slider text


မင်္ဂလာပါခင်ဗျာ...Htun Reader ဘလော့မှ ကြိုဆိုပါတယ်...သတင်း ပို့ စ် အသစ်များ မတင်နိုင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်..လာရောက်လည်ပတ်တဲ့အတွက် အထူးကျေးဇူးတင်လျက်ပါ....

bannner animate

Wednesday, November 16, 2016

Windows မှာ အလုပ်ပိုမိုတွင်ကျယ်စေတဲ့ အသုံးဝင် Shortcut တစ်ချို့

Windows မှာ အလုပ်တွေကို လျင်မြန်စွာ ပြီးမြောက်စေတဲ့ shortcut ပေါင်းများစွာကို ထားရှိပေးထားပါတယ်။ လျင်မြန်စေတဲ့ shortcut မှန်သမျှဟာ သင့်လက်ချောင်းတွေ အောက်မှာသာရှိပြီး သိထားမယ်ဆိုလို့ ရှိရင်တော့ အကျိုးရှိလှပါတယ်။ ဒါပေမယ့် တစ်ချို့ shortcut တွေကို သတိမထားမိတာမျိုးတွေ ရှိတတ်လို့ လူသုံးနည်းပြီး အသုံးဝင်မယ် ထင်တဲ့ shortcut တစ်ချို့ကို စုစည်းပေးလိုက်ပါတယ်။

 

F2

File တစ်ဖိုင် (သို့) file တွေအများကြီးကို rename လုပ်လိုတဲ့ အခါ select-> right click -> rename စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။ Rename ပေးတဲ့ shortcut ကို သိထားမယ်ဆိုရင်တော့ ပိုမိုလွယ်ကူပါတယ်။ F2 က ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ Rename ပေးလိုတဲ့ file ကို ရွေးပြီး F2 သာနှိပ်လိုက်ရုံပါပဲ။

CTRL+ Drag

ဖိုင်တွေ တစ်နေရာမှ တစ်နေရာကို copy လုပ်လိုတဲ့ အခါ drag လုပ်ပြီး ဖိုင်တွေကို ကူးယူလေ့ရှိပါတယ်။ ဒါပေမယ့် မူလ file ရဲ့ တည်နေရာနှင့် ကူးယူမယ့် နေရာက drive တစ်ခုထဲဖြစ်နေတဲ့ အခါမှာတော့ copy မဖြစ်ပဲ move ဖြစ်ပြီး မူလဖိုင်က နေရာသစ်ကို ရောက်သွားပါတော့တယ်။ အဲ့လိုမျိုးတွေ ကြုံလာတဲ့အခါ CTRL ကို ဖိပြီး drag လုပ်မယ်ဆိုရင်တော့ copy ပဲဖြစ်ပါလိမ့်မယ်။

Shift + Drag

ခုနကလို ဖိုင်ကို copy လုပ်လိုတာမဟုတ်ပဲ တစ်ခါထဲ move လုပ်လိုတယ် ဆိုရင်တော့ Shift + drag ကို အသုံးပြုနိုင်ပါတယ်။ သူက drive မတူရင်တော့ copy မဖြစ်ပဲ တစ်ခါတည်း file ကို ရွှေ့ပေးသွားပါတယ်။

Alt+ Drag

File တစ်ခု၊ folder တစ်ခုကို shortcut လုပ်လိုတဲ့အခါ Right click -> New -> Shortcut သို့ အဆင့်ဆင့် သွားပြီး ပြုလုပ်လေ့ရှိပါတယ်။ ဒီ့ထက်ပိုပြီး လျင်မြန်တဲ့ နည်းကတော့ shortcut ရယူလိုတဲ့ file၊ folder တစ်ခုခုကို ALT နှင့်တွဲ ပြီး drag လုပ်လိုက်မယ်ဆိုလျှင် လွယ်ကူစွာနှင့် shortcut တစ်ခုဖြစ်သွားပါတယ်။

