slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Thursday, May 19, 2016

ဘွဲ့၊ IT Certificates များ နှင့် နိုင်ငံခြား အလုပ်အကိုင်

Programming Wiki - စွယ်စုံ ပရိုဂရမ်းမင်း's photo.
...
ပို့စ် မှ ကောက်နှုတ်ချက်
တချို့ဆိုရင် တက်လက်စ တက္ကသိုလ် ဆက်မတက်တော့ဘဲနဲ့ ဒီလို Certificate သင်တန်းတွေကိုပဲ အားစိုက်ပြီးတက်ဖို့ စဉ်းစားထားတယ် လို့တောင် ပြောကြတာတွေ ရှိပါတယ်။
ကျွန်တော့ အတွေ့အကြုံအရ တက္ကသိုလ်က ပေးလိုက်တဲ့ ဘွဲ့၊ ဒီပလိုမာတွေက အနည်းဆုံး တော့ Work Permit တွေ Employment Permit တွေလျှောက်ရာမှာ လုံးဝ (လုံးဝ) လိုပါတယ်။ ( အထူးသဖြင့် စင်္ကာပူမှာအလုပ်မယ့်သူများ )
သို့ပေမယ့် အလုပ်လျှောက်ရာမှာတော့ Certificate တွေမရှိရင် အင်တာဗျူးခေါ်ဖို့က မလွယ်ပြန်ပါဘူး။ ဒါဆိုရင် ဘွဲလည်းရှိပြီ၊ Professional Certificate ရှိပြီဆိုရင်ရော အလုပ်ရမှာလားဆိုရင် မသေချာဘူးလို့ဘဲ ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ Certificate ရှိပြီး လုံလောက်တဲ့ အလုပ်အတွေ့အကြုံ (Work Experiences) မရှိတာ၊ လိုအပ်တဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge) မရှိရင် ရထားတဲ့ Certificate က အလုပ်ရဖို့ ဘာမှ အာမခံချက် မရှိပါဘူး။ ဒီနေရာမှာ အရေးကြီးတာက Certificate ရှိရုံနဲ့ အလုပ်ရဖို့ မလုံ လောက်ဖူးဆိုတာကို ထပ်လောင်းအသိပေးပါရစေ။
...
ကျွန်တော့် ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ ကိုနီလင်းရဲ့ MCSE နဲ့ ပတ်သက်တဲ့ အကြောင်းကို အောက်မှာ ပြန်လည် ဝေမျှလိုက်ပါတယ်။ ကိုနီလင်းဟာ လက်ရှိ စင်္ကာပူမှာ လုပ်ကိုင်နေတာဖြစ်ပြီး မြန်မာပြည်မှာလည်း British Council မှာ Networking နဲ့ ပတ်သက်ပြီး လုပ်ကိုင်ခဲ့ပါတယ်။



ရန်ကုန်မှာ Information Beam ဆိုတဲ့ သင်တန်းကျောင်း တစ်ခုလည်း ဖွင့်ထားပြီး အဲဒီမှာလည်း သင်ကြားပေးခဲ့ပါတယ်။ ဒီဘလော့ကနေ တဆင့် ဒီလို ပြန်လည် ဝေမျှလိုသူများကိုလည်း ကြိုဆိုပါတယ်။
ကျွန်တော်က Microsoft System Engineer တစ်ယောက်ပါ။
MCSE အနေနဲ့ အလုပ် လုပ်နေတာကလည်း ၅ နှစ်လောက် ရှိပါပြီ။ ဒါမတိုင်ခင်ကလည်း ICT နယ်ထဲမှာ အလုပ်တွေလုပ်ခဲ့တာ တွေရှိပါတယ်။ System Engineer တစ်ယောက်အနေနဲ့ အပြင် MCSE နဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေ ပို့ချခဲ့ဖူးသလို၊ MCSE စားမေးပွဲ ဖြေမယ့်သူတွေကိုလည်း Guide လုပ်ပေးခဲ့ တာတွေ လည်း လုပ်ခဲ့ဖူးပါတယ်။ တနည်းအားဖြင့် MCSE စာမေးပွဲတွေ၊ MCSE Certificate တွေနဲ့ ပတ်သက်လို့ ကျွန်တော် အတော်လေး အကျွမ်းတ၀င်ရှိနေပါပြီ။
