slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, November 23, 2016

2017 မှာ အသစ်ထွက်ရှိမယ့် iPhone အသစ်က ဘယ်လိုဖြစ်မလဲ

2017 မှာ အသစ်ထွက်ရှိမယ့် iPhone အသစ်ဟာ လတ်တလောထွက်ရှိထားတဲ့ iPhone 7 ထက်ပိုပြီး စိတ်ဝင်စားခံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ 2017 ခုနှစ်ဟာ iPhone ထွက်ရှိခဲ့တဲ့ (၁၀) နှစ်ပြည့်တဲ့ နှစ်ဖြစ်ပြီး Apple အနေနဲ့ 2017 iPhone ကို အလန်းကြီးထုတ်မယ်လို့ သတင်းထွက်ပေါ်နေလို့ပါပဲ။ ဒါဆိုရင် 2017 iPhone အကြောင်း လောလောဆယ် ထွက်ပြီးသမျှ ကောလဟာလတွေဟာ ဘာတွေများလဲ.. 

iPhone အသစ်ဟာ 7 ရဲ့ “S” Model မဟုတ်ပါဘူး တဲ့..

ပုံမှန်အားဖြင့် Apple ဟာ iPhone အမျိုးအစားတစ်မျိုး ထွက်ရှိပြီးတိုင်း S Model အဖြစ် ထုတ်လေ့ရှိပါတယ်။ ဒါပေမယ့် အသစ်ထွက်ရှိမယ့် မော်ဒယ်ဟာ 7s မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ iPhone 8 အဖြစ် ထွက်နိုင်ချေရှိပြီး (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် iPhone 10 လို့ အမည်ပေးရင်လဲ ပေးနိုင်တယ်လို့ ဆိုပါတယ်။


အရှေ့ဖက်မျက်နှာပြင် အပြည့်နဲ့ ထွက်ရှိနိုင်ပြီး ဘောင်တွေ မပါဝင်တော့တဲ့ဒီဇိုင်းမျိုး ဖြစ်နိုင်ပါတယ်.. 
ဒါဆိုရင်တော့ အရမ်းမိုက်တဲ့ ဒီဇိုင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။ လတ်တလောမှာတင် အသစ်ကြေညာထားခဲ့တဲ့ Xiaomi ရဲ့ Mi MIX ဟာ ရှေ့မျက်နှာပြင် အပြည့်ပုံစံနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး Apple ရဲ့ ဖုန်းအသစ်မှာလဲ ဒီလိုပုံစံမျိုးနဲ့ ထွက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
Aluminum Frame အသုံးပြုထားနိုင်ပြီး ကျောဘက်ကို ဖန်သားအသုံးပြုထားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်..

iPhone အသစ်ရဲ့ ကျောဘက်ဟာ 4 နဲ့ 4s တုန်းကလိုပဲ ဖန်သားအသုံးပြု တည်ဆောက်ထားဖို့ ရှိတယ်လို့ ခန့်မှန်းထားကြပြီး body ကိုလဲ Aluminum နဲ့ အသုံးပြုထားနိုင်ချေရှိတယ်လို့ ဆိုပါတယ်။
Stainless Steel သုံးထားမယ့် Pro version တစ်မျိုးလဲ ထုတ်နိုင်ချေရှိပါသတဲ့..
 အသစ်ထွက်ရှိမယ့် iPhone ဟာ Screen size (၃) မျိုးနဲ့ ထွက်နိုင်ပြီး ဈေးအကြီးဆုံး Pro version ကိုတော့ Stainless Steel frame နဲ့  တည်ဆောက်ထားမယ်လို့ဆိုပါတယ်။ Pro version ရဲ့ မျက်နှာပြင်ဟာ 5.8 လက်မ ရှိမှာဖြစ်တဲ့အတွက် ပိုမိုကြီးမားမယ်လို့ ဆိုထားပါတယ်။
အခြားသတင်းတစ်ခုမှာတော့ 5 လက်မအရွယ် မော်ဒယ်သစ်တစ်ခု ပါဝင်မယ်လို့ ဆိုပါတယ်..

အခြားသတင်းတစ်ခုအရဆိုရင်တော့ Pro version ထုတ်ဖို့မရှိဘဲ 5 လက်မအရွယ် ဖုန်းတစ်မျိုးထုတ်လုပ်မယ်လို့ ဆိုပါတယ်။ တကယ်လို့ မှန်ခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ရွေးချယ်စရာအနေနဲ့ 4 လက်မအရွယ် SE, 4.7 လက်မအရွယ်၊ 5 လက်မအရွယ်နဲ့ 5.5 လက်မအရွယ်တွေ ရှိလာမှာဖြစ်တဲ့အတွက် ရွေးချယ်စရာပိုများလာမှာ ဖြစ်ပါတယ်။
Home ခလုတ်ကို ဖျောက်ပစ်မယ် လို့ဆိုပါတယ်..

Home ခလုတ်ဟာ အထဲကို ဝင်သွားမှာဖြစ်ပြီး အရှေ့ဘက်ဖန်သားမျက်နှာပြင်ထဲမှာ မြှုပ်နှံပါဝင်မယ်လို့ ဆိုပါတယ်။ Home ခလုတ်နဲ့အတူတူ လက်ဗွေဖတ်စနစ်ဟာလဲ အတူတူပါဝင်သွားမယ်လို့ သိရပြီး မမြင်နိုင်တဲ့ ခလုတ်တစ်ခုအဖြစ် ဖန်တီးထားမှာဖြစ်တယ်လို့ သတင်းရထားပါတယ်။
Display ပိုကောင်းလာမယ်..

အခုလက်ရှိ iPhone တွေမှာ အသုံးပြုထားတဲ့ LCD Display ကို မသုံးတော့ဘဲ AMOLED Display ကို အသုံးပြုမှာဖြစ်တဲ့အတွက် Display ပိုင်း ပိုမိုကောင်းမွန်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။ အခြားသတင်းတစ်ခုအရတော့ OLED Display တွေကို အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။
Wireless Charging နည်းပညာ ပါဝင်လာဖို့ရှိပြီး Headphone Jack ပါဝင်မှာမဟုတ်ပါဘူး…
အသစ်ထွက်ရှိမယ့် iPhone မှာ Wireless charging လို့ခေါ်တဲ့ ကြိုးမဲ့အားသွင်းနည်းပညာ ပါဝင်မှာဖြစ်ပြီး iPhone 7 မှာ မပါဝင်တော့တဲ့ Headphone Jack လဲ ပါဝင်တော့မှာမဟုတ်ပါဘူး..
ဒါတွေကတော့ လတ်တလော သိရှိထားပြီးဖြစ်တဲ့ သတင်းများအရ အသစ်ထွက်ရှိလာမယ့် iPhone အကြောင်း ခန့်မှန်းချက်များ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်တွေထဲက ဘယ်နှခုလောက် မှန်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Credit - အောင်မွန်ချမ်း (အခရာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...