန် အညတြဘ၀မှ ကျော်ကြားတ
ထိပ်တန်းခေါင်းဆောင်ကြီးတွေဖြစ်လာအောင်
ပြောင်းလဲပစ်နိုင်ကြတဲ့ ဖြစ်ရပ်ပေါင်းများစွာကို
ကမ်္ဘာ့သမိုင်းတစ်လျှောက်မှာ လေ့လာမြင်တွေ့ခဲ့ရ
မှာပါ။ လက်ရှိကမ်္ဘာပေါ်မှာ အောင်မြင်ကျော်ကြား
နေတဲ့ သန်းကြွယ်သူဌေးကြီးတွေ၊ ထိပ်တန်းအောင်
မြင်သူတွေ၊ သြဇာတိက်္ကမ ကြီးမားတဲ့ ခေါင်းဆောင်
ကြီးတွေ အားလုံးဟာလည်း စိတ်စွမ်းအင်တွေကို
ကောင်းစွာ အသုံးချခဲ့ကြတဲ့ သူတွေပါပဲ။
ထိပ်တန်းအောင်မြင်မှုရအောင် အားထုတ်
လုပ်ဆောင်နိုင်ခဲ့ကြတဲ့ အောင်မြင်သူတွေရဲ့ အား
ထုတ်လုပ်ဆောင်မှုမှာ စိတ်စွမ်းအင်တွေ အထူးပါဝင်
ပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်သူတွေ အ
တော်များများဟာ စိတ်စွမ်းအားရှိကြသူတွေပါပဲ။
သမားရိုးကျ အားထုတ်လုပ်ဆောင်မှုနဲ့ စိတ်စွမ်းအင်
ပါတဲ့ အားထုတ်လုပ်ဆောင်မှုဟာ လုံးဝကွာခြားပါ
တယ်။ ဘ၀တိုးတက်အောင် ပျိုးထောင်ခြင်းမှာ မိမိ
ရဲ့စိတ်စွမ်းအင်ကို တိုးတက်လာအောင် ပျိုးထောင်
ခြင်းလည်း ပါဝင်ပါတယ်။ ဘ၀အောင်မြင်မှုတွေ
ရရှိစေဖို့ စွမ်းအားပြည့်ဝတဲ့ စိတ်ခွန်အားတွေ ဖွံ့ဖြိုး
လာအောင် ကြိုးပမ်းတည်ဆောက်ယူထားရပါမယ်။
စိတ်အင်အားတွေ ထက်မြက်လာအောင်လည်း
သွေးယူကြရပါမယ်။ စိတ်အရည်အသွေးတွေ တိုး
တက်ကြီးထွားလာအောင် လေ့ကျင့်ယူရပါမယ်။
စိတ်ကို စွမ်းအင်တွေ ထွက်ပေါ်လာအောင်
မလေ့ကျင့်မပျိုးထောင်ဘူးဆိုရင် စိတ်စွမ်းအင်တွေ
ဟာ ငုပ်လျှိုးနေတတ်ပါတယ်။ ထွက်ပေါ်လာမှာ
မဟုတ်ပါဘူး။ ဒါဆို ဒီစွမ်းအင်တွေက ဘယ်အပိုင်း
မှာ ငုပ်လျှိုးနေတာလဲဆိုတာ သိဖို့ လိုပါတယ်။
တကယ်တော့ ဒီစွမ်းအင်တွေ၊ သတိ္တတွေ၊ တန်ခိုး
တွေဟာ စိတ်ရဲ့အတွင်း အနက်ရှိုင်းဆုံးအပိုင်း ဖြစ်
တဲ့နေရာမှာ သွားရောက် ခိုအောင်းနေတတ်ပါတယ်။
ဒါကို အလွယ်ဆုံးခေါ်မယ်ဆိုရင်တော့ ““မသိစိတ်””
ပေါ့။

အမေရိကန်လူမျိုး အောင်မြင်ရေးသုတေသီ