ကိုယ်လုပ်နေတဲ့ အလုပ်အရရော၊ စာသင်ခဲ့ဖူးတဲ့ အတွေ့အကြုံအရပါ MCSE ပက်သက်ပြီး မေးကြ မြန်းကြတာတွေ ရှိပါတယ်။ မေးတဲ့သူ အများစုက လူငယ်တွေပါ။ သူတိုက MCSE အပါအ၀င် CCNA ၊ CCNP အစရှိတဲ့ Professional Certificate နဲ့ပက်သက်တဲ့ စာမေးပွဲတွေ ဖြေသင့်သလား၊ မဖြေသင့်ဘူးလား။ အဲ့ဒီ Certificate တွေကရော တန်ဖိုး ရှိရဲ့လား၊ အချိန် ငွေကြေး ဘယ်အတိုင်းအတာလောက် အထိ စိုက်ထုတ်ဖို့လိုသလဲ စသည်ဖြင့် မေးတတ်ကြပါတယ်။
သူတို့အနေနဲ့ Professional Certificate အနေနဲ့ ရအောင် ကြိုးစားရာမှာ လိုအပ်တဲ့ ရင်းနှီး ပေးဆပ်မှုလေးတွေကို သိချင်ပုံရကြသလို ဒီလို Certificate တွေကနေတဆင့် ရလာနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းပေါ်ကို အားကိုးတကြီးနဲ့ မျှော်လင့်ကြပုံရပါတယ်။ မေးခွန်းတွေကလည်း အတော်လေး စုံပါတယ်။ တချို့ဆိုရင် တက်လက်စ တက္ကသိုလ် ဆက်မတက်တော့ဘဲနဲ့ ဒီလို Certificate သင်တန်းတွေကိုပဲ အားစိုက်ပြီးတက်ဖို့ စဉ်းစားထားတယ် လို့တောင် ပြောကြတာတွေ ရှိပါတယ်။
ဒါကြောင့်ဘဲ ဒီဆောင်းပါးလေး ရေးမိတာပါ။ ဒီလို Certificate တွေနဲ့ပတ်သက်လို့ သိလိုတဲ့ မေးခွန်းတွေကို အခုဆောင်းပါးလေးက အတော်လေး အထောက်အကူဖြစ် မယ်လို့ ရိုးသားစွာ ယုံကြည်ပါတယ်။ ကျွန်တော် တင်ပြတဲ့ အချက်အလက်တွေလည်း သဘော မတူနိုင်တဲ့သူတွေ လည်းရှိနိုင်ပါတယ်။
(၁) MCSE Certificate တွေရဲ့ Accreditation ကအရင်ကလောက် မရှိတော့ပေမယ့် ICT နယ်ပယ်မှာတော့ အလေးထား လက်ခံနေသေးတဲ့ Certificate တစ်ခုပါ။
MCSE Certificate တွေ ဟိုတချိန်က (လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကအထိ) အဆင့်မြင့် Certificate လို့ ICT လောကမှာသတ်မှတ်ခဲ့ကြပါတယ်။ MCSE Certificate ကိုရတဲ့သူအရေ အတွက်ကလည်း အတော်လေး နည်းနေပါသေးတယ်။ သို့ပေမယ့်အခုနောက်ပိုင်းမှာတော့ MCSE Certificate ရတဲ့သူတွေအတော်လေး များလာလိုက်တာအခုဆိုရင်ကမ္ဘာပေါ်မှာ Certificate Holder ပေါင်း လေးသိန်းကျော်တောင်ရှိနေပါပြီ။ သို့သော်လည်း MCSE Certificate Holder အားလုံးကတော့ MCSE အနေနဲ့ အလုပ် လုပ်နေကြတာ မဟုတ်ပါဘူး။ ICT Field မှာ အရင့်အရင် လုပ်နေတဲ့ အချို့က MCSE အဆင့် မဟုတ်ကြတော့ပါဘူး။ System Engineer တွေထက် ပိုပြီးအဆင့်မြင့်တဲ့ Technical Director တွေ Vice President အဆင့်တွေမှာ လုပ်နေကြပါပြီ။ တချို့ကလည်း ICT Field ထဲမှာမလုပ်ကြတော့ပါဘူး။ နိုင်ငံခြားမှာ ICT နဲ့ပက်သက်တဲ့ Professional တွေက အမြဲတမ်း လိုအပ်နေတော့ MCSE Certificate Holder အနေနဲ့ အလုပ်လျှောက်ရာမှာ MCSE Certificate ရဲ့ အရေးပါမှုကတော့ အတိုင်းအတာ တစ်ခုအထိ ရှိနေသေးတယ်လို့ဘဲ ဆိုရမှာပါ။
(၂) တက္ကသိုလ်ပညာရေးနဲ့ Professional Certificate ဘယ်ဟာက ပိုကောင်းသလဲ။ (ဘယ် ဟာ အလုပ်ရဖို့ ပိုလွယ်သလဲ)
တကယ်တော့ ဒီ နှစ်ခုက ယှဉ်ရမယ့် အရာကို မဟုတ်တာပါ။ ဆိုခဲ့သလိုဘဲ ဒါနဲ့ ပတ်သက်ပြီး တက်လက်စ တက္ကသိုလ်တွေကို ရပ်ပြီး MCSE Certificate Course ပဲ လုပ်တော့မယ်လို့ ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ Professional Certificate တွေသည် လုပ်ငန်းခွင် ၀င်နိုင်ဖို့အတွက် ကျွမ်းကျင်လက်မှတ် များသာ ဖြစ်ပြီး ဘွဲ့၊ ဒီကရီများ မဟုတ်ပါ။ ဒါ့ကြောင့်လည်း Certificate လို့ခေါ်တာပါ။ ဒါနဲ့ပတ်သက်တဲ့ Master တွေ Ph.D တွေကျတော့ နက်နဲတဲ့ သုတေသနလုပ်ငန်း တွေ Network Protocol တွေ ပြင်ဆင်တာ၊ OS အသစ်တွေထုတ်တာ၊ Search Engine တွေ တီထွင် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ) မှာ အလွန် အသုံးဝင်ပါတယ်။ ဒီနေ့ရာမှာ မေးစရာ မေးခွန်း တစ်ခုရှိပါတယ်။ System Administrator တစ်ယောက် အနေနဲ့ အလုပ်ရဖို့ ဘွဲ့လိုသလား၊ ဆို တဲ့မေးခွန်းပါ။ အခြေအနေပေါ် မူတည်တယ်လို့ ပြန်ဖြေရမှာပါ။
Network Architect ဖြစ်ဖို့၊ Project Implementation Architect ဖြစ်ဖို့အတွက် ကျတော့ CCIE CISCO Certified Internetwork Expert၊ MCA (Microsoft Certified Architect) တွေက ပိုပြီး အသုံးဝင်ပါတယ်။ သူတို့မှာ လိုအပ်တဲ့ အတွေ့အကြုံနဲ့ Certificate Course ကပေးတဲ့ Knowledge တွေရှိပါတယ်။
ကျွန်တော့ အတွေ့အကြုံအရ တက္ကသိုလ်က ပေးလိုက်တဲ့ ဘွဲ့၊ ဒီပလိုမာတွေက အနည်းဆုံး တော့ Work Permit တွေ Employment Permit တွေလျှောက်ရာမှာ လုံးဝ (လုံးဝ) လိုပါတယ်။ (အထူးသဖြင့် စင်္ကာပူမှာအလုပ်မယ့်သူများ)။ သို့ပေမယ့် အလုပ်လျှောက်ရာမှာတော့ Certificate တွေမရှိရင် အင်တာဗျူးခေါ်ဖို့က မလွယ်ပြန်ပါဘူး။ ဒါဆိုရင် ဘွဲလည်းရှိပြီ၊ Professional Certificate ရှိပြီဆိုရင်ရော အလုပ်ရမှာလားဆိုရင် မသေချာဘူးလို့ဘဲ ပြောရမှာပါ။ ဘာလို့လဲ ဆိုတော့ Certificate ရှိပြီး လုံလောက်တဲ့ အလုပ်အတွေ့အကြုံ (Work Experiences) မရှိတာ၊ လိုအပ်တဲ့ လုပ်ငန်းခွင်ဗဟုသုတ (Knowledge) မရှိရင် ရထားတဲ့ Certificate က အလုပ်ရဖို့ ဘာမှ အာမခံချက် မရှိပါဘူး။ ဒီနေရာမှာ အရေးကြီးတာက Certificate ရှိရုံနဲ့ အလုပ်ရဖို့ မလုံ လောက်ဖူးဆိုတာကို ထပ်လောင်းအသိပေးပါရစေ။
ကိုယ်ဘက်က အလုပ်အတွေ့အကြုံ မရှိသေးရင် ကိုယ့် (Knowledge) ကို ခိုင်သထက်ခိုင်မာ အောင်တည်ဆောက်နိုင်ဖို့ အတတ်နိုင်ဆုံး လက်တွေ့ လေ့ကျင့်ခန်းတွေ များများ လုပ်ဖို့ အကြံပြုလိုပါတယ်။ ကျွန်တော်ကိုယ်တိုင် MCSE Certificate Holders အတော်များများနဲ့ ဆုံဖူးပါ တယ်။ဆုံလို့ ၁၀ မိနစ်လောက်ထိုင်ပြီး MCSE အကြောင်းစကားပြောကြည့်လိုက်ရင် သူတို့ရဲ့ ကျွမ်းကျင်မှု အခြေအနေကို အကဲခတ်လို့ ရနိုင်ပါတယ်။ နိုင်ငံခြားမှာရှိတဲ့ Employers တွေ၊ Hr Professional တွေက အတော်လေး ပါနပ်တဲ့သူတွေဖြစ်လို့ သူတို့တွေလည်း အလွယ်တကူပဲ သိကြမှာပါ။ ဒါကြောင့်လည်း Professional Certificate Course တွေပဲ တက်မှာမို့တက္ကသိုလ် ဆက်မတက်တော့ဘူးဆိုတဲ့ အတွေးအခေါ်ကို လုပ်သင့်တဲ့ အလုပ်လို့ ကျွန်တော် လုံးဝ မယုံကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုခဲ့သလိုဘဲ MCSE Certificate က လုပ်ငန်းခွင် ကျွမ်းကျင်မှု အောင်လက်မှတ် အဆင့်ပဲ ဖြစ်ပြီးတော့ ဘွဲ့၊ ဒီကရီတွေကတော့ ပညာရပ်ဆိုင်ရာ လေ့လာမှု အတွက် သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုကို အောင်မြင်ကြောင်း သက်သေခံတဲ့ အထောက် အထားပါ။ လုပ်လို့မရလို့ မဆိုလိုသော်လည်း အတော်လေး ခက်ခက်ခဲခဲနဲ့ လုပ်မှရနိုင်မယ့် အခြေ အနေမှာရှိပါတယ်။ နာမည်ကျော်တက္ကသိုလ်ကြီး တစ်ခုခုမှ Ph.D ရဖို့ နှစ် အတန်ကြာအောင် လေ့လာဆည်းပူး၊ သုတေသနတွေ လုပ်ဖို့လိုအပ်သလိုပါဘဲ၊ Doctorate Of Networking လို့ သမုတ်ကြတဲ့ CCIE တစ်ယောက်ဖြစ်လာဖို့ အနည်းဆုံး လေးငါးနှစ်လောက် မြှုတ်နှံပြီး ကြိုးစား အားထုတ် အလုပ်တွေ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေရှိဖို့လိုအပ်ပါတယ်။
အဲ့ဒီလို အခြေအနေတွေ မရှိသေးဘူး၊ မရှိနိုင်သေးဘူး ဆိုရင် တော့ ဒီ Field မှာ ဘယ်လိုဆက် လုပ်သင့်လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။
(၃) MCSE Certificate Holder ဖြစ်ရန် မခက်ပါဘူး။ မေးခွန်းဟောင်းတွေ Internet မှာရနိုင် ပါတယ်။
