slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, March 9, 2016

စိတ်ခွန်အားအသစ်တွေနဲ့ ဘဝရဲ့နှစ်သစ်ကူးတိုင်းကိုအောင်မြင်စွာဖြတ်သန်းပါ

ဒီနေ့အတွက် JOB seekers တို့ကြိုက်နှစ်သက်မယ့် ဆောင်းပါးလေးတစ်ပုဒ်ကို ဆရာဖူးကျော်ဇင်က ရေးသားပေးထားပါတယ်..
“စိတ်ခွန်အားအသစ်တွေနဲ့ ဘဝရဲ့နှစ်သစ်ကူးတိုင်းကိုအောင်မြင်စွာဖြတ်သန်းပါ”
(JOB seekers Journal အတွဲ(၄)၊အမှတ်(၃၁) ARTICLE ကဏ္ဍမှကောက်နုတ်ဖော်ပြချက်ဖြစ်ပါသည်။)
-----------------------------------------------------------------------
လူ့ဘ၀ဆိုတာ ငယ်စဉ်က ကျွန်တော်တို့ကစားခဲ့ဖူးတဲ့ မြွေနဲ့ လှေကား ကစားပွဲလေးလိုပါပဲ။
အံစာတုံးလှိမ့်လိုက်လို့ လှေကားရှိတဲ့ အကွက်ကိုရောက်သွားရင် အပေါ်ကိုတက်သွားလို့ရတယ်။
ဒီလိုတက်သွားနေရင်းနဲ့ မြွေပါးစပ်ရှိတဲ့ အကွက်ကိုကျရောက်တဲ့အခါမှာ မြွေကမျိုလိုက်တော့ လျှော
ကနဲအောက်ကိုဆင်းသွားရတယ်။ ဒီလိုပဲ လှေကားနဲ့တွေ့ရင် တက်လိုက်၊ မြွေနဲ့တွေ့ရင် အမျိုခံရပြီး
ပြန်ကျသွားလိုက်နဲ့ ကစားပွဲရဲ့ အောင်မြင်မှုပန်းတိုင်ရှိရာ အကွက်တစ်ရာအထိကို အရောက်သွားရ
တယ်။ ပန်းတိုင်ရောက်ခါနီး ကိုးဆယ့်ခြောက်ကွက်မှာ အရှည်ဆုံးမြွေကြီးတစ်ကောင်က စောင့်
နေတယ်။ သူ့ရဲ့အမြီးက အောက်ခြေ အကွက်နှစ်အထိရောက်အောင်ကို ရှည်တယ်။ တချို့ ပန်းတိုင်
ရောက်ခါနီးမှာ အဲ့ဒီမြွေကြီးနဲ့တွေ့ပြီး အောက်ဆုံးကို ပြန်ကျသွားရတယ်။ ပြီးတော့ လှေကားတွေနဲ့
တွေ့အောင်ကြိုးစားပြီး ပြန်တက်ရတယ်။ကျွန်တော်တို့ ဖြတ်သန်းနေကြရတဲ့ ဘ၀ကြီး
ဟာလည်း ဒီလိုပါပဲ။ လှေကားနဲ့တူတဲ့ အပေါ်ကိုတက်စေမယ့်အခွင့်အလမ်းတွေလည်းရှိသလို၊ မြွေနဲ့
တူတဲ့ အောက်ကိုကျဆင်းသွားစေမယ့် အခက်အခဲတွေ၊ ဒုက်္ခတွေလည်းတစ်ပုံကြီးပေါ့။ ကစားပွဲလေး
မှာမြွေနဲ့လှေကားဟာရှိမှကစားရတာဟာအဓိပ်္ပါယ်ရှိသလို ဘ၀ထဲမှာလည်း အခက်အခဲရော၊ အခွင့်
အလမ်းတွေရောရှိနေမှသဘာဝကျတာဖြစ်ပါတယ်။လောကရဲ့သဘာဝကိုက အတက်ရှိသလို၊ အကျ
လည်းရှိပါတယ်။ လှေကားနဲ့တွေ့လို့ တက်သွားတဲ့အခါမှာ “တယ်ဟုတ်တဲ့ငါပါလား” လို့ ဘ၀င်မြင့်
