အဲဒီနောက်
“အဆွေဖားတို့ ကျွန်တော်တို့ အခုလိုအိပ်လိုက်စားလိုက် နေမယ့်အစား ဘယ်ဖားက အစွမ်းအစ အရှိဆုံးလဲ သိရအောင်ပြိုင်ပွဲတစ်ခု လုပ်ကြရအောင်” လို့ အကြံပြုတော့ အစွမ်းပြလိုတဲ့ အခြား ဖားတွေက ပြိုင်ကြရအောင် ဆိုပြီးထောက်ခံကြတာပေါ့။ အဲဒီလိုနဲ့ပဲပြိုင်ပွဲတစ်ခုကို စတင်ကြပါတယ်။ အဲဒီပြိုင်ပွဲကတော့ ဘယ်ဖားစွမ်းကောင်းက မျှော်စင်ကြီးတစ်ခုရဲ့ထိပ်ပိုင်းအထိကို ရောက်အောင် တက်နိုင်မလဲ ဆိုတာပါပဲ။ အဲဒီပြိုင်ပွဲသတင်းကိုကြားတဲ့ အခြားဖား အမြောက်အများဟာလဲ ဘယ်ဖား တွေ ဘယ်လိုပြိုင်ကြမလဲ သိချင်ကြတာနဲ့ ပြိုင်ပွဲကို ဖားပျံမကျ လာရောက် အားပေးကြတာပေါ့။

မကြာခင်မှာပဲ ပြိုင်ပွဲကြီးစတင်ပါတော့တယ်။
ပြိုင်ပွဲဝင်ဖားတွေက ပြိုင်ပွဲစတင်တာနဲ့ တပြိုင်နက် အားကြိုးမာန်တက်
မျှော်စင်အိုကြီးပေါ်ကို အပြိုင်အဆိုင် ခုန်တက်ကြပါတယ်။
အရိုးသားဆုံးပြောရရင် လာရောက်အားပေးတဲ့ ဖားပရိသတ်တွေအားလုံးဟာ
လာပြီးသာ အားပေးရတယ် ဒီလိုပြိုင်ပွဲမျိုးကို ဘယ်လိုဖားတွေမှ
မယှဉ်ပြိုင်နိုင်တဲ့အပြင် ဘယ်ပြိုင်ပွဲဝင် ဖားတစ်ကောင်ကောင်မှ
မျှော်စင်ထိပ်အထိ တက်နိုင်ပြီး အနိုင်ရမယ်လို့ကို မထင်ကြပါဘူး။ အားလုံးသော
ပရိသတ်များက
“အိုး… ဒါမဖြစ်နိုင်ပါဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊
ဒီလောက်မြင့်တဲ့ မျှော်စင်ကြီးရဲ့ ထိပ်ပေါ် ဘယ်သူမှ တက်နိုင်မှာ မဟုတ်ဘူး၊
အဲဒါ အရမ်း အရမ်းကို မြင့်တာ” လို့ အောက်ကနေပြီး စိတ်လှုပ်ရှားစွာနဲ့
တစ်ယောက်တစ်ပေါက် အော်ဟစ်ပြီး ဝေဖန်ပြောဆိုနေကြတာပေါ့။
မကြာခင်မှာပဲ အချို့သော ကျားကုတ်ကျားခဲနဲ့ ရည်မှန်းချက်ကြီးတဲ့ ဖားတွေကလွဲလို့
ကျန်ပြိုင်ပွဲဝင် ဖား တော်တော်များများက မျှော်စင်အိုအပေါ် ကိုတက်ရင်းတက်ရင်းနဲ့
ခြေကုန်လက်ပမ်းကျပြီး အောက်ကို တစ်ဖုတ်ဖုတ်နဲ့ပြုတ်ကျ လာကြပါတယ်။
ကျန်ပြိုင်ပွဲဝင် ဖား တော်တော်များများက မျှော်စင်အိုအပေါ် ကိုတက်ရင်းတက်ရင်းနဲ့
ခြေကုန်လက်ပမ်းကျပြီး အောက်ကို တစ်ဖုတ်ဖုတ်နဲ့ပြုတ်ကျ လာကြပါတယ်။
အဲဒီမှာပဲ ပရိသတ်တွေက တစ်ယောက်တစ်ပေါက်နဲ့ ပြိုင်ပွဲဝင်တွေကို လှမ်းပြီး
“ဒီပြိုင်ပွဲက အရမ်းခက်ခဲလွန်းတယ် ဘယ်သူမှနိုင်မှာမဟုတ်ဘူး မပြုတ်ကျခင်
အမြန်ပြန်ဆင်းလာကြတော့လို့’’ အားမလိုအားမရစွာနဲ့ အော်ဟစ်ပြောဆိုကြပါတယ်။
မကြာခင်မှာပဲ ကျန်တဲ့ပြိုင်ပွဲဝင်ဖားတွေက တစ်ဖုတ်ဖုတ်နဲ့ အောက်ကို
ဖားကျဖားပြုပ်ကျ ပြုတ်ကျလာကြပါတော့တယ်။

