slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, September 28, 2016

Google Search ကို သုံးတဲ့အခါ

Google Search ကို အသုံးပြုတဲ့အခါ လိုချင်တဲ့ Result ကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ဖို့ ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
1. I am Feeling Lucky
မူရင်း Website ကို ရောက်ဖို့ရာ အသုံးပြုလိုတဲ့အခါမျိုးမှာ "I am Feeling lucky" ကို သုံးသင့်တယ်လို့ ဆိုပါတယ်။ 
ဗွီဒီယို File မှာတော့ Apple ဆိုတဲ့ စကားလုံးကို Google Search မှာ ရိုက်ထည့်လိုက်ပြီးနောက် "I am Feeling lucky" ကို နှိပ်လိုက်တဲ့အခါ မူရင်း Website ကို ရောက်ရှိသွားတာကို ပြသထားပါတယ်။
Software တွေ Download လုပ်တဲ့အခါ မူရင်း Website မှ ရယူချင်တဲ့အခါမျိုးမှာ အသုံးဝင်မယ်လို့ ယူဆမိပါတယ်။
2. Using Range
ဒီနည်းက Range သတ်မှတ် ရှာတဲ့နည်းတစ်ခုပါ။ 
ဥပမာ Smartphone နောက်က ခန့်မှန်းတန်ဖိုး $100 ... $300 စသည်ဖြင့် ရိုက်ထည့် ရှာဖွေနိုင်တယ်လို့ ဆိုပါတယ်။
3. Uisng Quotation in Google
"" ဒီ အဖွင့် အပိတ်လေး နှစ်ခုဟာ Google မှာ ဖေါ်ပြပေးထားတဲ့ Result အရေအတွက်ကို အများကြီး လျှော့ချ ရှာဖွေ ပေးနိုင်ပါတယ် လို့ ဆိုပါတယ်။
ဥပမာ "Programming" လို့ ရှာတဲ့ အရေအတွက်က ရိုးရိုး Programming လို့ ရိုက်ရှာလို့ ရတဲ့ Result ထက် ပိုတိကျ သလို ပိုနည်း ပါတယ်။
လက်တွေ့ စမ်းသပ်ချက်အရ တကယ် အသုံးဝင်ပါတယ်။
4. File type:pdf
You can specify the file format in your search လို့ ဆိုထားပါတယ်။ 
ဒီနည်းကတော့ Google က PDF, Docx စသည်ဖြင့် ရှာဖွေချင်တဲ့ အခါ အသုံးဝင်မယ့်နည်း ဖြစ်ပါတယ်။ 
File Type: pdf 
File Type: Docx 
စသည်ဖြင့် လိုသလို ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။
5. Word Definitions
ဒါကတော့ စကားလုံးတွေကို အဓိပ္ပါယ် တိတိကျကျ သိချင်တဲ့အခါ သုံးလေ့ရှိပါတယ်။ 
define: technology စသည်ဖြင့် define : နောက်က သိချင်တဲ့ စကားလုံးကို ရိုက်ထည့်ရှာဖွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
6. Google Converter
ဒါကတော့ Units Of Measurement ( အတိုင်းအတာတွေ ) သိလိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။
အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
Credit - Stringlive < SE/sg >

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...