ဘယ်လိုချစ်ချစ်ပေါ့ သမီးရယ်။ အချစ်ကြောင့်တော့ သူ(သို့မဟုတ်)
ကိုယ်(သို့မဟုတ်) သူရောကိုယ်ရော
ထိခိုက်နစ်နာပျက်စီးသွားရတာမျိုးမဖြစ်ပါစေနဲ့။
2.သစ်ပင်ကြီးလေလေ၊ လေတိုက်ခံရလေလေ။
ရည်မှန်းချက်ကြီးလေလေ၊ကံကြမ္မာရဲ့တိုက်ခတ်မှုကို ခံရလေလေပဲသမီး
ရည်မှန်းချက်ကြီးကြီးထားတဲ့ သူဟာ ဒီအချက်ကို သေသေချာချာသိထားရမယ်။
3.KNOWLEDGE IS A TREASURE. တဲ့၊ အသိပညာ ဆိုတာရတနာတစ်ပါးပါ။
အသိပညာဆိုတာ ငွေပေးဝယ်လို့မရဘူး ကိုယ်ကိုယ်တိုင်ရှာဖွေဆည်းပူလေ့လာမှ ရတာ
အသိပညာနဲ့အတန်းပညာကိုတော့ ခွဲခြားပြီးသိနော် သမီး။ အသိပညာဆိုတာ
အမှန်နဲ့အမှား၊အကောင်းအဆိုး၊တရားမျှတမှုနဲ့မတရားမှုကို ခွဲခြားနားလည်ပြီး
မှန်မှန်ကန်ကန် ချင့်ချိန်စဉ်းစားဆုံးဖြတ်လုပ်ကိုင်တတ်တဲ့
အရည်းအချင်ကိုပြောတာ။ အဲ့ဒီအသိပညာရှိမှကိုယ့်ဘဝ
တိုးတက်အောင်မြင်ပျော်ရွှင်နိုင်မယ်ဆိုတာ ယုံကြည်ထားစမ်းပါ။
4.သမီလေး တစ်ခါတစ်ရံတံခါးကိုဖွင့်သောသူသည် အခန်းထဲသို့နောက်ဆုံးမှ ၀င်ရသောသူ ဖြစ်တတ်တယ်။
5.ဘ၀ဆိုတာ ရုန်းကန်ခြင်းပဲ ဘ၀ဆိုတာ အိပ်မက်ပဲ ဘ၀ဆိုတာ
ပန်းခင်းလမ်း မဟုတ်ဘူး စသဖြင့်ဘ၀ကိုအမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။
ကိုယ်မြင်တဲ့ရှုထောင့်၊ကိုယ့်ရဲ့ဘ၀ပေးအခြေအနေ၊ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့
အတွေ့အကြုံတွေပေါ်မှုတည်ပြီး ပြောကြတာပါပဲ သမီးလည်း အချိန်တန်တော့
ပြောစရာရှိလာမှာပါ။ ဘ၀ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းလေးကို အခုတည်းက
ကိုယ်ဘာသာပြန်မေးကြည့်ပေါ့။
6.သမီလေး အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။ HEALTH IS BETER THAU
WEALTH. ကျန်းမာခြင်းဟာ ချမ်းသာခြင်းထက် ပိုကောင်းသတဲ့။ အဲ့ဒါကြောင့်
ကျန်းမာရေးကို တန်းဖိုးထားဂရုစိုက် ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသိပညာတွေလေ့လာ၊
ကျန်းမာရေးနဲ့အညီနေ၊ ထိုင်၊အိပ်၊စား လှုပ်ရှားလုပ်ကိုင်ပါလို့ ဖေဖေ
အလေးအနက်တိုက်တွန်းချင်တယ်။
7.သမီးဖေဖေငယ်ငယ်တုန်းက ကျက်ခဲ့ဖူးတဲ့စာတစ်ကြောင်းရှိတယ် LOVE
TRUTH BUT PARDON ERROR. အမှန်တရားကို ချစ်မြတ်နိုင်းပါ သို့သော်
အမှားကိုလည်း ခွင့်လွှတ်ပါ။
8.သမီးလေး တစ်ခါတစ်ရံမှာ လူတစ်ယောက်ရဲ့ဘ၀ဟာ
စကားတစ်လုံး၊စာတစ်ကြောင်း ကဗျာတစ်ပုဒ်ကြောင့် အကြီးအကျယ်
ပြောင်းလဲသွားစေနိုင်သတဲ့ ဖေဖေ ရေးခဲ့တဲ့စာကြောင်းတွေဟာ သမီးလေးရဲ့ဘ၀ကို
တိုးတက်ပြောင်းလဲသွားစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
9.သမီး တောင်းဖြစ်ချင်ရင် ၀ါးခွဲရသတဲ့ တောင်းလိုချင်ရင်
တောင်းယက်ဖို့ ၀ါးကိုခွဲရလိမ့်မယ် ၀ါးကွဲသွားမှာကြောက်ရင် တောင်းယက်လို့
ဘယ်ရပါ့မလဲ တစ်ခါတစ်ရံဘ၀မှာ လိုချင်တာတစ်ခုအတွက် စွန့်လွတ်မှု၊
ပေးဆပ်ရမှုတွေလည်း ရှိနေတတ်တယ်ဆိုတာ သမီးလေး မမေ့နဲ့နော်။
10.တစ်ချို့ကထမင်းစားဖို့အသက်ရှင်တယ် တချို့ကအသက်ရှင်ဖို့
ထမင်းစားတယ် အဓိပ္ပာယ်တူသယောင်ရှိပေမယ့် မတူဘူးသမီး
ထမင်းစားဖို့အသက်ရှင်နေတဲ့သူက ထမင်းစားဖို့ပဲ ခေါင်းထဲမှာရှိပြီး
ထမင်းကောင်းကောင်းစားဖို့အတွက် ငွေများများရှာမယ် ငွေရှိရင် ဘာမဆို
ရတယ်ဆိုတဲ့လူစားမျိုး။ အသက်ရှင်ဖို့ထမင်းစားတဲ့သူကတော့
သူ့ဘ၀ကိုအဓိပ္ပာယ်ရှိရှိရပ်တည်ချင်လို့၊
အသက်ရှင်ချင်လို့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့ အာဟာရပြည့်အောင်
ထမင်းကိုစားခြင်းဖြစ်တယ် သူအသက်ရှင်တာ ထမင်းအတွက်မဟုတ်ဘူး
သူ့ယုံကြည်ချက်တွေအတွက် အဲဒီလို........ အသက်ရှင်ဖို့ထမင်းစားတဲ့သူမျိုးကို
ဖေဖေ တို့လေးစားသင့်တယ် အဲဒီလိုလူမျိုးဖြစ်အောင် သမီးကြိုးစားပါ။
No comments:
Post a Comment