အဲဒီလိုနဲ့ဖားတွေတစ်ဖုတ်ဖုတ် ပြုတ်ကျလာလိုက်တာ
နောက်ဆုံးကျန်တဲ့ ဖားငယ်လေးတစ်ကောင်က တစ်ခုန်ချင်းတစ်ခုန် အပေါ်ကို
ဆက်လှမ်းနေပါတယ်။ အဲဒီဖားကလေးဟာ လုံးဝအရှုံးမပေးပဲ
ဆက်လက်ယှဉ်ပြိုင်နေပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးမှာတော့ မျှော်စင်အိုကြီးထိပ်ကို ရောက်သွားတဲ့ “ကိုရွှေဖားသည်ဂရိတ်” ဖားစွမ်းကောင်းကလေး ကလွဲလို့ ကျန်တဲ့ဖားတွေအကုန်လုံး အောက်ကိုပြုတ်ကျပြီး အရှုံးနဲ့ ရင်ဆိုင်သွားကြရပါတယ်။

ဖားအားလုံးဟာ အနိုင်ရသွားတဲ့ ဖားစွမ်းကောင်းလေးရဲ့
အကြောင်းနဲ့ ဘယ်လိုကြောင့် အခြားဖားတွေ မလုပ်နိုင်တဲ့
အလုပ်ကိုလုပ်နိုင်တာလဲဆိုတာကို သိချင်စိတ်ပြင်းပြနေကြတာပေါ့။ အဲဒါနဲ့
အဲဒီဖားကလေးကို “သင် အဘယ်လိုစွမ်းအားတွေ ခွန်အားတွေသုံးပြီး
ဒီလောက်မြင့်တဲ့ မျှော်စင်အိုကြီး ပေါ်ကို တက်သလဲ” လို့ ၀ိုင်းမေးကြပါတယ်။
အဲဒီမှာသူတို့ဟာ ဖားကလေးရဲ့ လျို့ဝှက်ချက်ကို သိသွားကြပါတယ်။
အဲဒါကဘာလဲဆိုတော့ ဖားကလေးဟာ နားမကြားဘူး ဆိုတာပါပဲ။
အထက်ပါ အကြောင်းအရာလေးအတိုင်းပဲ လူ့လောက ပတ်ဝန်းကျင် မှာလည်း
အခြားသူတို့ရဲ့ စိတ်ပျက်၊ အားလျော့စေမယ့် စကားတွေ က
မိမိရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အိမ်မက်တွေ မရောက်သေးတဲ့ ပန်းတိုင်တွေ
မျှော်လင့်ချက်တွေ အားလုံးကို ဖျက်ဆီးပစ်နိုင် ဟန့်တားနိုင်တဲ့
အတွက်မိမိအား မကောင်းပြောတဲ့ စကားတွေကို နားထိုင်းတစ်ယောက်ကဲ့သို့
ကျင့်သုံးပြီး နားမယောင်ပဲ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားဖို့
လိုအပ်ပေသည် မဟုတ်ပါလား။ ။
No comments:
Post a Comment