slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Monday, March 14, 2016

ခင်ပွန်းကောင်းတစ်ယောက် ဖြစ်ဖို့အတွက် လိုအပ်သည့် အချက်များ

၁) မိသားစုကို ပျော်အောင်ထားနိုင်သူ ခင်ပွန်းကောင်း တစ်ယောက်ဆိုတာနဲ့ မိသားစုကို ပျော်ရွှင်အောင် ထားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ မိသားစုကို စိတ်ဆင်းရဲအောင် ထားမယ်ဆိုရင်တော့ ခင်ပွန်းကောင်းတစ်ယောက် မဟုတ်တော့ဘူးပေါ့။
၂) အပျော်အပါး ကြိုက်ချင်ကြိုက်ပါစေ သို့သော် တာဝန်မပျက်ပါစေနဲ့ မိသားစု အပေါ်ကို တာဝန်ကျေပွန်ဖို့က ခင်ပွန်ကောင်း တစ်ယောက်အတွက် လိုအပ်ပါတယ်။ အသောက်အစား အပျော်အပါး ကြိုက်ရင် လိုက်စားပါ ရပါတယ် ဒါပေမယ့် မိသားစု အတွက် တာဝန်ကိုတော့ ကျေပွန်ပါစေ။
၃) မိတ်ဆွေ သူငယ်ချင်း များများထားပါ သို့သော် မဖောက်ပြန်မိပါစေနဲ့ အလုပ်ကိစ္စများကြောင့် မိတ်ဆွေ အပေါင်းအသင်း များများ ထားလို့ ရပါတယ်။ သို့သော် ခင်ပွန်ကောင်း တစ်ယောက်အဖို့ နောက်ကွယ်ကနေတော့ မဖောက်ပြန် မိပါစေနဲ့။ ဖောက်ပြန်ခြင်းဟာ အိမ်ထောင်တစ်ခုကို ပြိုကွဲစေနိုင်ပါတယ်။
၎) ဝင်ငွေနည်းချင် နည်းပါစေ သို့သော် ရိုးသားသော ဝင်ငွေ ဖြစ်ပါစေ ခင်ပွန်းကောင်း တစ်ယောက်အနေနဲ့ မိသားစုအတွက် ငွေရှာတဲ့ အခါမှာ ဝင်ငွေနည်းလို့ သိပ်ပြီး မကြောက်ပါနဲ့။ ဝင်ငွေနည်းပေမယ့် မိသားစုကို ပျော်အောင် ထားလို့ရနိုင်ပါတယ်။ သို့သော် မရိုးမသားစွာ ရှာဖွေပြီးတော့ မိသားစုကို ပျော်အောင်မထားစေလိုပါဘူး။

 ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...