Shift + Click

သင် ဖွင့်ထားပြီးသား application တစ်ခုကို နောက်ထပ် window အသစ်ထပ် ခေါ်လိုတဲ့အခါ Taskbar ပေါ်ရှိ ထို application ပေါ်သို့ Shift နှင့်တွဲပြီး click နှိပ်ကာ ခေါ်ယူနိုင်ပါတယ်။ ဥပမာ- သင် browser ကိုဖွင့်ထားပြီး နောက်ထပ် browser window တစ်ခု ထပ်ဖွင့်လိုတဲ့ အခါ ဒီ shortcut ကို အသုံးပြုပြီး လုပ်ဆောင်နိုင်ပါတယ်။ Multiple instances ကို support လုပ်တဲ့ application တွေမှန်သမျှကို ဒီနည်းနှင့် အသုံးပြုနိုင်ပါတယ်။

CTRL + Click
Shift+click ကို အသုံးပြုပြီးတော့ ဖြစ်စေ application တစ်ခုထဲကို multiple windows တွေ ဖွင့်လိုက်တဲ့ အခါ widow တစ်ခုကနေ တစ်ခုကို ပြောင်းလဲပြီး အသုံးပြုရတာ အမြင်ရှုပ်ထွေးနိုင်ပါတယ်။ Taskbar ပေါ်ရှိ Application ကို CTRL + click အသုံးပြုခြင်းဖြင့် Application တစ်ခုရဲ့ multiple window တွေကို တစ်ခုပြီး တစ်ခု ပြောင်းလဲ သွားနိုင်ပါတယ်။

CTRL + F5
Web page တစ်ခုကို refresh လုပ်ရာမှာ local cache တွေကိုပါ မကျန်ရှင်းလင်းပစ်ချင်တယ် ဆိုလျှင် CTRL + F5 ကို အသုံးပြုနိုင်ပါတယ်။ ပုံမှန် F5 keyword တစ်ခုတည်းထက် သာလွန်တာကတော့ web page ကို အသစ်အနေဖြင့် server မှ ပြန်လည်ခေါ်ယူပေးတာပါပဲ။

ALT + Double Click or ALT + Enter

File တစ်ခု၊ folder တစ်ခုပေါ်သို့ ALT+Double Click နှိပ်လိုက်မယ်ဆို ထို file၊ folder ရဲ့ properties window ကို ဖွင့်ပေးပါတယ်။ File တွေ folder တွေရဲ့ properties တွေ ကို လျင်မြန်စွာ access လုပ်လိုတဲ့ အခါ အသုံးဝင်လှပါတယ်။

CTRL+Double Click or CTRL+ Enter
Windows explorer ထဲမှာ folder တစ်ခုကို နောက် window တစ်ခုမှာ ဖွင့်လိုလျှင် CTRL+ Double Click သို့မဟုတ် file ကို select ပေးပြီး CTRL+Enter ကို နှိပ်ပြီး ဖွင့်နိုင်ပါတယ်။

Win+T
Win+T ကို အသုံးပြုပြီး taskbar ပေါ်ရှိ application icon တွေကို တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသွားလာ နိုင်ပါတယ်။ Taskbar မှ pin ထားတဲ့ app တွေကို ခေါ်သုံးရာမှာ mouse အကူအညီမလိုပဲ keyboard ဖြင့်သာ လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်။

CTRL+Shift+Arrow Keys
Document တစ်ခုခုကို edit လုပ်တဲ့ အခါ ဒါမှမဟုတ် တစ်ခုခု ရေးနေတုန်း စာပုဒ်တွေ စာကြောင်းတွေကို select မှတ်ဖို့လိုတဲ့ အခါ အများစုကတော့ Shift+Arrow Keys ကိုသာ အသုံးပြုကြတာ များပါတယ်။ Shift+Arrow Keys အစား CTRL+Shift+Arrow Keys ကို အသုံးပြုမယ်ဆို ပိုမိုမြန်ဆန်ပါလိမ့်မယ်။ သူက စာကြောင်းတွေ စာပိုဒ်တွေကို တစ်ခုချင်းစီမဟုတ်ပဲ အပိုဒ်လိုက် အတွဲလိုက် select မှတ်ပေးလို့ပါပဲ။
Credit - SoftGuide

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...