slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, June 15, 2016

ဝဘ်ဆိုက်ရှိခြင်း၏ အကျိုးအမြတ်များ

၁။ ပုံနှိပ် ကြော်ငြာခြင်းထက် များစွာ စျေးနှုန်း သက်သာခြင်း

အင်တာနက်သည် ပုံနှိပ် ကြော်ငြာခြင်းနှင့် များစွာ ကွာခြားပါသည်။ အင်တာနက်တွင် ဝဘ်ဆိုက် ပြုလုပ်ခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းကို စျေးနှုန်းသက်သာပြီး အချိန်ကြာမြင့်စွာ ကြော်ငြာနိုင်ပါသည်။ မိမိ ဝဘ်ဆိုက် အတွင်းရှိ အကြောင်းအရာများကိုလည်း မိမိကိုယ်တိုင် ပြင်နိုင်၊ ပြောင်းလဲနိုင်ပါသည်။ ကိုယ်ပိုင် ဝဘ်ဆိုက် ရှိသည့်အတွက် လူကြီးမင်း၏ ကုန်ပစ္စည်းကို ကြည့်ရှုသူ များပြားလာစေပါသည်။
ကုန်ကျစရိတ် များသော ပုံနှိပ် မီဒီယာများတွင် အတိုချုံး ရေးသားခြင်းဖြင့် ပုံနှိပ်ခနှင့် စာရွက်ဖိုး သက်သာ စေပါသည်။ သို့သော် ထိုစာရွက်ပေါ်တွင် မိမိတို့၏ ဝဘ်ဆိုက်လိပ်စာကို ထည့်သွင်းပေးပါက ဝယ်ယူသူများမှ အသေးစိတ် အချက်အလက်များကို လူကြီးမင်းတို့၏ ဝဘ်ဆိုက်တွင် လာရောက် ဖတ်ရှုနိုင်သောကြောင့် လူကြီးမင်းတို့၏ ကြော်ငြာ ပိုမို ထိရောက်နိုင်ပါသည်။

၂။ စျေးကွက် ချဲ့ထွင်ခြင်း

အင်တာနက်သည် အကြီးမားဆုံး အတားအဆီး ဖြစ်သော နယ်မြေ ကွာခြားမှုကို ကျော်လွန်နိုင်ပြီး လူကြီးမင်း၏ ဝယ်ယူသူများသည် မည်သည့်နိုင်ငံကမဆို အင်တာနက်ရှိပါက လူကြီးမင်း၏ ကုန်ပစ္စည်းများကို ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သောကြောင့် ဤနည်းအားဖြင့် စျေးကွက် ချဲ့ထွင်နိုင်ပါသည်။

၃။ ၂၄ ၇ ၃၆၅

၂၄ ၇ ၃၆၅ ဆိုသည်မှာ ဝဘ်ဆိုက် ရှိခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းသည် ပိတ်ချိန်မရှိ ၂၄ နာရီ တစ်ပတ် ၃၆၅ ရက် လုံးလုံး လည်ပတ်နေနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသား ရုံးပိတ်ရက်များတွင် ယနေ့ရုံးပိတ်သည် ဆိုသော စာသား အစား "သိလိုသော အချက်များအတွက် အောက်ပါ ဝဘ်ဆိုက်သို့ ဝင်ရောက်လေ့လာပါ" ဆိုသော စာသားနဲ့ မိမိ၏ ဝဘ်ဆိုက်လိပ်စာကို ထည့်ပေးခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းမှာ အချိန်ပြည့် လည်ပတ်နိုင်မည်ဖြစ်ပြီး၊ ဝယ်ယူသူများကို ဆုံးရှုံးခြင်းမှလည်း ကင်းဝေးစေပါသည်။

