ဘ၀မှာ တိုးတက်ချင်တဲ့သူတွေ ရှိပါလိမ့်မယ် …။ တိုးတက်ချင်ရင် တိုးတက်ကြီးပွားသွားသူတွေရဲ့ အမူအကျင့်တွေက ဘာတွေလဲဆိုတာ စနည်းနာဖို့ လိုသလို၊ လိုက်နာဖို့လည်း လိုပါတယ်။ အဲဒီအရာတွေများစွာနဲ့ ဘ၀မှာ လက်တွဲဖြုတ်ပစ်
သင့်တဲ့ သူငယ်ချင်း (၅)မျိုးအကြောင်းကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
သင့်တဲ့ သူငယ်ချင်း (၅)မျိုးအကြောင်းကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အတ္တကြီးတဲ့ သူငယ်ချင်း
အတ္တကြီးတဲ့သူဆိုကတည်းက သင့်အတွက် သူ့ဆီက ဘာမှ ရဖို့မမျှော်လင့်ပါနဲ့။ သူနဲ့ သင် ပေါင်သင်းနေရခြင်းဟာ သင့် ရှိတာတွေ ပေးနိုင်သလောက် ပေးဖို့နဲ့ သင်လုပ်ပေးနိုင်တာတွေ လက်လှမ်းမီသလောက် လုပ်ပေးဖို့ပါဘဲ။ ဒါပေမယ့် ဒီလိုလူတွေက သင့်ကို အမြဲတမ်းမလိုအပ်ပါဘူး။ လိုတစ်မျိုး မလိုတစ်မျိုးလူသားတွေပေါ့။
(၂) မယုံကြည်ရတဲ့ သူငယ်ချင်း
မယုံကြည်ရခြင်းတွေ များစွာရှိပါတယ်။ အဓိကကတော့ စာရိတ္တပိုင်း မယုံကြည်ရရင် အပေါင်းအသင်း မလုပ်ပါနဲ့။ ကိုယ်မရှိလို့ ကိုယ့်ချစ်သူ ကြောင်တောင်နှိုက်မယ့် သူငယ်ချင်းမျိုး၊ ကိုယ့်ကွယ်ရာမှာ မကောင်းကြောင်း ထုမယ့် သူငယ်ချင်းမျိုး၊
ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့် သူငယ်ချင်းမျိုးဖြစ်နေရင် မပေါင်းပါနဲ့။
ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့် သူငယ်ချင်းမျိုးဖြစ်နေရင် မပေါင်းပါနဲ့။
(၃) အကြောင်းပြချက်ပေးလွန်းတဲ့ သူငယ်ချင်း
အကြောင်းပြချက်ပေးလွန်းတဲ့ သူတွေဟာ ဉာဏ်နီဉာဏ်နက် အလွန်များပြီး သူများအပေါ်မှာ မကောင်းကြံရမှာနဲ့ ကောက်
ကျစ်ရမယ့်ကိစ္စမျိုးဆိုရင် နှစ်ယောက်မရှိအောင် ထူးချွန်သူတွေဖြစ်ပါတယ်။ တစ်ခါတလေ သင် ကြုံဖူုးပါလိ့မ်မယ် … ငွေ တစ်ရာစ နှစ်ရာစ ကိုယ်ကယူမိလို့ အတင်းမရမက တောင်းတဲ့ သူငယ်ချင်းမျိုး၊ သူတို့ပေးစရာရှိတဲ့ ငွေ တစ်ထောင်စ နှစ်
ထောင်စကိုကျတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ငြင်းတယ်၊ ဖျောင်တယ်၊ ကွယ်တယ်ဆိုတဲ့ သူငယ်ချင်းမျိုးတွေပေါ့။

(၄) ယုံကြည်မှုကို ဖျက်ဆီးတဲ့သူငယ်ချင်း
သင့်ရဲ့ယုံကြည်မှုကို ဖျက်ဆီးတဲ့သူငယ်ချင်း၊ ဖျက်ဆီးဖို့ ကြိုးစားတဲ့ သူငယ်ချင်းဆိုရင်လည်း မပေါင်းသင်းပါနဲ့။ နောင်
တစ်ချိန်မှာ ဒီလိုလူပေါင်းသင်းမိလို့ ငါးပါးမှောက်တာပါလား-ဆိုပြီး ယူကြုံးမရ နောင်တကို မပိုင်ဆိုင်ချင်ရင် စောစောက
တည်းက ကြည့်ပြီး ပေါင်းသင်းတတ်အောင် လုပ်ထားပါ။
တစ်ချိန်မှာ ဒီလိုလူပေါင်းသင်းမိလို့ ငါးပါးမှောက်တာပါလား-ဆိုပြီး ယူကြုံးမရ နောင်တကို မပိုင်ဆိုင်ချင်ရင် စောစောက
တည်းက ကြည့်ပြီး ပေါင်းသင်းတတ်အောင် လုပ်ထားပါ။
(၅) မကောင်းတဲ့အကြံကိုသာ ပေးလေ့ရှိတဲ့သူငယ်ချင်း
တစ်ချို့လူတွေကတော့ တလွဲအကြံတွေ ပေးတတ်ပါတယ်။ ဥပမာ ကိုယ်က ဒုက္ခရောက်လို့ အကူအညီတောင်းတဲ့အခါ သူတို့က ဒုက္ခပိုရောက်သွားအောင် ရေနစ်သူ ၀ါးကူနှစ်တဲ့သူတွေ ရှိပါတယ်။ တစ်ခါတလေ ကိုယ့်အကျိုး လိုလားသယောင်နဲ့ ကိုယ်ကျိုးနည်းဖြစ်သွားအောင် လုပ်တဲ့သူတွေ ရှိပါတယ်။ ဉာဏ်ပညာဖြင့် ရှောင်ရှားနိုင်ပါစေ။
Credit - shwemomsource : lovepanky.com
No comments:
Post a Comment