ကြီး နပိုလီလံဟေးလ်က ဒီစွမ်းအားကို ““အနန်္တ
စွမ်းအား”” လို့ သုံးပါတယ်။ မသိစိတ်အတွင်းက ဒီ
အနန်္တစွမ်းအားတွေကို ထုတ်ယူသုံးစွဲသူတွေဟာ သူ
တို့ရဲ့ဘ၀ကို အကြီးအကျယ် အောင်မြင်စေခဲ့တယ်
လို့လည်း ဆရာကြီးက ကောက်ချက်ချခဲ့ပါတယ်။
ဒီစိတ်နဲ့ ဒီစွမ်းအားတွေ၊ ဒီလို အနန်္တစွမ်းအား
တွေအားလုံးဟာ လူတိုင်းအတွက် အမြဲအသင့်ရှိနေ
ပါတယ်။ မသိစိတ်ထဲက ဒီစွမ်းအားတွေကို ထွက်
ပေါ်လာအောင် ဆွဲထုတ်တတ်ရမှာကတော့အောင်
မြင်လိုသူ လူသားအားလုံးရဲ့ တာဝန်ပါပဲ။ ဒီလို စွမ်း
အားတွေကို မသိစိတ်ထဲက ထွက်လာပြီး ပြင်ပမှာ
အသုံးချတတ်အောင်တော့ စိတ်ကို အထူးလေ့ကျင့်
ရမှာဖြစ်ပါတယ်။
မသိစိတ်ရဲ့ စွမ်းအားဟာ တီထွင်ဖန်တီးနိုင်မှု
လုပ်ရပ်တွေ အားလုံးရဲ့ အနှစ်သာရ ရင်းမြစ်တစ်ခု
ဖြစ်ပါတယ်။ ကမ်္ဘာလာကကြီးမှာရှိတဲ့ အသစ်အဆန်း
ဖန်တီးမှုမှန်သမျှဟာ ဒီစွမ်းအင်ကြောင့် ဖြစ်တည်
လာကြတာတွေပါပဲ။ သမိုင်းတစ်လျှောက်လုံး ပေါ်
ပေါက်လာခဲ့တဲ့ တီထွင်ပါရဂူကြီးတွေ၊ စာရေးဆရာ
ကြီးတွေ၊ ပန်းချီအကျော်အမော်ကြီးတွေ၊ တွေးခေါ်
ပညာရှင်ကြီးတွေ အားလုံးတို့ဟာ ဒီ မသိစိတ်ထဲက
စွမ်းအင်တွေနဲ့ ပြောင်မြောက်ခမ်းနားတဲ့ အနုပညာ
တွေ၊ တီထွင်ဖန်တီးမှုတွေ၊ သီအိုရီတွေကို မွေးထုတ်
ခဲ့ကြတာဖြစ်ပါတယ်။
စိတ်ဟာ လူကိုယ်တိုင်သွားစရာမလိုဘဲ နေရာ
မျိုးစုံကို လျင်မြန်စွာ သွားရောက်နိုင်တာ သိပြီးဖြစ်
မှာပါ။ ဒီလို သိကြပေမယ့် ဒီစိတ်ရဲ့ အဝေးသွားနိုင်
မှုကို လူအတော်များများက ထိထိရောက်ရောက်
အသုံးမပြုကြပါဘူး။ စိတ်ဟာ လွတ်လပ်တယ်။
ကြိုက်တဲ့နေရာ၊ ဖြစ်ချင်တဲ့အရာကို ချက်ချင်း စက်္ကန့်
မခြား တွေးတောနိုင်တယ်။
လွတ်လပ်တဲ့ ဒီစိတ်စွမ်းအင်ဟာ တစ်စုံတစ်ခု
ကို ရယူဖို့၊ လုပ်ဆောင်ဖို့ ဆန်္ဒပြင်းပြလာတဲ့အခါမှာ
ထွက်ပေါ်လာတတ်ပါတယ်။ ဒီအခါမှာ ပင်ပန်းနွမ်း
နယ်မှု လုံးဝမရှိဘဲ နာရီပေါင်းများစွာ အလုပ်လုပ်
