အလုပ်တစ်ခုတည်းကိုပဲ နေ့စဉ်လုပ်နေခြင်းက ကြာရင်ငြီးငွေ့လာတတ်ပါတယ်။ ဒါကဖြစ်တတ်တဲ့ သဘာဝပါ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ စိတ်ပါဝင်စားနေဖို့ဆိုတာ လူတော်တော်များများ ရုန်းကန်နေရတဲ့ အရာတစ်ခုပါ။ ကိုယ့်အလုပ်မှာ စိတ်ပါဝင်စားနေဖို့ ဘယ်လိုလုပ်ရမလဲ။
၁။ အကောင်းမြင်နေခြင်းဟာ စိတ်ပါဝင်စားစွာရှိနေဖို့ ပိုလွယ်ကူပါတယ်။ အလုပ်မှာပျော်ရွှင်နေရင် အလိုလိုကိုစိတ်ပါလာမှာပါ။ အလုပ်လုပ်နေစဉ်အတွင်းမှာ မကြာမကြာအနားယူပေးပါ။
၂။ ကိုယ်ပုံမှန်လုပ်နေကျအလုပ်တွေကို ရံဖန်ရံခါပြောင်းလဲလိုက်ပါ။ အလုပ်လုပ်နေရင်းနဲ့ နားထောင်ဖို့ တခြားသူတွေကို သီချင်းရွေးခိုင်းကြည့်ပါ။ အဆိုတော်အသစ် ပြောင်းနားထောင်တာမျိုးဖြစ်ဖြစ်ပေါ့။
၃။ ၂နာရီ၊ ၃နာရီခြားတစ်ခါကို ၁၀မိနစ်လောက်အနားယူပေးပါ။
အနားယူနေချိန်တွင်းမှာ သင်က-
- လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နှင့် စကားပြောတာမျိုး
- အနီးအနားကို ကော်ဖီထွက်ဝယ်တာမျိုးဖြစ်ဖြစ် အလုပ်စားပွဲမှာထိုင်ရင်းနဲ့ လေ့ကျင့်ခန်းအသေးစားလုပ်တာမျိုးဖြစ်ဖြစ်လုပ်တာမျိုးပြုလုပ်ပါ။
- သင်ကြိုက်နှစ်သက်တဲ့ အကြောင်းအရာနဲ့ ပက်သတ်တဲ့ ဆောင်းပါးတွေဖတ်တာမျိုးတို့ လုပ်ကြည့်ပါ။

၎။ မိမိကိုယ်ကို ဂရုစိုက်ပါ။
အလုပ်မှာစိတ်ပါခြင်းမပါခြင်းက သင်ကသင့်အလုပ် ဒါမှမဟုတ် သင့်လုပ်ဖော်ကိုင်ဖက်တွေကို သဘောမကျလို့မဟုတ်ပဲ သင့်ခန္ဓာကိုယ်က ပင်ပန်းတဲ့ဒဏ်ကို မခံနိုင်လို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူကပင်ပန်းနွမ်းနယ်နေမယ်ဆိုရင် ဘာကိုမှလဲစိတ်ပါတော့မှာမဟုတ်ပါဘူး။
- တစ်ရက်ကို အိပ်ချိန် ၆-၈နာရီထိရှိပါစေ။
- ရေဓာတ်ခန်းခြောက်မသွားဖို့ အလုပ်လုပ်နေစဉ်မှာ ရေတစ်ဘူးအနားမှာထားထားပါ။
- တစ်ရက်ကို အနည်းဆုံးမိနစ် ၃၀ လောက်နဲ့ တစ်ပတ်ကို ၄-၆ ရက်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။
- တစ်ရက်ကို အိပ်ချိန် ၆-၈နာရီထိရှိပါစေ။
- ရေဓာတ်ခန်းခြောက်မသွားဖို့ အလုပ်လုပ်နေစဉ်မှာ ရေတစ်ဘူးအနားမှာထားထားပါ။
- တစ်ရက်ကို အနည်းဆုံးမိနစ် ၃၀ လောက်နဲ့ တစ်ပတ်ကို ၄-၆ ရက်လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။
၅။ သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းရင်းနှီးနှီးနေပါ။
အလုပ်မှာ ကိုယ့်ကိုထောက်ပံ့မယ့်သူတွေရှိခြင်းက လူတွေကို တက်ကြွစေပါတယ်။ တစ်စုံတစ်ယောက်က အလုပ်မှာတော်နေရင် သူသိအောင်ချီးကျူးပေးပါ။ တစ်ယောက်ယောက်က ဝမ်းနည်းနေပုံပေါက်ရင် မေးမြန်းပြီး အားပေးပါ။ နောက်ပိုင်းမှာ သင့်ကိုလည်း အလားတူပြန်တုံ့ပြန်လာကြပါလိမ့်မယ်။
၆။ အကယ်၍ သင့်အလုပ်မှာ သင်မက်လောက်အောင် ဆွဲထားနိုင်တဲ့အရာမျိုးလဲမရှိဘူး၊ သင်ကိုယ်တိုင်ကလည်း ဘယ်လိုမှ စိတ်မပါတော့ဘူးဆိုရင် ကိုယ်စိတ်ဝင်စားမဲ့အလုပ်မျိုး ဒါမှမဟုတ် နောက်ရာထူးတစ်မျိုးပြောင်းလုပ်တာမျိုးလုပ်ဖို့ လိုလာပါပြီ။
Credit - MyJobs.com.mm
No comments:
Post a Comment