မှန်ပါတယ်။ MCSE Certificate Holder ဖြစ်ရန် မခက်ပါဘူး။ မေးခွန်းဟောင်းတွေလည်း Internet မှာ ရနိုင်ပါတယ်။ ဒါပေမယ့် MCSE Certificate Holder တစ်ယောက်ဟာ Certificate ကိုင်ထားရုံ၊ တနည်းအားဖြင့် စာမေးပွဲ အောင်ထားရုံနဲ့ System Engineer (လုံးဝ) မဖြစ်သေးပါဘူး။ ထပ်ပြီး ပြောရရင် MCSE Certificate ဟာ System Engineer တစ်ယောက် ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Certificate တစ်ခုဖြစ်ပေမယ့် ဒါဟာ လိုအပ်ချက်တွေ အများ အပြားထဲ့က လိုအပ်ချက်တစ်ခုသာ ဖြစ်ပါတယ်။
ကျွန်တော် MCSE တစ်ယောက်အနေနဲ့ရော၊ MCSE Course Trainer တစ်ယောက်အနေနဲ့ပါ အလုပ် လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ MCSE On Paper တွေ အတော်လေး တွေ့ခဲ့ဖူးပါတယ်။ MCSE Certificate တော့ ရပါရဲ့ ဒါပေမယ့် System Engineering နဲ့ပတ်သက်လို့ Professional အဆင့် မရှိသေးတဲ့ သူတွေ တွေ့နေရပါတယ်။ ဒါနဲ့ ပက်သက်လို့ ကျွန်တော် စဉ်းစားမိတဲ့အချက်လေး တွေကို ပြန်ဖောက်သည်ချပါရစေ။
ပထမအချက် ကတော့ Professional Vendor သင်ရိုးတွေဟာ လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံကို အပြည့်အ၀ မပေးနိုင်ပါဘူး။ ဒါကလည်း ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ သတ်မှတ်ထား တဲ့ သင်ရိုးညွှန်းတမ်းတွေ ကိုယ်၌ကိုက Skill Based ဆိုတာထက် Exam Based ပိုဖြစ်နေလို့ ပါ။ ဒီနေရာမှာ ထပ်ပြီး တွေ့တဲ့အချက်က ဘယ်လို Training Center တွေ တက်သလဲဆိုတာလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။ ကျွန်တော် သင်တန်းပေးတဲ့ အချိန်တုန်းက ကိုယ်တိုင်ကလည်း MCSE တစ်ယောက်ဖြစ်နေတော့ ဒီလိုအပ်ချက်လေးကို ကောင်းကောင်း သတိပြုမိပါတယ်။ သင်ရိုးညွှန်းတမ်းကို အကောင်းဆုံး၊ အကြေညက်ဆုံး ဖြစ်အောင်သင်ပေးပေမယ့် တချိန်တည်းမှာဘဲ လက်တွေ့ လုပ်နိုင်တဲ့ အခြေလေးတွေကိုလည်း သင်တန်းမှာ အတက်နိုင်ဆုံး ဖန်တီးပေးခဲ့ပါတယ်။ ဒါတောင်မှ သင်တန်းက ပေးလိုက်တဲ့ ``သင်တန်း လက်တွေ့ အတွေ့အကြုံ´´ပဲ ရှိပါသေးတယ်၊ ``လုပ်ငန်းခွင် လက်တွေ့ အတွေ့အကြုံ´´ မဟုတ်သေးပါဘူး။ သို့ပေမယ့်လည်း သင်တန်း အတော်များများကတော့ စာမေးပွဲ့ကို ဦးစားပေးပြီး သင်ကြတာ တွေ့ရပါတယ်။