မနေသင့်ပါဘူး။ ရှေ့မှာမြွေတွေနဲ့လည်း တွေ့နိုင်ပါသေးတယ်။ ဒီလိုပါပဲ မြွေအမျိုခံရလို့ အောက်ကျ
သွားတဲ့အခါမှာလည်းစိတ်ပျက်အားလျော့မနေပါနဲ့။ လှေကားတွေလည်းရှိနေပါသေးတယ်။ ဘာပဲ
ဖြစ်ဖြစ် အောင်မြင်မှုပန်းတိုင်ရောက်တဲ့အထိတော့အားမလျော့ဘဲ မှန်မှန်နဲ့ လျှောက်လှမ်းနေရမှာပါ
ပဲ။
ဘ၀ဆိုတဲ့ ခရီးကြမ်းကြီးမှာ ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတာဟာ လူသားအားလုံးရဲ့
အဓိကတာဝန်ပါ။ဘ၀ခရီးဟာ ထင်ထားတာထက်ခက်ခဲနိုင်တယ်။ ကြမ်းတမ်းနိုင်တယ်။ ဘ၀ပင်လယ်
ပြင်ကြီးရဲ့ လှိုင်းတွေဟာ အရိုက်အပုတ် အတိုက်အခတ်နည်းနည်းကြမ်းပါတယ်။ အောင်မြင်မှုတွေ
နဲ့ ကြုံတွေ့နိုင်သလို ရှုံးနိမ့်မှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ ဒုက်္ခအခက်အခဲနဲ့ ပြဿနာတွေ
ပေါင်းစုံကြားထဲမှာ တိုးတက်အောင်မြင်တဲ့ လူသားတစ်ယောက်ဖြစ်ဖို့ ကြိုးစားရတာဟာ တကယ်
မလွယ်တဲ့ကိစ်္စတစ်ခုပါပဲ။လူအချို့ တွေးထင်ထားကြတာကတော့အောင်မြင်မှုလမ်းပာာ ချောမွေ့နေတာပဲလို့
ထင်မှတ်မှားတာပါ။ တချို့ကျပြန်တော့ အောင်မြင်မှုလမ်းဆိုတာ အခက်အခဲတွေချည်းပဲ ပြည့်နှက်နေ
တာပဲလို့ ထင်မှတ်မှားကြပြန်ပါရော။ ဘ၀ကစားပွဲကြီးမှာ လှေကားတွေချည်းပဲ ရှိမနေသလို၊ မြွေတွေ
ချည်းပဲ ပြည့်နှက်နေတာ မဟုတ်ပါဘူး။ နှစ်မျိုးစလုံး ရှိနေကြတာကို သိထားဖို့လိုပါတယ်။
အမှန်တော့ ဘ၀အောင်မြင်မှုဟာ အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နေရင်း
အခွင့်အလမ်းတွေကို ရှာဖွေကာ ပန်းတိုင်ကိုအရောက်သွားရတဲ့ ကစားပွဲကြီးတစ်ခုပါ။ လောက
မှာ အောင်မြင်သူတွေ နည်းပါးကြတဲ့ အချက်ကအခက်အခဲနဲ့ ဆုံးရှုံးမှုတွေများတဲ့ ဒီလမ်းကြမ်းကြီး
ကို ဖြတ်ကျော်ရဲတဲ့ သတ်္တိမရှိကြလို့ပါပဲ။


ဒီလို ကြမ်းတမ်းမှုတွေကြောင့် ဘ၀ကြီးကိုလက်လျှော့သွားတဲ့သူတွေ၊ အရှုံးတွေကို လက်ခံ
လိုက်တဲ့သူတွေ၊ ပန်းတိုင်ကိုလက်လွတ် လိုက်တဲ့သူတွေအရမ်းများပါတယ်။ လောကဓံဆိုတဲ့ တရား
ကတော့ လူတိုင်းရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ အောင်မြင်နေတဲ့သူတွေရော၊ မအောင်မြင် တဲ့သူတွေရော
အားလုံးဟာ လောကဓံနဲ့တော့ တွေ့ကြတာပါပဲ။ဒီလိုတွေ့ကြတာခြင်းအတူတူ၊ ကြမ်းတမ်းတဲ့ ဘဝ