နိုင်တယ်။ တစ်ခါတစ်ရံ အလုပ်တွေများလို့ အစား
မမှန်၊ အအိပ်မမှန်တဲ့ကြားက အားအင်တွေဖြစ်
ထွန်းနေတတ်တယ်။ ပန်းတိုင်ရောက်ရင် အရုပ်ကြိုး
ပြတ် ပြိုလဲချင်လဲကျသွားမယ်။ ဒါပေမဲ့ ပန်းတိုင်ကို
သွားနေစဉ်မှာ စွမ်းအင်တွေ၊ စိတ်အားတက်ကြွမှု
တွေဟာ ကိုယ့်ခန်္ဓာဆီသို့ အဆက်မပြတ်စီးဝင်နေ
တတ်တယ်။
ဒီသဘောတရားတွေကို အောင်မြင်သူတွေက
ကောင်းကောင်းသဘောပေါက်ပြီး သူတို့ရဲ့ ဘဝ
တိုးတက်အောင်မြင်ရေးခရီးစဉ်မှာ ကောင်းကောင်း
အသုံးချတော့တာပဲ။ ဒါကြောင့် အောင်မြင်ကျော်
ကြားတဲ့ ပုဂိ္ဂုလ်ကြီးတွေဟာ ဘယ်သူမှ လိုက်မမီတဲ့
ထိပ်တန်းအောင်မြင်မှုတွေကို ရရှိကြတာပါ ဖြစ်ပါ
တယ်။
စိတ်မှာ စွမ်းအင်၊ သတိ္တ၊ တန်ခိုးတွေ ရှိပြီး
သားပါ။ ကိုယ်ဖြစ်ချင်တဲ့ အရာကို ဆွဲဆောင်နိုင်တဲ့
သတ်္တိထူးက ရှိနေပြီးသားပါ။ ဒါကို ယုံယုံကြည်
ကြည်နဲ့အသိအမှတ်ပြုရုံပါပဲ။ စိတ်ထဲမှာ ယုံကြည်မှု
ကိုသာ အမြဲနေရာပေးထားပါ။ သံသယကို လုံးဝ
အ၀င်မခံပါနဲ့။ အရာအားလုံး လွယ်ကူချောမွေ့
အောင် စိတ်ရဲ့ စွမ်းအင်ဟာ လုပ်ဆောင်ပေးသွား
လိမ့်မယ်လို့ကို ယုံကြည်နေပါ။ ဘာနည်းလမ်းမှ
မရှိဘူး၊ ဘာအရင်းအမြစ်မှ မရှိဘူး၊ ဖြစ်နိုင်ပါ့မလား
ဆိုတာတွေ လုံးဝမတွေးပါနဲ့။ ဖြစ်နိုင်မှု အပေါ်မှာ
သာ ယုံယုံကြည်ကြည် တွေးထားမယ်ဆိုရင် စိတ်ရဲ့
စွမ်းအင်ဟာ အလိုလိုအောင်မြင်မှုဆီ ခေါ်ဆောင်
သွားပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်းမှာ ““ငါ့စိတ်စွမ်းအင်
တွေကို ငါအပြည့်အ၀ ယုံကြည်တယ်””လို့ အမြဲပြော
ပေးပါ။
လူတွေရဲ့ စိတ်စွမ်းအင်တွေဟာ မထင်မှတ်
ထားတဲ့အချိန်မှာ ထွက်ပေါ်လာတတ်ပါတယ်။ အ
ခက်အခဲ၊ အကျပ်အတည်းတွေ ကြုံတွေ့နေရတဲ့
အခါမှာပေါ်ထွက်လာတတ်ပါတယ်။ စိတ်ဇောတွေ
ထက်သန်လာတဲ့အခါမှာလည်း ထွက်ပေါ်လာတတ်
ပါတယ်။ ဒီလိုထွက်ပေါ်လာတဲ့အချိန်မှာ လူက
လုပ်ဆောင်တာမျိုးမဟုတ်တော့ဘဲ စွမ်းအင်ကသာ