၄။ ယုံကြည်မှု တိုးမြင့်စေခြင်း

ဝဘ်ဆိုက် တစ်ခုသည် လူကြီးမင်း၏ အကြောင်းနှင့် လူကြီးမင်းသည် ဝယ်ယူသူများ၏ ယုံကြည်မှု၊ စိတ်ချမှု တို့နှင့် ထိုက်တန်ကြောင်း ဖော်ပြခွင့်ကို ပေးပါသည်။ အမှန်အားဖြင့် လူအများစုသည် တစ်စုံတစ်ရာကို မဝယ်ယူမီ သူတို့ ကုန်ကျမည့်တန်ဖိုးမှာ ထိုက်တန်၊ မထိုက်တန် နှင့် အလိမ်အညာ မခံရစေရန် ထိုကုန်ပစ္စည်းအကြောင်းကို အင်တာနက်တွင် ကြိုတင်လေ့လာသော အလေ့အထ ရှိလာကြပြီ ဖြစ်ပါသည်။ အင်တာနက်သည် သဘာဝကျသော စျေးကွက် ချဲ့ထွင်ခြင်း ကိုလည်း ပြုလုပ်ပေးစေပါသည်၊ လူကြီးမင်း၏ ဝဘ်ဆိုက်သို့ လာရောက် လော့လာသူများမှ လူကြီးမင်း ကုမ္ပဏီ၏ အားသာချက်နှင့် ကောင်းကျိုးများကို တစ်ဆင့်ပြန်လည် မျှဝေပါက လေ့လာသူများမှ ချဲ့ထွင်ပေးသော စျေးကွက်ကိုလည်း ရရှိ ခံစားနိုင်မည် ဖြစ်ပါသည်။

၅။ လူကြီးမင်း၏ ရုံးခန်းတည်နေရာကို ရှာဖွေရ လွယ်ကူစေခြင်း

ပုံမှန် လိပ်စာတစ်ခုကို ရှာဖွေရာတွင် လမ်းမှားခြင်း၊ သွားလာရ ခက်ခဲခြင်း၊ ရှာဖွေရ ခက်ခဲခြင်း တို့သည် ဝယ်ယူသူများကို စိတ်ပျက်စေပါသည်။ ဝဘ်ဆိုက် ရှိခြင်းအားဖြင့် လူကြီးမင်း၏ ဝဘ်ဆိုက်ပေါ်တွင် လမ်းနံပါတ်များနှင့် အမှတ်အသားများ ပါသော လမ်းညွှန်မြေပုံ ထည့်သွင်းပေးထားခြင်းဖြင့် ဝယ်ယူသူများမှ ရုံးသို့လာရောက်သည့်အခါ ထိုမြေပုံကို စာရွက်ပေါ်တွင် print ထုတ်၍ ရှာဖွေနိုင်သောကြောင့် လူကြီးမင်း၏ ရုံးခန်းကို အလွယ်တကူ ရှာတွေ့စေနိုင်ပါသည်။
လူကြီးမင်း၏ ရုံးခန်း နေရာရွှေ့ပြောင်းသည့် အခါတွင်လည်း ဖုန်းလမ်းညွှန်နှင့် အခြားအရာများကို စောင့်ဆိုင်းရခြင်းကြောင့် ဝယ်ယူသူများအား လက်လွှတ်ဆုံးရှုံးရနိုင်ပါသည်။ သို့သော် ဝဘ်ဆိုက်သည် ပြောင်းလဲရ လွယ်ကူသောကြောင့် လူကြီးမင်းတွင် ကိုယ်ပိုင် ဝဘ်ဆိုက် ရှိပါက လူကြီးမင်း၏ ရုံးလိပ်စာနှင့် အခြား ဆက်သွယ်ရန် အချက်အလက်များကို ဝဘ်ဆိုက်တွင် အလွယ်တကူ လူကြီးမင်းကိုယ်တိုင် ပြောင်းလဲနိုင်သောကြောင့် ကုမ္ပဏီ၏ ဝယ်ယူ အားပေးသူများကို ဆု့းရှုံးခြင်းမှ ကင်းဝေးစေပါသည်။

၆။ လုပ်ငန်း ကြီးထွားရန် အခွင့်အလမ်း

လူကြီးမင်း၏ ဝဘ်ဆိုက်ကို ကြည့်ခြင်းအားဖြင့် လူကြီးမင်း၏ ကုမ္ပဏီ အကြောင်း၊ ကုမ္ပဏီ၏ အောင်မြင်မှုများနှင့် အနာဂတ်တွင် ရရှိနိုင်သော အောင်မြင်မှု များကို သိရှိနိုင်သည့်အတွက် အကျိုးတူ ပူးပေါင်း လုပ်ကိုင်လိုသူများကိုလည်း ဖိတ်ခေါ်ရာရောက်ပါသည်။ ထို့ကြောင့် ကုမ္ပဏီ ကြီးထွားရန် အခွင့်အလမ်းများ ကိုလည်း ရရှိစေနိုင်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...