ခရီးလမ်းပေါ်လျှောက်လှမ်းနေကြတာခြင်းအတူတူဘာကြောင့်တချို့က အောင်မြင်တိုးတက်သွားကြ
ပြီး အများစုကအောင်မြင်မှုတွေနဲ့ ဝေးနေကြရတာလဲ။
အောင်မြင်ချင်ရင် အခက်အခဲတွေကိုမကြောက်ရပါဘူး။ ကြမ်းတမ်းမှုတွေကို မကြောက်
ရပါဘူး။ ရင်ဆိုင်ကျော်ဖြတ်ရဲရပါမယ်။ ထက်မြက်တဲ့ဓားတစ်ချောင်းရဖို့ ကြမ်းတမ်းတဲ့ဓားသွေး
ကျောက်ပေါ် တင်သွေးရပါတယ်။ ထက်မြက်အောင်မြင်တဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ ကြမ်းတမ်းတဲ့
လောကဓံအခက်အခဲတွေက သင့်စိတ်ဓါတ်ကိုလေ့ကျင့်ပေးမှာပါ။ အခက်အခဲဆိုတာ စိတ်ဓါတ်
ကြံ့ခိုင်တဲ့သူကို တည်ငြိမ်ရင့်ကျက်စေပါတယ်။အောင်မြင်မှုမှာ ကြံ့ခိုင်မှုရှိခြင်း တနည်း
အားဖြင့် ခွန်အားရှိခြင်း (Strength) ဟာ သိပ်ကိုအရေးကြီးတဲ့အချက်ပါပဲ။ ကြံ့ခိုင်မှုရှိမှ ခိုင်မာစွာ
ရပ်တည်နိုင်မယ်။ တွန်းတိုက်မှုတွေကို တောင့်ခံနိုင်မယ်။အဆောက်အဦးတွေ တည်ဆောက်ကြတဲ့
အခါမှာ ကြံ့ခိုင်မှုရှိအောင် တည်ဆောက်ကြရပါတယ်။ ကြံ့ခိုင်မှုနည်းရင် ပြိုလဲဖို့ ရာခိုင်နှုန်းများ
တယ်။ အန်္တရာယ်ရှိတယ်။ လုံခြုံမှု မရှိနိုင်ပါဘူး။
ဒီလိုပါပဲ။ လူတိုင်းဟာ သူတို့ရရှိထားတဲ့ ဘ၀ကိုယ်စီကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေကြ
တာပါပဲ။ ဘ၀ကို ခိုင်မာစွာ တည်ဆောက်ထားနိုင်မှ ဘ၀အရေး စိတ်အေးရမယ်။ လုံခြုံမယ်ပေါ့။
ဘ၀မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ဆိုရင် ကြံ့ခိုင်မှုရှိအောင်အားထုတ်ထားဖို့လိုအပ်ပါတယ်။
လောကဓံဆိုတဲ့မုန်တိုင်းဟာ တစ်ခါတစ်ရံမှာအရိုက်အပုတ်အလွန်ပြင်းထန်ပါတယ်။ မုန်တိုင်း
တွေတိုက်လာပြီဆိုရင် ကြံ့ခိုင်မှုမရှိတဲ့ အပင်တွေကအမြစ်ကနေကျွတ်ထွက် လဲပြိုကုန်ပါတယ်။ တချို့
အပင်ကြီးတွေကတော့ ယိမ်းထိုးလှုပ်ရှားနေရပါတယ်။ အပင်တစ်ပင်လုံးကြီး မပြိုလဲရင်တောင်
အကိုင်းအခက်အလက်တွေ ကျိုးပဲ့ပျက်စီး ကုန်ကြပါတယ်။ ဒါပေမယ့် ကြံ့ခိုင်လှတဲ့ တောင်ကြီးတွေ
ကတော့ မုန်တိုင်းဘယ်လောက်ပဲ ပြင်းထန် ပြင်းထန် ယိမ်းထိုးလှုပ်ရှားမှုလည်းမရှိသလို ပြိုလဲဖို့
လည်း မရှိနိုင်ပါဘူး။