လုပ်ဆောင်သွားတာဖြစ်ပါတယ်။ သာမန်အချိန်မှာ
လူတစ်ယောက်အနေနဲ့ လုံးဝမသယ်နိုင်တဲ့ ကြီးမား
တဲ့အရာတွေကို မီးလောင်တဲ့အခါမှာ သယ်ပြေးနိုင်
တဲ့ဖြစ်ရပ်ဟာ စိတ်ရဲ့ စွမ်းအင်ကသာ လုပ်ဆောင်
သွားခြင်းဖြစ်ပါတယ်။
ကိစ်္စတစ်ခုခု မဆောင်ရွက်ခင်မှာ စိတ်စွမ်းအင်
ကို အားကိုးပြုပါ။ ဥပမာ ကိုယ်က ပရိသတ်တွေ
အများကြီးရဲ့ ရှေ့မှာ စကားဟောပြောရတော့မယ်
ဆိုပါစို့။ ဒီအချိန်ခဏမှာ စိတ်ရဲ့စွမ်းအားတွေ အား
လုံးကို စိတ်ကူးနဲ့ စုစည်းလိုက်ပါ။ ခွန်အားတွေ
အများကြီးရှိလာတယ်လို့လဲ စိတ်က ခံစားပါ။ ခန်္ဓာ
ကိုယ်မှာ စွမ်းအင်တွေ အပြည့် ဖြစ်ထွန်းလာတာကို
လည်း စိတ်က သိနေပေးပါ။ စွမ်းအင် အ၀န်းအ၀ိုင်း
ကြီး ကိုယ့်မှာဖြစ်တည်လာတာကိုလည်း မြင်ယောင်
ပါ။
ဒီအချိန် စိတ်မှာ စွမ်းအင်တွေ အပြည့်ရောက်
ရှိနေပါလိမ့်မယ်။ ဒီစွမ်းအင်တွေကို မပျောက်ပျက်
စေပါနဲ့။ ထိန်းသိမ်းထားပါ။ ပြီးရင် ဒီစွမ်းအင်တွေကို
အားကိုးပြုပြီး စင်ပေါ်တက်ကာ ပြီးဆုံးသည်အထိ
ဟောပြောပါ။ ထူးဆန်းတာက ကိုယ်က ပြောနေ
တယ်လို့ မခံစားရပဲ စိတ်ရဲ့စွမ်းအင်တွေက သူ့အလို
လို ဟောပြောသွားတယ်လို့ ခံစားရတာပါပဲ။ ဒါဟာ
ကျွန်တော့်ရဲ့ကိုယ်တွေ့အောင်မြင်မှု တစ်ခုပါပဲ။
ဒါကြောင့် အလွယ်တကူ အောင်မြင်မှုတွေ
ဖြစ်ထွန်းချင်ရင် စိတ်ရဲ့ စွမ်းအင်ကို အားကိုးပြုပါ။
လူတိုင်း အသုံးချလို့ရပါတယ်။ အရောင်းသမား
တစ်ယောက်ပစ်္စည်းရောင်းချတဲ့ဖြစ်စဉ်မှာ၊ ကျောင်း
သားတစ်ယောက် စာမေးပွဲဖြေဆိုတဲ့ဖြစ်စဉ်မှာ၊
အဆိုတော်တစ်ယောက် သီချင်းသီဆို ဖျော်ဖြေတဲ့
ဖြစ်စဉ်မှာ စသဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ
လုပ်ဆောင်တိုင်းမှာ အသုံးချကြည့်ပါ။ အောင်မြင်
ထူးခြားလာမှာ မလွဲမသွေပါပဲ။
Let’s Fly Together!
ဖူးကျော်ဇင် (Future Wave)
5-3-2016

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...