တကယ့် လက်တွေ့ အတွေ့ကြုံဆိုတာကတော့ Customer တွေနဲ့ ပြဿနာပေါင်း တစ်သောင်း ခြောက်ထောင်လောက် ရှင်းရင်းနဲ့၊ ဒါမှမဟုတ်ရင် အမှန်ကန် Project တစ်ခုကို ကိုယ်တိုင် အစ အဆုံးဝင်လုပ်ယင်းနဲ့သာ ရနိုင်ပါလိမ့်တယ်။ ဒီလို ပြောလို့ Certificate မလိုအပ်လို့ဆိုလိုတာ မဟုတ်ပါဘူး၊ (အလုပ် လျှောက်ဖို့အတွက်၊ လက်တွေ့ လုပ်ငန်းခွင်မှာ အဆင်ပြေဖို့အတွက်) မလုံလောက်သေးဘူးလို့ ဆိုချင်တာပါ။ ဒါ့ကြောင့်လည်း MCSE Course သင်တန်းတွေ တက်နေချိန် မှာ လက်တွေ့ အတွေ့အကြုံတွေ များနိုင်သမျှ များအောင် ကြိုးစား အားထုတ်စေချင်ပါတယ်။ ဒီနေမှာ အသိပေးချင်တဲ့ အချက်တစ်ခုက Network အခြေခံဗဟုသုတ ကောင်းကောင်းရှိတဲ့ လူတစ်ယောက်အနေနဲ့ မေးခွန်းဟောင်းတွေ လေ့လာပြီး ဖြစ်နိုင်တဲ့ အဖြေတွေ ကောင်းကောင်း အလွတ်ကျက်နိုင်ရင် MCSE Certificate ကို ၃ လအတွင်းရနိုင်ပါတယ်။
ဒါကြောင့်မို့ MCSE Certificate Exam ဖြေမယ်ဆိုရင် Paper MCSE တွေမဖြစ်စေဖို့ ကျိုးနွံ့ စွာပဲ တိုက်တွန်းပါရစေ။ အဲ့သလိုမဟုတ်ရင်တော့ လုပ်ငန်းခွင် ၀င်ပြီးတဲ့ နောက်ပိုင်းကြုံလာမယ့် အကျိုးဆက်တွေ ရင်ဆိုင်ကြရပါလိမ့်မယ်။
(၄) MCSE တစ်ယောက်အနေနဲ့ဘ၀ ရပ်တည်နိုင်ပါသလား။ ခိုင်မာတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုလား ။
ဖြစ်နိုင်ပါတယ်။ MCSE နေနဲ့ ရပ်တည်နေတဲ့ မြန်မာတွေ (ကျွန်တော် အပါအ၀င်) ရှိပါတယ်။ သို့ပေမယ့် MCSE Certificate တစ်ခုတည်းနဲ့တော့ လုံးဝ မရပါဘူး။ လုပ်ငန်းခွင်မှာ ရေရှည် ရပ်တည်ဖို့ အတွက်ကတော့ ကြိုးစား အားထုတ်မှု၊ စဉ်ဆက်မပျက် သင်ယူနေမှု၊ အလေ့အကျင့်နဲ့ အတွေ့အကြုံတွေက အမှန်တကယ် လိုအပ်ပါတယ်။ ဆိုခဲ့သလိုဘဲ MCSE Certificate ကိုင်ထားရုံတော့ System Engineer မဖြစ်သေးပါဘူး။ ဘယ်သင်တန်းကျောင်းမှလဲ အကုန်တတ်အောင် ပြည့်စုံအောင် သင်မပေးနိုင်ပါဘူး။ ကာယကံရှင်ရဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှု ပေါ်မှာသာ မူတည်ပါတယ်။
ကျွန်တော့် ကိုယ်ပိုင် အနေနဲ့ကကော MCSE တစ်ယောက်အနေနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုမှာ ရှိနေတယ်လို့ ကိုယ့်ကိုယ်ကို ယူဆတဲ့အတွက် MCSE Certificate Course တွေ လုပ်ခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ ခံစားမိပါကြောင်း

WeSheMe Blog မှ ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။
Ref: http://wesheme.blogspot.sg/2009/09/mcse-certification.html
...
Credit-Programming Wiki 


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...