ကြံ့ခိုင်မှုရှိအောင် အားထုတ်လုပ်ဆောင်တဲ့နေရာမှာ ရုပ်တရားကြံ့ခိုင်အောင် လေ့ကျင့်
ပျိုးထောင်တာနဲ့ စိတ်ဓါတ်ကြံ့ခိုင်အောင် လေ့ကျင့်ပျိုးထောင်တာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဘဝ
အောင်မြင်မှုမှာ စိတ်ခွန်အားရှိခြင်းက ရုပ်ခွန်အားရှိခြင်းထက် ပိုအရေးကြီးပါတယ်။ စိတ်ဓါတ်
ကြံ့ခိုင်မှုရှိမှသာ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး အောင်မြင်မှု ပန်းတိုင်ရောက်နိုင်မှာပါ။
လောကဓံကို ကာယဗလဆိုတဲ့ ရုပ်ကြံ့ခိုင်တာနဲ့ရင်ဆိုင်လို့မဖြစ်နိုင်ပါဘူး။ စိတ်္တဗလဆိုတဲ့ စိတ်ဓါတ်
ကြံ့ခိုင်မှုရှိမှသာလျှင် လောကဓံ အရိုက်အပုတ်တွေကို ခံနိုင်မှာဖြစ်ပါတယ်။ လောကဓံမုန်တိုင်း
တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာ ကျွန်တော်တို့တွေရဲ့ စိတ်ဓါတ်ဟာ တောင်ကြီးတွေလို ကြံ့ခိုင်မှု
ရှိအောင် လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။
ဘ၀မှာ ရှင်သန်ရပ်တည်ဖို့အတွက် ကိုယ်ခံစွမ်းအားဟာ သိပ်အရေးကြီးသလို စိတ်ဓါတ်ခွန်
အားဆိုတဲ့ စိတ်ခံစွမ်းအားကလည်း သိပ်ကို အရေးပါတဲ့အရာပါပဲ။ ကိုယ်ခံစွမ်းအားတွေ ကျဆင်းလာ
ရင် လူတွေကို ပြိုလဲချည့်နဲ့သွားစေမယ့် ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။ စိတ်ခံစွမ်းအားဆိုတဲ့
စိတ်ဓါတ်တွေကျဆင်းလာလို့ အားနည်းနေပြီးဆိုရင်တော့ ဘ၀တစ်ခုလုံး ပြိုလဲ ချည့်နဲ့သွားစေ
နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံစွမ်းအား တိုးတက်အောင် လေ့ကျင့်ခန်းတွေ၊ အာဟာရရှိတဲ့ အစား
အသောက်တွေ၊ဆေးဝါးဓာတ်စာတွေမှီဝဲသုံးဆောင်
ကြသလို စိတ်ဓါတ်ခွန်အားရှိဖို့အတွက်လည်း နေ့စဉ်အားထုတ်လုပ်ဆောင် နေရပါမယ်။
ရုပ်အာဟာရလည်း နေ့စဉ်ဖြည့်ဆည်းပါ။စိတ်အာဟာရလည်း နေ့စဉ်ဖြည့်ဆည်းရင်း ကြံ့ခိုင်
အောင်လုပ်သင့်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့အတွက် ဘာတွေလုပ်ဆောင်သင့်သလဲ မေးဖို့ရှိ
ပါတယ်။ ကျွန်တော်တို့ အမြဲလေ့ကျင့် လုပ်ဆောင်သင့်တာကတော့ စိတ်ဓါတ်ခွန်အားတွေဖြစ်စေမယ့်
စာပေတွေ နေ့စဉ်ဖတ်ရှုရပါလိမ့်မယ်။ စိတ်ဓါတ်ခွန်အားပေးတဲ့သင်တန်းတွေ၊ ဟောပြောပွဲတွေလည်း
တက်ရောက်နားထောင်သင့်ပါတယ်။ ဘာသာရေးအဆုံးအမများကို လိုက်နာကျင့်သုံးတာဟာလည်း
စိတ်ဓါတ်ကြံ့ခိုင်မှုအတွက်အားဆေးတစ်ခု ဖြစ်ပါတယ်။ တရားစာပေတွေကိုဖတ်ရှုပါ၊ တရားဓမ်္မ
တွေကိုနာကြားပါ။ အမြဲတရားနှလုံးသွင်းပြီးမိမိစိတ်ကိုတည်ကြည်အောင်၊ တည်ငြိမ်အောင် လေ့ကျင့်
နေတာဟာလည်း စိတ်ဓါတ်ကြံ့ခိုင်ခြင်းရဲ့ အဓိကအနှစ်သာရပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင်နေ့စဉ်ကမ်္မဌာန်း
ထိုင်ပါ။ စိတ်ကောင်းနှလုံးကောင်းမွေးပြီး အမြဲသတိတရားနဲ့ နေထိုင်တာဟာကြံ့ခိုင်မှုရှိတဲ့ စိတ်
အားတွေ ပိုင်ဆိုင်လာစေမယ့်အချက်တွေပါပဲ။ကမာ်္ဘပေါ်မှာရှိတဲ့ လူသားတိုင်းဟာ ရုပ်ခွန်
အားရှိဖို့ အာဟာရတွေဖြည့်ကြပါတယ်။ ရုပ်တရားလေးလှပဖို့ ပြုပြင်ချယ်သ ကြပါတယ်။ ရုပ်တရား
ကြံ့ခိုင်မှုရှိဖို့ လေ့ကျင့်စင်တာတွေမှာ သွားပြီး အချိန်ပေး လုပ်ဆောင်ကြပါတယ်။ ဒါပေမယ့် စိတ်
အာဟာရတွေဖြည့်ဖို့၊ စိတ်ဓါတ်ကလေး အမြဲလှပနေဖို့၊ စိတ်ဓါတ်ကြံ့ခိုင်သန်စွမ်းဖို့ကိုတော့ နေ့စဉ်
အချိန်မပေးကြပါဘူး။ စိတ်ဓါတ်ကြံ့ခိုင်အောင်လုပ်မယ့်အစား စိတ်ဓါတ်ပျော့ညံ့စေမယ့် အတွေး
တွေ၊ စကားလုံးတွေ၊ ထင်မြင်ချက်တွေ၊ မကောင်းမြင်စိတ်တွေနဲ့ပဲ ရှင်သန်လှုပ်ရှား နေကြပါတယ်။
ရုပ်ကိုလည်းပြင်သလို စိတ်ကိုလည်း ပြင်သင့်ပါတယ်။ ရုပ်ကြံ့ခိုင်မှုရှိအောင် အားထုတ်ကြသလို
စိတ်ကြံ့ခိုင်မှု ရှိအောင်လည်း ကြိုးစားအားထုတ်သင့်ပါတယ်။ ကြံ့ခိုင်တဲ့စိတ်ထားရှိသူတိုင်းဟာ
အခက်အခဲ၊ ကြမ်းတမ်းမှု၊ ရှုံးနိမ့်မှု၊ စိန်ခေါ်မှု၊ပြဿနာ အားလုံးကို ကျောက်တောင်ကြီးတွေပမာ
ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အောင်မြင်သူတွေ ဖြစ်ကြမှာပါ။ လောကဓံကြုံ၊ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့
စိတ်ခိုင်စေဆိုတဲ့အတိုင်း ကြမ်းတမ်း ပါတယ်ဆိုတဲ့ဘ၀လောကထဲမှာ တုန်လှုပ်မှုမရှိဘဲ ခိုင်မာစွာ ရပ်
တည်နိုင်တဲ့ ကြံ့ခိုင်လူသားတွေ ဖြစ်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Let’s Fly Together!
ဖူးကျော်ဇင် (Future Wave)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...